အပိုင်း-(၁)

3K 115 0
                                    

တစထက်တစ မဟူရာရောင်တောက်လာသော ညကို မှိန်ဖျော့ဖျော့ လမင်း အရောင်လေးက ဖြာကျနေသည်မှာ ကတ္တီပါစပေါ်တွင် စိန်ပွင့်လေးများ ကြဲချထားသလိုပင်။
ညဉ့်နက်လာပြီ ဖြစ်၍ တနေကုန် လှုပ်ရှားခဲ့ရသမျှ လူသားတို့ အနားယူကြချိန်လည်း ဖြစ်ရာ တိတ်ဆိတ်မှုက တစထက် တစ မင်းမူလာလေသည်။ ညဦးပိုင်းထက် အေးချမ်းမှုကလည်းပိုလာသည်။
"ဟူး..............."
ခပ်တိုးတိုး သက်ပြင်းချသံအဆုံးမှာ အအေးငွေ့တို့က နှုတ်ခမ်းဖျားမှ ခုန်ပေါက်ထွက်လာသည်။ အေးချမ်းလှသော ရာသီဥတုနဲ့ မလိုက်ဖက်စွာပင် သူ့ရင်အစုံက ပူလောင်နေသည်။အိပ်ယာထက်ဝယ် လူးလိမ့်ရင်း မျက်လုံးကြောင်သော ဝေဒနာကို ကြိုးစားတွန်းလှန်နေရသည်။
"အာ......"
စိတ်အလိုမကျစွာ ကိုယ်ပေါ်မှ စောင်ကို ကန်ပစ်လိုက်သည်။ ကုတင်ဘေးရှိ စားပွဲပေါ်မှ ရေကရားဆီမှ ရေတဖန်ခွက်ငှဲ့ကာ မော့သောက်ချလိုက်သော ညနေက ကြားခဲ့ရသော စကားသံများက နားထဲ အစီအရီတိုးဝင်လာသည်။
"Perthကွာ...ဒီကောင်လေး ပါပါးနဲ့စကားများပြီး အိမ်ကထွက်သွားပြန်ပြီ"
သူငယ်ချင်းဖြစ်သူ Mean ၏ စကားများက သူ့ရင်ကို ပူလောင်စေသည်။
"Perth...Perth"
ထိုလူသား...
သူ့ထက်အသက်၂နှစ်သာ ငယ်သော ထိုကောင်လေးကား သူ့စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့သည်မှာ အတော်ပင်ကြာခဲ့သည်။
မျက်ခုံးထူထူနှင့် သဘောတကျ ရီမောလိုက်ရင်း လခြမ်းပုံသဏ္ဍာန် ကွေးညွှတ်သွားသော သူ့မျက်ဝန်းနက်နက်တွေက သူ့ကို ဖမ်းစားနိုင်ခဲ့သည်ပေပဲ..
အမြဲလို ကြင်နာပြီး အသေးစိတ်က အစ ဂရုစိုက်ပေးတတ်သော သူ့နဲ့ ထိုကောင်လေး သိခဲ့ရသော အကြောင်းရင်းကလည်း သူ့သူငယ်ချင်းMean၏ ကောင်းမှုပင်...
ဂျစ်ကန်ကန် စရိုက်ရှိသော ထိုကောင်လေးက Mean၏ ၀မ်းကွဲညီလေး
အမြဲလိုလို ပြသနာရှာတတ်ပေမယ့် သူ့ကိုတော့ "ချစ်စရာ အကိုလေး"ဟုဆိုကာ အမြဲစနောက်တတ်သည်။ အမြဲကန့်လန့် တိုက်တတ်သောငြား သူ့စကားဆို မနာခံလျှင်တောင် သူစိတ်ချမ်းသာအောင်တော့ ခေါင်းညိမ့်တတ်စမြဲ...
ထိုကောင်လေး အမြဲအသည်းယားနေတတ်သည်က သူ၏
ပါးဖောင်းဖောင်းလေးတွေ
ဘယ်နားပဲတွေ့တွေ့ သူ့ကိုတွေ့လျှင် ပါးကို အရင်လာဆွဲတတ်တာ ကောင်လေး အကျင့်...
"Saint Sup"ဆိုသော သူ့နာမည်ကိုပင် သူများထက်ထူး
ကာ ခေါ်သည်က "Saint Saint"တဲ့လေ တခါတလေဆို
"Cutie Saint Saint"တဲ့လေ အာ့ဒီနာမည်ကို သူစိတ်ဆိုးတိုင်း ခေါ်ကာ ချော့နေကျ နာမည်တခုပင်။ သာမန် နာမ်စားတခုပေမယ့် သူ့နှလုံးသားတခုလုံး နွေးထွေးရလောက်အောင်ထိ စွမ်းအားကြီးမားသည်။
ကောင်လေးဘက်က ရိုးသားစွာ အကိုတယောက်လို တွယ်တာသော်ငြား သူ့ဘက်က ညီတယောက်ထက် ပိုလာခဲ့မိသည်။ဖွင့်ပြောလိုက်ချင်သောငြား ကောင်လေးစိတ်ကွက်ကွာ သူ့ကိုဖယ်ခွာလိုက်လျှင် ယခုခံစားရသော ဝေဒနာထက် အဆများစွာ ခံစားရမှာ သေချာသည်။ ဘေးကနေ စောင့်ရှောက်ပေးရသည်ကိုပင် ဘုရားသခင်၏ ကျေးဇူးတော်ဟု မှတ်ယူကာ ထိုဘ၀တွင်ပဲ သူကျေနပ်စွာ နေခဲ့သည်။ သူ့စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်သော်ငြား ကောင်လေး တခုခုဖြစ်လျှင် ဆောက်တည်ရာမရ ဖြစ်ရသည်က သူသာ။ ဒီအတိုင်း ဆက်သွားရင် သူ ခံနိုင်ရည် မရှိတော့မှာကို စိုးရိမ်သည်။
ဟူး...
မဖြစ်သေး။ သူအိပ်မှဖြစ်မည်။မနက်ကျောင်းမှာ အကြောင်းစုံကို Meanဆီ မေးရဦးမည်။ ညနေကလည်း တညနေလုံး ကောင်လေးကို ဆက်သွယ်လို့မရပေ။
အိပ်ယာထဲကို နှုံးခွေစွာ လှဲလိုက်ရင်း မျက်လုံး အစုံ ကို မှိတ်ချလိုက်ရသည်။

အချစ်ဆိုတာက ထူးဆန်းလှသည် ဟုပဲ သူထင်ပါသည်။ မထင်မှတ်ထားသော အချိန်မှာ မထင်မှတ်သလို ပုံစံမျိုးနဲ့ ရောက်လာတတ်သည်။သူ့ဘ၀တစ်လျှောက်လုံး ချောပေ့ လှပေ့ဆိုတော့ မိန်းကလေးများကို အလွှာပေါင်းစုံ လူပေါင်းစံ တွေ့ခဲ့ရသည်။ အရပ်မြင့်မြင့်နှင့် ချစ်စဖွယ်မျက်နှာလေးကိုပါ ပိုင်ဆိုင်ထားသော သူ့ကို ဖေဖေ့ဘက်မှ မိတ်ဆွေအများစုက သဘောကျခဲ့ကြသည်။ သူတို့သမီးများနှင့် စေ့စပ်ရန် ဆွေးနွေးကြသည်။ သူတခုကံကောင်းသည်က သူ့ဖေဖေနှင့် မေမေက အိမ်ထောင်ရေးနှင့် ပတ်သက်လျှင် စိတ်ကြိုက်ရွေးချယ်ခွင့် ပေးထားသည်။ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သော သူ့ဖေဖေသည် အရမ်းမချမ်းသာသော်ငြား စီးပွားရေးလောကတွင် နာမည်တစ်ခုရအောင်ယူနိုင်ခဲ့သည်။ အိမ်တွင် မရှိသည်က များသည်။ မေမေနှင့် သူသာ အိမ်တွင်နေရလေ့ရှိသည်။ ခပ်အေးအေးနေတတ်သော မေမေကတော့ ခြံထဲမှ ကိုယ်ပိုင်ဥယျာဉ်လေးနဲ့ ပျော်နေတတ်သည်။ တဦးတည်းသော သားဖြစ်သူ သူ့ကို ဖေဖေကော မေမေကပါ တုန်နေအောင်ချစ်ကြသည်။ လိမ္မာရေးခြားရှိသည်မို့ ဖေဖေကော မေမေကပါ စိတ်ချလက်ချ လွတ်လပ်ခွင့်ပေးထားခြင်းပင်။ သူကိုယ်တိုင်ကလည်း ဖေဖေနှင့် မေမေ၏ ယုံကြည်မှုကို အလွဲသုံးစား မလုပ်ခဲ့။
ကျောင်းဝန်းထဲ ခြေချမိတော့ ဟိုဟို ဒီဒီ လိုက်ကြည့်မိသည်။ နေ့စဉ် ကြည့်နေကြဆိုပေမယ့် ဒီနေ့ကတော့ တစုံတယောက်ကို လိုက်ရှာနေသည်ဆို ပိုမှန်ပေလိမ့်မည်။
သူ့လျှောက်လာတာကို မြင်သော မိန်းကလေးအချို့က လက်တို့ကာ တီးတိုးတီးတိုး သဖန်းပိုးထနေကြသည်။ အတန်းထဲ ရောက်သည်အထိ တလမ်းလုံး အနှံ့ရှာပါသော်လည်း ကောင်လေးကို အရိပ်ပင် မမြင်ရပေ။
အတန်းထဲရောက်တော့ စာသင်ခုံတွင် အကျအနထိုင်ကာ Gameကစားနေသော Meanကိုတွေ့လိုက်ရသည်။
အမယ်...နားကြပ်ကတပ်ထားသေး။
သူအနားသို့ သွားကာ ၀ုန်း ကနဲ ထိုင်ချလိုက်တာတောင် ကိုယ်တော်က သတိမထားမိ။ ကောင်းလိုက်တဲ့ သူငယ်ချင်းလေးပါပဲ။ အမြင်ကတ်ကတ်နဲ့ လွယ်အိတ်ထဲက ပိုက်ဆံအိတ်နှိုက်ထားလိုက်ပြန်လည်း နေ့လည်စာ ငတ်နေမည်ကို သနားသောကြောင့်။ အမှန်ပြောရလျှင် နေ့လည်စာ ငတ်နေမည်ထက် သူ့ကို လာဂျစ်တိုက်မှာ စိုးသော ကြောင့်ပင်။ ဒီကောင်က သူ့ကိုယ်သူတော့ အငတ်မနေ သူ့ဆီက ကပ်စားတော့မည်။ သူများဆီက စားရလျှင် အားရပါးရ စားတော့မှာလေ။ သူနှိုက်ထားတာနဲ့ မတန်သူပြန်မကျွေးနိုင်။ ရှိစေတော့။" သည်းခံSaint Sup သည်းခံ မင်းသိချင်တာ မေးရဦးမယ်လေ။ တော်ကြာနေ စလိုက်လို့ စိတ်ကောက်မှဖြင့် ဘာမှမသိရပဲနေမယ်။ "
"ဟေ့ကောင် အာ့ဒါ ခဏချထား ငါမေးစရာရှိတယ်"
သူ့စကားသံအဆုံး ဂိမ်းဆော့မပျက် သူ့ဘက်သို့ တချက်သာ လှည့်ကြည့်သွားသည်။ တဆက်တည်းပင်
"နေစမ်းပါကွာ ငါဒီမှာ အလုပ်များနေတယ်လေ"
"အံမယ်...စိတ်တိုတိုနဲ့ ပိတ်ထုလိုက်လို့ ရှည်နေနတဲ့ အရပ် ပုဝင်သွားဦးမယ်...ဟေ့ကောင်...တော်တော့...ပေးမင်းဖုန်း"
ပါးစပ်က ပွစိပွစိ ရေရွတ်ရင်း ဖုန်းကိုဆွဲလုလိုက်မှ Meanတစ်ယောက် ခရမ်းသီးမီးဖုတ်ထားသလို ရှုံ့မဲ့နေသော မျက်နှာနှင့် သူ့ဘက်လှည့်လာတော့သည်။
"ဘာလဲ Saintရာ အတန်းမစခင်လေး ဂိမ်းကို ကောင်းကောင်းမဆော့ရဘူး...ဘာလဲ...ပြော"
"မင်းညီလေး ပြန်ရှာတွေ့လား ပြသနာဖြစ်တာဆို အဆင်ပြေသွားပြီလား"
"ဘယ်ကညီတုန်း"
တအံ့တဩ ပြန်မေးလာသော Meanကိုကြည့်ရင်း Saintတယောက် တစစီလုပ်ပစ် ချင်သွားသည်။
"Perthလေ သူ့ပါပါးနဲ့ ပြသနာဖြစ်ပြီး အိမ်ကထွက်သွားတာဆို"
"အမ်...အော်အေး ဒီကောင်ညကလည်း ပြန်မလာဘူး အဆက်အသွယ် လည်း မလုပ်ဘူးငါ့ကို"
"ရော်...မင်းမဆက်သွယ်ဘူးလား...လိုက်မရှာဘူးလား"
"မင်းကလည်း...ဒါဒီကောင့် အကျင့်ပဲလေ ငါကရိုးနေပြီ သူစိတ်ပြေရင် အိမ်လာလိမ့်မယ်"
အေးဆေးစွာ ပြန်ပြောနေသော Meanကို ကြည့်ရင်း ထပ်ဆင့် ရင်ပူရသည်က သူပဲဖြစ်သည်။
"ဟူး"
ဘယ်နှကြိမ်မြောက်နေပြီမှန်း မသိသော သက်ပြင်းကိုသာ ချမိသည်။

တတောင်တောင်နှင့် ၀င်လာသော Twitter Notiလေးကြောင့် သူဖုန်းလေးကို ကောက်ကိုင်ကြည့်လိုက်တော့
"Perth"ဆီက messageများပေ။
Perthအိမ်ကထွက်သွားသည်ဟု သတင်းကြားရပြီး ၂ရက်မြောက်နေ့တွင် သူ့ကိုဆက်သွယ်လာခြင်းပင်။
Call Noကိုနှိပ်လိုက်တော့ "စက်ပိတ်ထားပါသည်" ဟူသော အသံထက် ဖုန်းဝင်သွားသော အသံလေးက သူ့နားထဲ ပျားရည်မြစ်တစင်း စီးဆင်းသွားသလိုပင်။
"Hello"
တဖက်က ထူးသောအသံက ဖျော့တော့တော့...
"Perth...မင်းဘယ်မှာလဲ"
"ကျွန်တော် P'Mean တို့ အိမ်မှာ...Saint Saintနဲ့
ခဏလောက် တွေ့ချင်တယ် ရမလား"
လက်က နာရီကို ကြည့်လိုက်တော့ ညနေ(5)နာရီ ထိုးတော့မည်။
"အင်း...ရတယ်လေ...ခဏစောင့်...အကိုက ခုမှရေချိုးပြီးတာမို့ အ၀တ်အစားလဲပြီးတာနဲ့ လာခေါ်မယ်"
"ရတယ် P' ကျွန်တော်ပဲ လာခဲ့မယ် ... P'Saint Saint
ပဲ အိမ်ကစောင့်နေလိုက်"
"အင်း..."
💓
ဖုန်းပြောပြီး ၁၅မိနစ်လောက်ကြာတော့ သူဧည့်ခန်းထဲတွင် စာထိုင်ဖတ်နေတုန်း ကားသံကြားရသည်။ တဆက်တည်းပင် မေမေနဲ့ အပြန်လှန် စကားပြောသံများပါ ကြားလာရသည်။
ဧည့်ခန်းထဲ မေမေနှင့် အတူတူဝင်လာသော ကောင်လေးကို တွေ့လိုက်ရသည်။ ထုံးစံအတိုင်း ဂျင်းပြဲနဲ့ စပို့ရှပ် အဖြူ တထည်ကို တွဲဝတ်ထားပေမယ့် ကြည့်ကောင်းနေဆဲ။
"သား...Perth က သားဆီလာတာတဲ့...ကဲ...အေးဆေးစကားပြောကြ...မေမေ ဘုရားစာ ကန်တော့လိုက်ဦးမယ်"
ပြောပြောဆိုဆိုနဲ့ မေမေထွက်သွားတော့ Perthက အနားလာထိုင်သည်။
"Perth...မင်းဘာဖြစ်လာတာလဲ...ဦးလေးနဲ့ ပြသနာဖြစ်တယ်ဆို...ဘာဖြစ်ကြတာလဲ"
သူ့အမေးကို မဖြေသေးဘဲ sofaနောက်မှီသို့ အားရပါးရမှီချလိုက်ရင်း
"ဒီလိုပါပဲ P'ရယ် ပါးပါးလေးပါ "
"အဆင်ပြေရဲ့လား"
"ပြေပါတယ်...P'ကျွန်တော့်ကို စိတ်ပူနေတယ်ဆိုလို့ P'Meanပြောလို့ မျက်နှာလေးလာပြတာ ... "
ရယ်ရယ်မောမော ဆိုလာသော စကားအဆုံး သူမလုံမလဲ ဖြစ်မိသည်။ တဆက်တည်းပင် Meanကို လည်ပင်းညစ်သတ်ချင်လာသည်။ သူ့ကို တိုးတိုးတိတ်တိတ် အကြောင်းကြားဖို့ပဲ ပြောတာ ကိုယ်တော်က တိုက်ရိုက်ကြီး ပြောချပစ်သည်။
"နေပါစေအုန်း...တွေ့လို့ကတော့..."
စိတ်ထဲမှ ကြုံးဝါးလိုက်ရင်း ဘေးက အကောင်ပေါက်ကို စကားပြန်ရသည်။
"အကို စိတ်ပူတာက မင်းတခုခုဖြစ်မှာစိုးလို့ပါ အကို့စိတ်ကိုက ဒီလိုပဲလေ ရင်းနှီးတဲ့သူတွေနဲ့ ပတ်သတ်လာရင် စိတ်ပူပေးနေကြပဲဟာ"
"အမလေးဗျာ...အူယားဖို့ကောင်းလိုက်တာ "
သူ့စကားအဆုံးကိုပင် ဂရုမထားပဲပြောပြောဆိုဆိုနှင့် သူ့ပါးဖောင်းဖောင်းလေးတွေကို လက်ညှိုးနဲ့ လိုက်ထိုးနေသည်။
"ဒါကြောင့် ကောင်မလေးတွေက Saint Saintမှ Saint Saintဖြစ်နေတာနေမှာ"
"ကဲ...တော်ပါတော့ မင်းငါ့ပါးပဲ ရန်လိုက်ရှာနေတယ်"
Perthလက်ကို သူပုတ်ချလိုက်တော့မှ ရယ်ကျဲကျဲ မျက်နှာပေးနှင့် ဆက်ပြောသည်။
"တကယ်ပြောတာ...P'Meanရယ် Saint Saintရယ်
က SWUမှာ နာမည်ကြီးပဲလေ Economics major
က စာလည်းတော် အရမ်းလည်းချောတဲ့ကျောင်းသားတွေလေ
ကောင်မလေးတွေဆိုလည်း ၀ိုင်းနေတာပဲ အားကျတယ်ဗျာ"
"တော်စမ်းကွာ...မင်းလည်း SWUက မဟုတ်ဘူးလား
Acting and Directing ပိုင်းက မင်းသားတစ်ပါး
ပဲလေ "
"ဘာပဲဖြစ်ဖြစ်ပေါ့ P'တို့နဲ့ ယှဉ်ရင် မျက်နှာငယ်ရပါတယ် P'
တို့လောက်စာမတော်ဘူးလေ 😢"
တမင်လုပ်ပြောနေသော မျက်နှာပေးနှင့် ထိုအနှီ လူသားအား
အသည်းယားလွန်းလို့ တခုခု လုပ်ပစ်လိုက်ချင်သည်။
"တော်စမ်းကွာ...ကြုံတုန်းမင်းကို ပြောရဦးမယ် ကောင်မလေး
တွေ ထည်လဲတွဲတာ ရပ်တော့နော် Perth မင်းက လေကြောင်း Company ရဲ့သားဆိုတာလည်း သတိရဦး
...ကိုယ်တကယ်ချစ်တဲ့သူကိုပဲ တွဲပါလားကွာ...ဟင်"
"အင်းပါ...P'ကလည်း"
သူတို့ အခြေအတင်ပြောနေကြတုန်းမှာပင် Perthဖုန်းဝင်လာသည်။
"Hello...Honey...အင်း"
ဘယ်နမြောက်မှန်းမသိသော ကောင်မလေးဆီက ဆိုတာတော့ သူသိလိုက်ပါသည်။
"အင်းပါ ကိုယ်အခုလာခဲ့မယ်"
ပြောပြောဆိုဆို နှင့် ထသွားဖို့ ပြင်တော့ သူပါထရပ်လိုက်သည်။
"Perth ...ညီ...ကားကို ဂရုစိုက်မောင်းနော်"
"Kha...ကျောင်းရောက်မှ တွေ့မယ်နော်...လာခဲ့မယ်"
ပြောပြောဆိုဆို ကားထဲဝင်ခါနီး သူ့ပါးကို ဆွဲဖြစ်အောင်ဆွဲသွားသည်။
"Aww...Perthရယ်"

Firesun 🔥

ထာဝရထက်ပို၍ Where stories live. Discover now