38😇(final)

7.3K 434 154
                                    

"ခင်ဗျား ဘယ်သူလဲ"

"ဟင်"

ချန်းယောလ် ဖင်ထိုင်ရက် လဲကျသွားခဲ့၏။
ချက်ချင်းပဲ ပြန်ရပ်လိုက်ရင်း သတိရခါစ ကလေးလေး နေရ ထိုင်ရ အဆင်ပြေစေရန် ခေါင်းကိုထူပြ်ီး ကုတင်တိုင်ကို မှီစေလိုက်သည်။

"ကလေးလေးကလဲ မနောက်နဲ့ကွာဟားဟား...
Daddyလန့်သွားတာပဲ
ဗိုက်က နာနေမှာနော် ဘယ်လိုနေသေးလဲ သက်သာလား"

"ဟို ကျွန်တော် မနောက်ပါဘူးခင်ဗျ...
Daddyဆိုတော့ ဦးလေးက ကျွန်တော် အဖေလား"

ပြောစရာ စကားတို့ ဆွံအ ကုန်၏။
တကယ်ပဲ ကလေး က သူ့ကို မမှတ်မိတာလား။

"Daddyက ကလေးလေးရဲ့ sugar Daddyလေ မမှတ်မိတော့ဘူး လား"

"သကြားဖေဖေဆိုတော့ ဦးလေးရဲ့ အလုပ်က သကြားထုတ်တာပေါ့နော် "

"ကလေးကလဲ အရမ်းကြီး မနောက်နဲ့ကွာ"

"ဦးလေးကို ကျွန်တော် တကယ် မသိလို့ပါ "

"Daddyတို့ အမှတ်တရတွေကို တကယ်ပဲ မေ့သွားတာလားဟင် ကလေး...
သေချာ ပြန်စဉ်းစားကြည့်ပါဦးကွာ"

ချန်းယောလ် စကားကို လက်ခံသလိုနဲ့ကလေးက မေးလေးကို ပွတ်ပြီး စဉ်းစားဟန်ပြုနေသည်။

ချန်းယောလ် တို့ အမှတ်တရတွေကို မေ့သွားနိုင်တာကို ချန်းယောလ် တကယ် မယုံကြည်နိုင်။

စဉ်းစားနေရင်း တဖြည်းဖြည်း မျက်မှောင်တွေကျုတ်လာနေတဲ့ ကလေးလေး။

"အ့..."

ခေါင်းကို ကိုင်နေပြီး အော်လိုက်တာကြောင့် ချန်းယောလ် အလန့်တကြားဖြစ်သွားရသည်။

"ကလေး...ဘာ..ဘာဖြစ်လို့လဲ"

"ခေါင်းကြီးက နာလိုက်တာ "

"ဟင် ခဏလေး ခဏလေး စောင့်နော် Daddyဆရာဝန် သွားခေါ်လိုက်ဦးမယ် "

ချက်ခြင်းပဲ ဆရာဝန်ခေါ်ဖို့ ပြေးရသည်။
အပေါက်ဝနားအရောက်...

"ခဏ ရပ် ဦး Daddy"

အသံကြားတော့ ကုတင်နား တစ်ဖန်ပြန်ပြေးရ၏။ လက်လေးကို ဆုပ်ကိုင်လိုက်ရင်း

"ကလေး ဟင် သက်သာပြီလား"

"အစထဲက ဘာမှ မဖြစ်တာကို"

Sugar Daddy😎😎(complete) Where stories live. Discover now