Daddyစိတ်တိုင်းကျ အနားမှာနေပေးရမယ်ဆိုတာက တော်တော် အခက်တွေ့စေမယ် မသိလို့ ဆယ်ဟွန်း သဘောတူလိုက်တာပါ...။
အလုပ်ချိန် တစ်ချိန်လုံး Daddyပေါင်ပေါ်မှာ ထိုင်နေရကာ အားရင် အားသလို ဆယ်ဟွန်းတင်ပါးကို လာလာ ညှစ်နေ၏။
အလုပ်လုပ်ရတာ မလွပ်မလပ်ဖြစ်နေမှာမို့ ဆယ်ဟွန်း ပြောပေမဲ့ Daddyဟာ လုံးဝလက်မခံပါ။
"Daddy အလုပ်လုပ်ရတာ အဆင်မပြေဖြစ်မယ် ကျွန်တော် ကို ချီထားသလိုကြီးနဲ့"
"Daddyစကားနာထောင်းမယ် ကတိပေးထားပီး"
"ဒါပေမဲ့..."
"ရှူး နားမထောင်ရင် ဒီထဲမှာပဲ မနေ့ကလို လုပ်ခိုင်းပစ်မယ်"
Daddyက ကြောက်စရာကောင်းအောင်လဲ ခြိမ်းခြောက် တတ်ပါသေး၏။
အတွင်းရေးမှူး ရှေ့လဲ မရှောင် လူကို သူ့ပေါ်က ပေးမဆင်း...။
ခုတော့ သူ့အတွင်ရေးမှူးကို မျက်နာတောင် ပူတယ်...။လက်မှတ်ထိုးနေတာတောင် ဆယ်ဟွန်းကို ပွေ့ချီထားရက်နဲ့။
Daddyအကဲပိုလွန်းပါသည်..။
စိတ်ထင်ရင် ထင်သလို နမ်းတတ်တာမို့ ဆယ်ဟွန်း နှုတ်ခမ်းတွေဟာ နီရဲတွက်ပီး ထူပူနေပီ...။
ရက်အနည်းငယ် အတွင်းမှာ daddyအနမ်းတွေနဲ့ ကျင့်သာရနေပီထင်ရပေမဲ့ ဆယ်ဟွန်းအတွေးမှားနေပီထင်..။
အသက်ရှူ ရပ်မတတ် အနမ်းများကို ကျင့်သားမရသေးတာတော့ သေချာနေပါပီ..။
အတွင်းရေးမှူး မလေးလည် သူတစ်ခါတစ်ခါ ဝင်လာတိုင်း ဆယ်ဟွန်းနှုတ်ခမ်းရဲ့ အဆင့်ဆင့်ပြောင်းလဲနေမှုကို သတိထားမိနေလောက်ရဲ့...။
အတွင်းရေးမှူး တစ်ခါထွက်သွားရင် တစ်ခါပြန်နမ်းနဲ့ အသက်ရှူမကျပ်တဲ့ Daddyက တကယ်ကြီးကို နမ်းနိုင်လွန်းပါတယ်..။
ဆယ်ဟွန်း နှုတ်ခမ်းတွေကို ချိုချဉ်စုပ်လုံးလို သဘောထားနေတဲ့ Daddyကို နောက်တစ်ခါ လာနမ်းရင် ပညာပြလိုက်ဦးမယ်။
ပြောရင်းပင် ဆယ်ဟွန်းနှုတ်ခမ်းတွေကို လာနမ်းပြန်တဲ့ Daddy နှူတ်ခမ်းကို အားရ ပါရ ကိုက်ချပစ်လိုက်တော့...
"နာနေပီ နှုတ်ခမ်းတွေ သိရဲ့လား Daddyစုတ်ကြီးရဲ့"
"Baby နှုတ်ခမ်းတွေနာသွားလား သနားပါတယ် လာပါဦး ကြည့်ပေးမယ်"
ဆယ်ဟွန်းနှုတ်ခမ်းကို ကြည့်ပေးသလိုနဲ့ နှုတ်ခမ်းပေါ် ခပ်ဖွဖွလေး နမ်းသွားပြန်ရဲ့..။
"Daddy "
"ဟင်.."
"Daddyနှူတ်ခမ်းမှာ သွေးတွေ"
ဆယ်ဟွန်း ကိုက်လိုက်တာ daddyနှုတ်ခမ်းတွေကို ပေါက်သွားစေခဲ့ပီ.။
"ဟီး....ကျွန်တော် မကောင်းတာ..."
အပြစ်ပေးပါလို့တော့ မပြောရဲ...။
Daddyပေးတဲ့ အပြစ်တွေက ဗရုတ်သုတ်ခဆန်လွန်းတာမို...။
"ကလေးလား...ဟင် Daddyဘာမှမဖြစ်တာကို"
ချန်းယောလ်က တကယ်နာနေပေမဲ့ ကလေးလေးအငိုတိတ်ဖို့ လိမ်ညာလိုက်ရသည်...။
"ဟင့် Daddy.. နာ..နာနေမှာ"
"မနာပါဘူး baeရာ"
"ဟင့်...ကျွန်တော် နှုတ်ခမ်းတွေ ပူထူပီး နာနေတာကို daddyက ဆက်နမ်းနေလို့ ကိုက်လိုက်မိတာပါ"
ကလေးလေးနှုတ်ခမ်းပါးပါးလေးတွေတောင် နီရဲပီး ခပ်စူစူလေးဖြစ်တဲ့ထိ ချန်းယောလ် နမ်းခဲ့မိတာတဲ့လား...။
မတတ်နိုင်...မနမ်းနမ်းချင်အောင် ဆွဲဆောင်နေတဲ့ထိုနှုတ်ခမ်းပါးပါးလေးတွေရဲ့ အပြစ်မို့။
ခုတောင် ချန်းယောလ်လက်ချက်နဲ့ နီရဲ့နေတဲ့ ခပ်စူစူနှုတ်ခမ်းဟာ ချန်းယောလ် သတွေးတွေ နဲ့စိုရွှဲရွှဲလေးဖြစ်နေမို့ ထပ်နမ်းချင်နေပီ...။
"အင်းပါ daddyနားလည်တယ်နော်"
ဆန္ဒကို သိက္ခာနဲ့ထိန်းလို့ ကလေးလေးအငိုတိတ်ဖို့သာ ပထမဦးစားပေးလို့တွေးရင်း
"အင့်...ဟင်း...ဗြဲ"
"မငိုပါနဲ့နော် Daddyမနာဘူး တကယ်"
ချန်းယောလ် အကိုက်ခံရတာလား?သူ့ကို ချန်းယောလ် ကိုက်လိုက်မိတာလား ပင် မသဲကွဲအောင် ငိုနေတဲ့ ကောင်လေးက တကယ်ကို အငိုသန်တဲ့ ကလေးကြီးတစ်ယောက်ပါလား။
"မငိုနဲ့ Daddy မကြိုက်ဘူး"
"ဟုတ်.."
"Bae ငိုရင် daddyက ပိုပီးရင်နာရလို့ပါ"
ဆယ်ဟွန်းကို တည့်တည့်ကြီး စိုက်ကြည့်ပီးပြောတဲ့ Daddyမျက်ဝန်းထဲမှာ အကြင်နာ တွေအပြည့်နှင့်... ။
Daddyအတူလိုက်နေဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ဆယ်ဟွန်းနောင်တမရဖို့ လုံလောက်နေပီထင်။
......
ဒါလေးကို သိပ်မဖတ်ကြသလိုပဲ😔
YOU ARE READING
Sugar Daddy😎😎(complete)
Romanceအသက်ကြီးမှ ဖြစ်တဲ့ ငါရဲ့အချစ်က တဖြည်းဖြည်းတိုး Babyသေးသေးလေးများနဲ့တို့ကအေးဆေးမို့ နှလုံးသား ကိစ္စအမြဲတမ်းပဲငါ နွေးထွေးလို့ လိုတာပြောကြည့် မင်းစိတ်တိုင်းကျ ဖြစ်မယ် ကလေးလေးမို့💝