အပိုင်း-(၄)

989 92 7
                                    

"သခင်လေး ရောက်ပါပြီ...ဥက္ကဌကြီး"
"အေး...လွှတ်လိုက်"
Company ရုံးခန်းတစ်ခန်းဟု မထင်ရအောင် ခမ်းနားလှသော အခန်းကြီး၏ ထိပ်တွင် ၀တ်စုံပြည့်ဖြင့် လူကြီးတစ်ဦး ထိုင်နေသည်။ တခုခုကို အလိုမကျသည့်ဟန်ဖြင့် မျက်ခုံးကို တွန့်ချိုးထားကာ ဆုံလည်ကုလားထိုင်ကို စားပွဲနှင့် ဆန့်ကျင်ဘက်သို့ လှည့်ကာ ထိုင်လိုက်သည်။
မကြာခင် အခန်းတံခါးပွင့်လာသံနှင့် အတူ ခုနက လာအကြောင်းကြားသော လူနှင့် ကောင်လေးတစ်ယောက် ပါလာသည်။ ကောင်လေးပုံစံကလည်း မကြာခင်တွင် ရောက်လာတော့မည့် အန္တရာယ် ကို ကြိုတင်သိနေသည့်အလား ရင်ဆိုင်ရန် သူရဲကောင်းတ
ယောက်၏ ရဲဝံ့ခြင်းမျိုးနှင့်။
ခေါ်လာသော လူက ဦးညွှတ်လိုက်ပြီး
"သခင်လေး ရောက်ပါပြီ...ဥက္ကဌကြီး"
"အင်း...မင်းသွားလို့ရပြီ"
ထိုလူ တစ်ဖန်ဦးပြန်ညွှတ်ကာ ထွက်သွားသည်နှင့် တစ်ခန်းလုံး အပ်ကျသံမျှ ကြားရအောင် တိတ်ဆိတ်သွားသည်။ ၁၅မိနစ်ခန့်ကြာသည်အထိ ဘာစကားသံမျှ ထွက်မလာတော့မှ ထိပ်တွင် ထိုင်နေသော လူကြီးဆီမှ အသံစတင်ထွက်လာသည်။
"မင်းဘာမှပြောစရာမရှိဘူးလား Perth "
ထိုလူကြီး၏ စကားအဆုံး ယခုထိ မတ်တပ်ရပ်နေသော ကောင်လေးက ခေါင်းမော့လာကာ
"ပါပါးက ကျွန်တော့်ကို ဘာပြောစေချင်လို့လဲ? ဒါမှမဟုတ် ကျွန်တော်ပြောစရာမလိုတဲ့ ကိစ္စတစ်ခုကို မေးနေတာလား"
Perth၏ စကားသံကို ကြားလိုက်ရသော လူကြီးသည် မထီသလို ပြုံးလိုက်ရင်း ထိုင်ရာမှထလာကာ
"ငါအခုလို မေးစရာမလိုအောင်လည်း မင်းဘက်က အကြောင်းပြချက်ကို တန်းပြောပြရမှာပေါ့ မင်းငါ့စိတ်ကို ဆွနေတာတွေ ရပ်တန်းကရပ်သင့်ပြီ Perth မင်း ငါစေ့စပ်သဘောတူထားတဲ့ မိန်းကလေးနဲ့ပဲ လက်ထပ်ရမယ်"
"အဟက်...ကျွန်တော့် အိမ်ထောင်ရေးကို စီးပွားရေးဆန်ဆန် စီမံရအောင် ကျွန်တော် နှလုံးသားက သံပတ်ပေးထားတဲ့ စက်ရုပ်မဟုတ်ဘူး...အမြဲငွေနောက်လိုက်နေတဲ့ စီးပွားရေးက လွဲရင် ဘာမှမသိတဲ့ မေတ္တာဆိုတာ ဘာမှမသိတဲ့ ပါပါးလို လူက ရွေးချယ်ပေးတဲ့ မိန်းမကတော့ ပါပါးလို လူမျိုးပဲ ဖြစ်နေမှာပဲ...sorryပဲပါး...ကျွန်တော့် အိမ်ထောင်ရေးကို ကျွန်တော်ပဲ စီမံမှာ"
"အေး...ထားပါ...မင်းအိမ်ထောင်ရေးကို မင်းပဲ စီမံမယ်ထားဦး...မင်းမှာအရည်အချင်း ဘယ်လောက်ရှိလို့လဲ...ငါအခုလုပ်နေတာတွေက မင်းအတွက်ပဲ Perth..."
"တော်တော့ ပါး...ကျွန်တော့် အသက်အရွယ်နဲ့ ကျွန်တော်လည်း စဉ်းစားနိုင်တယ် တွေးခေါ်နိုင်တဲ့ဦးနှောက် ရှိတယ် ရည်မှန်းချက် ရှိတယ်...ကျွန်တော့်ကို အရည်အချင်း ရှိလားမေးရအောင် ပါးကရော ကျွန်တော် ဘယ်အရာမှာ ထူးချွန်လဲ ဘာလဲဆိုတာကအစ လိုက်ဂရုပြုလို့လား အမြဲ အလုပ်အလုပ်...ပါးငွေနောက်ပဲ အမြဲလိုက်နေတာလေ...ဟက်...ကျွန်တော်တို့အတွက် ငွေရှာနေခဲ့တာတဲ့လားပါး...မာမား သေတော့မယ့်အချိန်ကိုတောင် ဂရုမစိုက်နိုင်ခဲ့လောက်အောင် ပါးက ကျွန်တော့်တို့ အတွက် ငွေရှာနေခဲ့တာပေါ့လေ..."
"Perth...မင်း...!!!"
"ကျွန်တော် မမေ့ဘူး ပါး...အာ့နေ့ကို ကျွန်တော် မမေ့ဘူး...
သေလောက်အောင် ဝေဒနာခံစားနေရတဲ့ မားကို ပစ်ထားပြီး အလုပ်ကိစ္စနဲ့ ထွက်သွားခဲ့တဲ့ ပါးရဲ့ပုံရိပ်ကို ကျွန်တော်မမေ့ဘူးဗျ!!!!"
"မင်း...မင်းကွာ..."
ဒေါသကို ထိန်းချုပ်ထားဟန်နှင့် တဖက်လှည့် သွားသော မျက်စိရှေ့က ဖခင်ဖြစ်သူကို ကြည့်ရင်း Perthလက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ကာ အံကြိတ်ထားမိသည်။
"မင်းအဲ့ဒီကောင်လေးကို ဖြတ်လိုက် Perth...ပါး ဘက်ကလည်း စေ့စပ်ပွဲကို ဖျက်ပေးမယ်..."
Perthစီးကျနေသော မျက်ရည်တို့ကို သုတ်လိုက်ရင်း
"ဟက်...Sorryပဲပါး...ကျွန်တော် အကို့ကို လက်လွှတ်မပေးနိုင်ဘူး...ကျွန်တော် ခံယူထားတဲ့အချစ်ကလည်း Gender ခွဲခြားမှု မရှိဘူးပါး...
အနည်းဆုံးတော့ ဘယ်သူ့ဆီကမှ မရတဲ့ မေတ္တာတရားတွေ ကြင်နာမှုတွေကို အကို့ဆီက ကျွန်တော်ရတယ်လေ..."
"ကောင်းပြီလေ...အာ့ဒါ မင်းဘက်က အပိုင်းပေါ့...ဒါငါမင်းကို သတိပေးတာပဲ..."
"စမ်းကြည့်လိုက်လေ ပါး...အကို့ကို ကျွန်တော့်တဘ၀လုံးစာ အတွက် ကာကွယ်မှာ...မာမားတုန်းက ကျွန်တော် မကာကွယ်နိုင်ခဲ့လို့...အခုတော့ အကို့ကို ထိချင်ရင် ပါးကျွန်တော့်ကို ရအောင်ဖြတ်ပေါ့...ကျွန်တော်သွားမယ်..."

Bangkok မြို့ရဲ့ နွေနေ့လည်က ပူပြင်းလှသည်။Saintတယောက် လည်ပင်းတွင် စည်းထားသော necktie ကို အနည်းငယ် ဖြေလျော့လိုက်ရင်း အကျီ င်္ လက်ကို တံတောင်ဆစ်ထိ ခေါက်တင်ထားလိုက်သည်။
"ပူလိုက်တာကွာ..."
"ပူတာကတော့ရက်စက်တယ်...ဒီလိုအချိန် ကမ်းခြေမှာသာ သွားအပန်းဖြေလိုက်ရလို့ကတော့..."
"မင်းအသားတွေ ပိုးစိုးပက်စက် နေလောင်ပြီပေါ့"
Saint ညည်းညူသံကို ဖြည့်ပြောလိုက်သော Markစကားကို အငေါ်တူးလိုက်ရင်း ဘေးတွင်ဝင်ထိုင်လိုက်သည်က Perth"
"နေပါဦး တစ်မနက်လုံး အတန်းမတက်ဘဲ ဘယ်ကိုသဝေထိုးပြီး ပြန်လာတာလဲ"
ဘေးကို စောင်းငဲ့ကာ မေးလာသော Markကြောင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော Saintကို ငေးကြည့်မိသည်။  သိချင်စိတ်ပြင်းပြနေသော မျက်ဝန်းဝိုင်းဝိုင်း များ အကြား အသက်ရှူရကြပ်နေတာ အမှန်...သူသာ အမှန်အတိုင်းပြောလိုက်ရင် စိုးရိမ်မှာ မလွဲပေ။ မလိုလားတာတွေ ဖြစ်လာမည်ကို စိုး၍ ဘာမှမဖြစ်သလိုပင် နေလိုက်ကာ
"ဒီလိုပါပဲကွာ...အတန်းတက်ရတာ ပျင်းလို့ အပျော်သွားရှာတာ..."
"အယ်လယ်...မင်းကွာ ငါ့တော့ မခေါ်ဘူး"
Markအပြစ်တင်သံကို သူမကြား။ ပြောပြောကြည့်ကြည့် လှမ်းကြည့်လိုက်ချိန် ကွက်ခနဲပျက်သွားသော Saintမျက်နှာနှင့် ချက်ချင်းဝမ်းနည်းရိပ်တွေ ဖုံးလာသော မျက်ဝန်းကိုသာ ငေးနေမိသည်။
"ပူတာကို ဘာလုပ်နေကြတာလဲ"
ခဏတာ တိတ်ဆိတ်မှုကို ချက်ချင်းဖြိုခွင်းရင်း ၀င်လာသူက Meanနှင့် Plan
"ပူလို့ပဲ အရိပ်မှာ ထိုင်နေတာလေ...ဒီမှာမထိုင်လို့ basketball ကွင်းထဲ ထိုင်နေရမလား"
ရောက်ရောက်ချင်း ဘုတောလွှတ်သော Saintကြောင့် Meanတယောက် မျက်နှာပိုးသတ်လိုက်ရသည်။
Planက
"အေးလေ...ခင်ဗျားကိုက ပေါက်ကရအတော် ပြောနေ...မပြောချင်ဘူး 😒"
"ကဲတော်ကြပါတော့...ဒီမှာပူရတဲ့အထဲ အတွဲလိုက်လာroပြနေတယ်...ဘာလာလုပ်ကြတာလဲ Planမနက်ကပြောတော့ တနေကုန် Dateဆို 😒ကျောင်းထဲတင် dateနေတာလား 😒"
"မဟုတ်ပါဘူး Markရာ Dateဖို့နေနေသာသာ ဒီလူကြီးကို စောင့်နေရတာနဲ့ ဘယ်မှကို မသွားရသေးဘူး"
"Planရာ ကိုယ်က ဖေဖေခိုင်းတာ လုပ်ပေးနေရလို့ပါ ခဏစောင့်ပေးဖို့ ကိုယ်ဖုန်းခေါ်တယ်လေ "
"ခင်ဗျားခေါ်တော့ အတန်းစတာ တ၀က်ကျိုးတော့မယ်လေ အချိန်ကို ကြည့်ပြီး စောခေါ်ပါ့လား ခုတော့ မနက်အတန်းလွတ်တာပဲ"
"ကဲ...တော်ကြပါတော့ဆို...ပြောကာမှ ပိုကဲပြနေတယ်...ကောင်းကြရော...တစ်ဖွဲ့လုံးမှ(၃) ယောက် ရှိပါတယ်...တစ်ယောက်က ရည်းစားနဲ့ သွားတယ်...နောက်တစ်ယောက်
ကလည်း အပျော်သွားရှာတာတောင် ကိုယ့်သူငယ်ချင်းလေးကို
ထားခဲ့ရက်တယ် 😒ဟွန့်"
"ဘာရယ်...မင်းတို့(၂) ကောင် အတန်းတက်နေတာမလား ဟင် Perth"
အံ့ဩဟန်ဖြင့် မေးလိုက်သော Planစကားကြောင့် Perthမျက်နှာ တစ်ဖက်သို့ လွှဲသွားသည်။ ခုနက တဗျစ်တောက်တောက်နှင့် ပေါက်ပေါက်ဖောက်နေသော Markက ကြယ်သီးနှစ်လုံးခန့် ဖြုတ်ထားသော အင်္ကျီ ကို ပိုဟလိုက်ရင်း ပူအိုက်နေဟန်ဖြင့် ဖုန်းကလိနေသည်။
သူတို့အဖွဲ့ကြား ခဏတာ တိတ်ဆိတ်မှု ပိုသွားလေသည်။
"ငါသွားလိုက်ဦးမယ်ကွာ..."
ရုတ်တရက် ထသွားသော Saintကြောင့်
"ဟေ့ကောင် ဘယ်လဲ"
အလျင်စလို လှမ်းမေးလိုက်သော Meanကို
"အတန်းသွားမလို့" ဟု တိုပြတ်ပြတ် ဖြေကာ ထွက်သွားသည်။
"Meanကလည်း P'Saintကို ခင်ဗျားလို ထင်နေလား
သူ့ဘာသာ အတန်းရှိလို့ သွားတာကို "
"အာ...ဘာတွေပြောနေတာလဲ ကလေးရယ်...ညနေက ကိုယ်တို့ အတန်းမှမရှိတာ"
Meanစကားအဆုံး ၀ုန်းခနဲထကာ ထွက်သွားသော Perthကို မည်သူမျှပင် တားချိန်မရလိုက်။
"သူတို့ဘာဖြစ်နေကြတာလဲ? "
ဆန့်ကျင်ဘက်ဆီသို့ အသီးသီးထွက်သွားကြသော သူတို့နှစ်ဦးကို နားမလည်သလို ပြောနေသော Mark
"ကဲ...မင်းပါးစပ်ကို ပိတ်တော့...Mark Siwatရယ် အရပ်ရှည်သလို လျှာကိုရှည်တယ် "
"မင်းနော်...ထုလိုက်လို့ မရှည်တဲ့အရပ် ပုသွားမယ်"
"ဟေ့ကောင်...မင်းနော် ငါ့ကောင်လေးကို ထိရဲထိကြည့် တစစီလုပ်ပြီး သွားကြားထိုးပစ်မယ်"
"ဘာ...P'နော်"
ဪ...ဒီ(3)ယောက် ဘယ်တော့များမှ တည့်မှာပါလိမ့်...

Twitter message Notiသံတွေဖြင့် ဆူညံနေသော ဖုန်းကိုSaint silentလုပ်ပစ်လိုက်သည်။
"ငါဒီလောက်တော့ စိတ်ဆိုးခွင့် ရှိတယ်မလား Perth..."
.........
"ဟာ..."
စိတ်တိုတို ဖြင့် ဖုန်းကို ပစ်ပေါက်လိုက်မိသည်။
စိတ်ထဲမှာ ဘယ်လိုခံစားမှုမှန်းမသိ ခံစားနေရသည်။ နေ့လည်က ကိစ္စတည်းက အရာရာကို စိတ်ကမကြည်လင်။ဘာကိုမကြည်လင်မှန်း ကိုယ့်ဘာသာတောင် သတိမမူမိ။ စိတ်ပြေလိုပြေငြား P'Saintဆီ message ပို့တော့လည်း စာပြန်ဖို့ နေနေသာသာ ဖတ်တောင်ကြည့်ပုံမရ။
သူတစ်ယောက်ထဲ အတွေးများနေတုန်း ဖုန်းဝင်လာလို့ ယူကြည့်လိုက်တော့ Mark Siwat
"အေး...ဘာလဲကွာ"
စိတ်တိုတိုနဲ့ သူအော်ပစ်တော့ အားကျမခံ တဖက်မှ ခပ်စွာစွာ သံထွက်လာသည်။
"ဘာမှ မလဲဘူး ... မင်းအခုဘယ်မှာလဲ...မင်းအိမ်မှာလား"
"အေး...ငါစိတ်ရှုပ်နေတယ်ကွာ...ပြောစရာမရှိရင် ဖုန်းမခေါ်နဲ့"
"မင်းပါပါးနဲ့ ကွိုင်ထားတာလား"
တဖက်မှ အမေးစကားကို မဖြေချင်၍ သူငြိမ်နေတော့ စကားသံဆက်ထွက်လာသည်။
"အေး ရှုပ်နေလည်း သွားရှင်းကြတာပေါ့ မင်းကို ငါလာခေါ်မယ် "
"ဘယ်ကိုလဲ?"
"Barကို..."

"Hey, မလာတာ ကြာပြီနော် ညီတို့ "
ရောက်ရောက်ချင်း ဆီးကာ ဖြန့်ပေးသော Titleလက်ကို Markက ပြန်ရိုက်လိုက်ရင်း
"မလာဆို ကျောင်းစာတွေနဲ့ ရှုပ်နေလို့ပါP'ရာ"
"Perth...မှိုင်လှချေလားကွ"
"စိတ်နည်းနည်းနောက်နေလို့ပါ P'ရာ "
"ကဲပါ...relax ပေါ့ကွာ နော်"
ပြောပြောဆိုဆို P'Titleက သူ့ရှေ့သို့ အသင့်စပ်ထားသော wineခွက်ကို လာတိုးပေးသည်။
သူသက်ပြင်းတိုးတိုးသာ ချမိတော့သည်။

            Firesun 🔥

ထာဝရထက်ပို၍ Where stories live. Discover now