"ဒါ ဘယ်သူလဲ bae "
ဆယ်ဟွန်းက နှစ်ဝက်လောက်မှ Daddyကျေးဇူးနဲ့ ကျောင်းစတတ်တာဆိုတော မမှီတဲ့ စာတွေကို အတန်းထဲက စာအတော်ဆုံးကျောင်းသားဆီမှ ပြန်ရှင်းပြဖို့ အကူအညီတောင်းနေတုန်း ရောက်ချလာတဲ့ daddy။
မျက်နာကြီးကလဲ စူပုတ်လို့။ ခုတစ်လောDaddy အရမ်း ကလေးဆန်နေပါသည်။
"သူကKrisတဲ့ Daddy..
Bae စာမမှီလိုက်တာတွေ သူ့ကို ရှင်းပြခိုင်းရမှာမို့ အားတဲ့ အချိန်မေးနေတာ "
"ပီးရော ကားနားမှာစောင့်နေပေးမယ် "
သေချာတောင် မိတ်ဆက်မပေးရသေးဘူး။ ချက်ခြင်း ကားနာကို လျှောက်သွားပြန်သည်။
Daddyရဲ့ ရာသီဥတု အခြေအနေ မကောင်းတာကို ရိပ်မိတာကြောင့် စကားစကို အမြန် ဖြတ်ရသည်။
"ဟို Kris အဲ့တာဆို ကျောင်းပိတ်ရက်မှာ တွေ့မယ်နော် သွားခွင့်ပြုပါဦး "
ကားအပြင်မှာပဲ ရပ်စောင့်နေဆဲ ဖြစ်တဲ့ Daddyဆီကို အမြန်ပြေးသွားလိုက်သည်။
"ဟီး Daddy"
"အရမ်းကြာတယ် သွားမယ် "
ကားတံခါးကို ဆွဲဖွင့်ပေးပီး ဆယ်ဟွန်းကိုထိုင်စေကာ ခါးပိတ်ပါ သေချာပတ်ပေးပြီးမှ တစ်ဖက်က မောင်းသူနေရာကို ဝင်ထိုင်သည်။
စိတ်ဆိုးနေပေမဲ့ ဂရုတစိုက် ရှိနေပေးမဲ့ အကျင့်လေးက နည်းနည်းမှ မလျော့။
ဂရုစိုက်တတ်လွန်းတဲ့ daddyကို ချစ်လွန်းလို့ ရူးမှာပါနော်။
ဂရုစိုက်ပေမဲ့ တစ်လမ်းလုံး စကားတစ်ခွန်းမှ မပြော။
စိတ်ကောက်နေတာလေးလဲ ချစ်ပါတယ်နော်။
အိမ်ရောက်ရင်းပဲကားရပ်ပီး ဆယ်ဟွန်းကိုတောင် မစောင့် အိမ်ပေါ်တတ်သွားတော့မယ် Daddyကို
"Daddy"
"ဘာလဲ "
"Bae ရဲ့ စာအုပ်တွေ ကူးသယ်ပေးပါဦးလို့ "
ချန်းယောလ်ကို ချော့တော့မယ် ထင်မိပေမဲ့ စာအုပ်တွေသယ်ပေးဦးတဲ့။
တော်တော် ကောင်းတယ်။ တစ်နေလုံး လာမချော့နဲ့။
ကားပေါ်ထဲက ချော့ဖို့မျှော်နေတဲ့ ချန်းယောလ်ပဲ စိတ်လျှော့လိုက်ပါတော့မယ်။

YOU ARE READING
Sugar Daddy😎😎(complete)
Romanceအသက်ကြီးမှ ဖြစ်တဲ့ ငါရဲ့အချစ်က တဖြည်းဖြည်းတိုး Babyသေးသေးလေးများနဲ့တို့ကအေးဆေးမို့ နှလုံးသား ကိစ္စအမြဲတမ်းပဲငါ နွေးထွေးလို့ လိုတာပြောကြည့် မင်းစိတ်တိုင်းကျ ဖြစ်မယ် ကလေးလေးမို့💝