"ဟား...ဟား....ဟာသတွေသိပ်မပြောပါနဲ့လား
ငါရီချင်စိတ်မရှိပဲ ရီရတာ ပါးစပ်သနလို့""Krisကရှင့်သားပဲ "
"မင်းနဲ့ငါနဲ့က လွန်လွန်ကြူးကြူး ဖြစ်ခဲ့တာမျိုး မရှိဘူးဆိုတာ ငါလဲသိသလို မင်းလဲသိတယ် "
"ရှင် မူးလာတဲ့ ညကို မေ့သွားပီလား
ကျွန်မ စပြီး လမ်းခွဲ ခဲ့တဲ့ ညမှ ရှင်မူးပီး ကျွန်မအိမ်ကို လာသောင်းကျန်းခဲ့တာလေ"ချန်းယောလ် ငိုင်ကျ သွားမိသည်။
ထို့နေ့က မူးမူး နှင့်သွားသောင်းကျန်းပီး နိုးလာတော့ သူမနှင့် အိပ်ယာပေါ်မှာ ဖက်လျှက် အိပ်ပျော်နေမှန်းသိရသည်။ဒါပေမဲ့...ဒါပေမဲ့ ဘာလို့ သူမက ဒီကိစ္စကို ခုမှ လာပြောနေတာလဲ။
ဘာလို့ အဲ့နေ့မနက် မိုးလင်းတော့ ချန်းယောလ်ကို ရက်ရက်စက်စက် ပြောဆို မောင်းထုတ်ခဲ့တာလဲ။
မဖြစ်နိုင်ခဲ့ဘူးမလား။
"မင်း... လိမ်နေတာ.."
"ချန်းသေချာ စဉ်းစားကြည့်ထားပါ...
ဒါဆို ကျွန်မ အရင်သွားနှင့်မယ်နော် ချန်း..
နောက်မှ တွေ့တာပေါ့"ကားပေါ်မှာ ချန်းယောလ် တစ်ယောက်ထဲ ကြောင်တောင်တောင် နှင့်သာ ကျန်ခဲ့ရသည်။
သူ့ကားက ရဲစခန်းရှေ့မှာ ရောက်နေတာဆိုတာ မေ့နေပီး ထိုညက အကြောင်းကိုပဲ အသဲအသန် စဉ်းစားနေမိသည်။ထိုညက ဘာမှ မဖြစ်ခဲ့ဘူးဆိုတာ သေသေချာချာ မမှတ်မိပေမဲ့ ဒီကိစ္စက လုံးဝ မဖြစ်နိုင်ဘူးဆိုတာ ချန်းယောလ် သေချာသိသည်။
ချန်းယောလ် ရဲစခန်းရှေ့ကနေ ကားကို ကွေ့လိုက်ပီး အိမ်သို့ အကြမ်း ပတမ်းပြန် မောင်းလာခဲ့လိုက်သည်။
အရေးကြီးတာက ချန်းယောလ် ကလေးလေး အိုဆယ်ဟွန်းကို ရှာတွေ့နိုင်ဖို့ပင်။
Kris က မိမိသား ဖြစ်နေခဲ့ရင် မဖြစ်သင့်တာတွေ မဖြစ်အောင် အမြန် ရှာရမည်။Krisကိုတော့ သားအဖြစ် လက်ခံနိုင်ပေမဲ့ ထိုမိန်းမယုတ်ကိုတော့ ချန်းယောလ်ရဲ့ မိန်းမ နေရာ ကို ပေးမှာ မဟုတ်။
အိုဆယ်ဟွန်းကို လက်လွှတ်ဖို့ဆိုတာတော့ လုံးဝမဖြစ်နိုင်။
.
.
.
.
"ဆယ်ဟွန်း...ဒါလေး နည်းနည်း စားဦးလေနော် "ထမင်း လဲမစား ။
Krisကိုလဲ စကားမပြော။
Krisမျက်နာကို မမြင်ချင် မကြည့်ချင်သလိုနှင့် တစ်ဖက်ကို စောင်းထားပီးနံရံကိုသာ မမှိတ်မသုန် ကြည့်နေတဲ့ ဆယ်ဟွန်းကို Kris တဖြည်းဖြည်းနဲ့ စိတ်ပူလာသည်။"ဆယ်ဟွန်း ငါ့ကို အဖက်မလုပ်ချင်လဲ အားရှိအောင် ထမင်းလေးနည်းနည်းစားလိုက်နော် "
"ငါ့ကို ပြန်ပို့ပေးပါ"
"ဆယ်ဟွန်း...မင်းကွာ...တောက်စ်. "
ထွက်လာတဲ့ဒေါသတွေကို ချိုးနှိမ်လိုက်ရတာက ဆယ်ဟွန်းသူကို ဒီထက်ပိုပြီး မုန်းကြောက်သွားမှာဆိုး၍ပင်။"ဆယ်ဟွန်း ...ဒီမှာ တင်ခဲ့မယ် နော်
မင်း ဗိုက်စာလာရင်း စားလိုက်ပေါ့"ကုတင်ဘေးက စာပွဲပေါ်မှာပဲ ထမင်းပုကန်တွေကို တင်ပေးခဲ့လိုက်ပီး အပြင်ကို ထွက်ခဲ့လိုက်သည်။
ဆယ်ဟွန်းသာ သေချာ သတိထားမယ်ဆိုရင် Krisရဲ့ အသံတွေ တုန်နေတာကို သိနိုင်မည်ထင်သည်။
အပြင်ရောက်မှာတံခါးကို မှီချပြီး Krisရဲ့ မျက်နာပေါ်မှာ မဖိတ်ခေါ်တဲ့ မျက်ရည်တွေက ကျလာပြန်သည်။
ဘယ်အချိန်ထိများ ငါ့ကို နှိပ်စက်ဖို့ တွေးထားသလဲ ဆယ်ဟွန်းရာ...။
ဒီလိုပဲ အခန်းထဲက ကောင်လေးရဲ့မျက်နာမှာလဲ မျက်ရည်တွေနှင့်။
"Daddyရေ...ဟွန်းကို လာခေါ်ပါတော့...
လွမ်းနေပီ ပီးတော့ ကြောက်လဲ ကြောက်တယ် Daddy ".
.
.
"Wu ming Zhi ငါတို့ ခဏလောက် တွေ့ရအောင် "အသံကြားရင် ထသတ်မိမှာကြောင့် message ပဲပို့လိုက်ကာ တွေနေကျ နေရာမှာပဲ တွေ့ဖို့ပြောလိုက်သည်။
ချန်းယောလ် အင်္ကျီ ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ပြီး မှန်ရှေ့မှာ တစ်ခါ ရပ်ကြည့်လိုက်သည်။
ချန်းယောလ်က အပြစ်အနာစာ မရှိ စောက်ရမ်းချောနေတာသေချာပေမဲ့ ပိုပြီးသေချာချင်တာကြောင့် ဖြစ်သည်။
ချိန်းထားတဲ့ ဆိုင်ကို မဆိုသလောက် နောက်ကျ မှ ရောက်အောင် တမင် အချိန်ဆွဲကာ သူမကို စောင့်ခိုင်းလိုက်သည်။
ဆယ်ငါးမိနစ် လောက်ကြာမှ ကားထဲက ထွက်ခါ စောင့်နေတဲ့ သူမ ဆီ သွားလိုက်သည်။
တမင် မျက်နာချင်း ဆိုင်မှာ ဝင်မထိုင်ပဲ သူမဘေးမှာ ဝင်ထိုင်ကာ ပုခုံးပေါ် လက်တင်လိုက်ပီး...
"ငါ့တို့မှာ သားလေးရှိနေပီဆိုတော့ ငါတို့နှစ်ယောက် လက်ထက်သင့်တယ်လို့ထင်တယ် ဟုတ်တယ် မလား ဟင် အချစ် "
........tbc.........
😁
YOU ARE READING
Sugar Daddy😎😎(complete)
Romanceအသက်ကြီးမှ ဖြစ်တဲ့ ငါရဲ့အချစ်က တဖြည်းဖြည်းတိုး Babyသေးသေးလေးများနဲ့တို့ကအေးဆေးမို့ နှလုံးသား ကိစ္စအမြဲတမ်းပဲငါ နွေးထွေးလို့ လိုတာပြောကြည့် မင်းစိတ်တိုင်းကျ ဖြစ်မယ် ကလေးလေးမို့💝