အပိုင်း-(၁၂)

1K 102 13
                                    

"ဘယ်တော့များမှ လွတ်မြောက်နိုင်မှာလဲ..
မင်းဆိုတဲ့ နွံထဲကနေ ......
ရုန်းလေနစ်လေဆိုပေမယ့် ဆက်ပြီး ရုန်းမိနေတာပဲ...
ငါကိုယ်တိုင်ကရော လွတ်မြောက်ချင်စိတ် ရှိ့ရဲ့လား...
ဒါမှမဟုတ်............
မင်းဆိုတဲ့ နွံထဲမှာပဲ ပျော်ပိုက်နေတာလား ဆိုတာတော့.........
❤❤❤K
"Saint"
Diary ရေးနေတုန်း တံခါးဖွင့်သံနှင့်အတူ ၀င်လာသူက Captain .........
"စာရေးနေတာလား..."
"Kha P'...Diary ရေးနေတာပါ"
သူ့အဖြေစကားကို Captain က ခေါင်းတညိမ့်ညိမ့်နှင့် နားထောင်သည်။
"အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ကုန်ပြီ ထင်တယ်..."
အချိန်တစ်ခုထိ တိတ်ဆိတ်နေရင်းမှ Captain က စကားစပြောသည်။
"ဘာကိုလဲ? "
"ဟူး........."
Captain သက်ပြင်းမော ကို ရှိုက်လိုက်ရင်း
"Perth ... လူမိုက်စာရင်းထဲ ၀င်လုနီးပါး ဖြစ်နေတယ်... "
"ဗျာ..."
"ဟုတ်တယ် Saint......အခု Perth မနေ့ညက club မှာ ရန်ဖြစ်လို့ အချုပ်ခံနေရတယ်ပြောတယ် ... မင်းသိပါတယ် ... ကျောင်းက ဘယ်လောက်စည်းကမ်းကြီးလဲ ဆိုတာ... အခုလို ဖြစ်တဲ့ ကျောင်းသားကို ဆက်လက်ခံထားမှာ မဟုတ်ဘူး"
"ဒါ...ဒါဆို"
"Perth...သူ ကျောင်းထုတ်ခံရလိမ့်မယ် ထင်တယ်"
လဲပြိုတော့မလို ဖြစ်သွားတဲ့ ကျွန်တော့်ကိုယ်ကို ဘေးက ခုံတန်းကို ကိုင်ပြီး ထိန်းရပ်လိုက်မိသည်။ ကျွန်တော့်ကမ္ဘာ ဘာဖြစ်သွားတာလဲ...အမှောင်ကျသွား သလို ခံစားလိုက်ရတယ်...ကလေးဘာတွေ လျှောက်လုပ်နေတာလဲ...
P'Captain ဆက်ပြောတဲ့ စကားကို ကျွန်တော် နားထောင်နိုင်စွမ်း မရှိတော့ဘူး...ကျွန်တော်က ကလေးကောင်းဖို့ အတွက်...ကလေးအတွက်...ကျွန်တော် ထွက်ခွာခဲ့တာ...ကလေးကို ဒီလို ဖြစ်စေချင်တာ မဟုတ်ဘူး...ငယ်ငယ်တည်းက တစ်ခုခုဆို အရွဲ့တိုက်တဲ့ ခေါင်းမာလွန်းတဲ့ ကောင်လေးက ... ဟူး...အခုလည်း ......ကောင်လေး ဘာတွေလုပ်နေပြန်ပြီလဲ...
❤❤❤
"Perth......တော်ပြီ ဆက်မသောက်နဲ့တော့..."
မော့သောက်ရန် ပြင်နေသော ခွက်ကို အတင်းဆွဲလုလိုက်ရင်း Mark က စကားဆိုသည်။
"ဖယ်ပါကွာ..."
သူ့ရှေ့က ခွက်ကို ယူနေသောMark ကို Perth ဆွဲဖယ်လိုက်သည်။
"ငါ့ကို လွှတ်ထားစမ်းပါ Mark..."
"လွှတ်လို့မရဘူးကွ! ဆက်သောက်ရင် သေတော့မယ်...ကိုယ့်ကိုကိုယ် ဘယ်အခြေအနေ ရောက်နေလဲ သိရဲ့လား! "
သူငယ်ချင်းဆိုတာထက် ညီအစ်ကို လို ဖြစ်ခဲ့ရသူမို့ ဂရုဏာ ဒေါသဖြင့် ပြောရင်း Mark မျက်ရည်တွေ ကျလာသည်။
Perth ကတော့ သူ့ကို ခပ်တွေတွေ စိုက်ကြည့်နေတုန်း...
ခပ်ယဲ့ယဲ့ အပြုံးတချို့က နှုတ်ခမ်းထက်ဝယ် ချိတ်ဆွဲထားသည်။ Mark ရုတ်တရက် Perth ကို လှမ်းဖက်လိုက်ရင်း
"ငါ တောင်းပန်ပါတယ် Perthရာ...အခုလို ဖြစ်နေတာတွေ ရပ်ပါတော့...ငါ...ငါ ကတိပေးပါတယ်ကွာ...P'Saint ကို ရအောင် ရှာပေးမယ် Perth...ဆက်မသောက်ပါနဲ့တော့ကွာ
...နော်...Perth...နော်"
Perth ဖက်ထားသော Mark ရဲ့လက်များကို ဆွဲဖယ်လိုက်ရင်း
"ငါသွားနှင့်မယ်..."
"Perth...နေဦးလေကွာ...မင်းသောက်ထားတယ်လေ...ကားမောင်းလို့ မရဘူး...ငါပါလိုက်မယ်"
❤🌷
တတီတီ မြည်လာသော ဖုန်းသံကို သည်းမခံနိုင်စွာ Perth ကိုင်လိုက်သည်။
တစ်ဖက်မှ အလောတကြီး အသံ ထွက်လာသည်။
"Perth! အခုလာခဲ့...အရေးကြီးတယ်"
ဖုန်းကို နားမှ ခွာကာ ကြည့်လိုက်တော့P' Earth ဆီက...
"P'ကျွန်တော်မအားဘူး...ပြောစရာ မရှိတော့ရင် ဖုန်းချတော့မယ်"
အရေးကြီးသည် ဆိုပေမယ့် ထသွားဖို့ အစီအစဉ်မရှိ။ သူ့အတွက် P'Saint ရဲ့ သတင်းလောက် ဘယ်အရာမှ အရေးမပါတော့။  ဖုန်းကိုချဖို့ ပြင်လိုက်စဉ်မှာပင်
"Saint ဆီက မင်းအတွက် ပေးတဲ့စာရောက်နေတယ်! "
ကမ္ဘာကြီး ခတ္တတိတ်ဆိတ်သွားသလို ခံစားလိုက်ရသည်။
ကျွန်တော် တယောက်ပဲ ရှိတော့သလိုမျိုး...ဘေးနားမှာ အရာရာဟာ အမှောင်ထုနဲ့ ပိန်းပိတ်လို့...
ရုတ်တရက် အလင်းတန်းလေးတစ်ခု ...
တောက်ပနေသော အလင်းတန်းလေးတစ်ခု ကို မြင်လိုက်ရတယ်...
Perth အပြေးအလွှား ပြေးသွားမိသည်။
"Perth! ...hey Perth!! "
သူ့နာမည်ကို ခေါ်နေတာ ဘယ်နခွန်းမြောက်မှန်း မသိသော အချိန်မှာ သူပစ္စုပ္ပန်ကို ပြန်ရောက်လာခဲ့သည်။
"ကျွန်တော် အခုလာခဲ့မယ် "
စကားကို တိုပြတ်ပြတ်ပြောပြီး ဖုန်းကိုချကာ အပြေးသွားမိသည်။

"Perth ...
မင်းရှေ့ကနေ သတ္တိနည်းစွာ ထွက်သွားမိတာ အကို ၀န်ခံပါတယ်...အချိန် တစ်ခုထက်ပို ပြီး မင်းနားနေရင် အကို စိတ်ကို မထိန်းချုပ်နိုင်မှာ စိုးတာကြောင့် မင်းနဲ့ဝေးရာကို ထွက်သွားခဲ့တာပါ...မင်းက အကို့အတွက် ညီတစ်ယောက် ဆိုတာထက် ပိုတဲ့ သံယောဇဉ် ကို အကို ထားခဲ့မိတယ်...တစ်ဘ၀စာ လက်တွဲခွင့်ရချင်တဲ့သူ လို အကို မျှော်လင့်ခဲ့တာ......အကို အမှားကြီးတစ်ခုကို ကျူးလွန်နေမိတာလား အကို မသိဘူး.........မင်းကို ချစ်မိတဲ့ အကြောင်းတွေ စဉ်းစားတိုင်း ...
မင်းရဲ့ ဖြူစင်တဲ့ ပုံစံတွေ ...အကို့အပေါ် မင်းထားတဲ့ သဘောထားတွေ မြင်ရတိုင်း အကို ကိုယ့်ကိုကိုယ် လိပ်ပြာ မသန့်သလို ခံစားရတယ်...အကိုတစ်ယောက်လို အားကိုးတဲ့ ...သန့်ရှင်းဖြူစင်တဲ့ ကလေးတစ်ယောက်ကို အရောင်တွေ ဆိုးမိအောင် လုပ်နေတာလားလို့ စဉ်းစားတိုင်း အကို ကိုယ့်ကိုကိုယ် တစ်ခုခု လုပ်ပစ်ချင်တာပါပဲ...ဒါကြောင့် အားလုံး ကောင်းမယ့် နည်းကို အကိုရွေးချယ်ဖို့ ဆုံးဖြတ်လိုက်တာ Perth...ကိုယ် မင်းကို တစ်ဘ၀စာ လက်တွဲချင်တဲ့သူ အဖြစ် ကိုယ့် အချစ်တွေကို အခုလို ၀န်ခံလို့ မင်းမုန်းရင်လည်း အကို ကျေကျေနပ်နပ် ခံယူပါ့မယ်...အခု မင်းနဲ့ကိုယ်က ဘာမှမဆိုင်ဘူး ဆိုပေမယ့် အကို မင်းကို တောင်းဆိုစရာ ကြောင့် ဒီစာကို ရေးခဲ့တာ... ကိုယ် သဘောကျတဲ့ ...ကိုယ်လက်တွဲချင်တဲ့ Perth ဆိုတာ အခုလိုမျိုး မိုက်ကန်းကန်းနဲ့ လူဆိုးစာရင်းဝင်တော့မယ့် ကောင်ဆိုးလေး မဟုတ်ဘူး...အကယ်၍ မင်း ကိုယ့်ကို အကိုတစ်ယောက်လို သဘောထားတယ်ဆိုရင် အခု ပုံစံကို ပြင်ပြီး အရင်လိုပဲ ကိုယ် သဘောကျရတဲ့ ကောင်လေးတစ်ယောက် အနေနဲ့ပဲ ရှင်သန်ပေးပါ...ကိုယ် တောင်းဆိုပါတယ် Perth......မင်း အကို့ကို မမြင်ချင်ဘူးဆိုရင်တောင် အကို မင်းနဲ့အဝေးကြီးမှာ နေပေးပါ့မယ်...အကို တောင်းဆိုတာလေးတော့ လိုက်လျောပေးပါ...ဒါမှ အကိုမင်းကို စွန့်လွှတ်ရရင်တောင် အဝေးတစ်နေရာကနေ မင်းရဲ့ပုံစံလေးကို အကို ကျေကျေနပ်နပ်ကြီး ကြည့်နေချင်တယ်...ဒီအကြောင်းတွေ သိပြီးတော့ မင်းကိုယ့်ကို မုန်းရင်လည်း မုန်းပါ...ကိုယ့်ကိုလည်း လိုက်မရှာနဲ့တော့ Perth...အရာအားလုံး နေသားကျသွားတဲ့အခါ အကို ပြန်လာပါ့မယ်...တစ်ချိန်က မင်း သိကျွမ်းဖူးတဲ့ မင်းရဲ့ အကိုတစ်ယောက် အနေနဲ့ ဖြစ်ဖြစ်...ဒါမှမဟုတ် မင်းသိပ်ကို မုန်းမယ့် လူတစ်ယောက် အဖြစ်ပေါ့.........
                                 SaintSup
စာအဆုံးမှာ P'ရဲ့ ထိုးနေကျ Signလေးပါလာတယ်...စိတ်ကိုထိန်းနေပေမယ့် တဆတ်ဆတ်တုန်နေတဲ့ လက်တွေကိုတော့ Perth မထိန်းနိုင်ခဲ့ဘူး...
"ဒီစာ ဘယ်ကရတာလဲ"
"ကလေးတစ်ယောက် လာပေးတာပဲ... စာရရ ခြင်း စာအိတ်ပေါ်က လက်မှတ်ကို မြင်တော့ ငါလည်း လန့်သွားတယ်...အာ့ကြောင့် ကလေးကို ချက်ချင်း လိုက်မေးပေမယ့် အကိုချောချောတယောက်က ပေးခိုင်း တာဆိုတာက လွဲလို့ ဘာမှမသိရဘူး..."
Markစကားအဆုံးမှာ ငိုင်ကျသွားမိသည်။ ခေါင်းငိုက်စိုက်နှင့် ထိုင်ခုံပေါ် ခြေပစ်လက်ပစ် ထိုင်မိတော့ Mean က ပခုံးကို လာဖက်ရင်း နှစ်သိမ့်သည်။  Planက စာကို အသာယာ ဆွဲယူရင်း သေချာခေါက်ကာ စာအိတ်ထဲ ထည့်လိုက်သည်။
"P'Mean ... အကိုက သူ့ကို လိုက်၇ှာတာကို သိနေတယ် လိုက်မရှာပါနဲ့တဲ့..အချိန်တန်ရင် ရှေ့အရောက် လာခဲ့ပါ့မယ်တဲ့"
"စိတ်လျော့ Perth...Saintကို အကို ယုံတယ်...သူ မင်းဆီ ပြန်လာမှာပါ... မင်းလုပ်ဖို့ကလေ အခုလို ဖြစ်နေတာကို ရပ်ပြီး အကောင်းဆုံး ဘ၀ကို တည်ဆောက်လို့       Saintပြန်လာတာကို စောင့်ရမှာ "
သူဘာကိုမှ မစဉ်းစားချင်တော့ဘူး...သူ့ P'က အ၇င်လို သူ့မျက်နှာ တချက်အညှိုး မခံတဲ့ သူ့ကိုဆို အရာရု အလိုလိုက်တဲ့ သူ့ကိုကိုပုံစံ နဲ့ ပြန်လာဖို့ပဲ သူဆုတောင်းရတော့မှာ..."
❤❤❤
                           Firesun 🔥

ထာဝရထက်ပို၍ Where stories live. Discover now