အပိုင်း-(၁၈)

452 52 14
                                    

"အကို နဲ့ ကျွန်တော်က အရင်လို မနီးမဝေး အခြေအနေ နဲ့ပဲ ထိုက်တန်ခဲ့သလား "

"အင်း ... သဘောပေါက်ပြီ ... အာ့တာဆို ညနေမှ တွေ့မယ် ကြိုးစားလိုက်ပါဦး "

Gunရဲ့ ခပ်တိုးတိုး ဆဲဆိုသံကို ဂရုမထားပဲ သူ ဖုန်းကို ချပစ်လိုက်သည်။ နာရီကို ကြည့်လိုက်တော့ မနက်၉နာရီ...

"နောက်တစ်နာရီ လောက်နေရင် မင်းဟာလေး ရောက်လာလိမ့်မယ် "
ဆိုတဲ့ Gunရဲ့ စကားသံကို ကြားယောင်မိတော့ ပြုံးမိသေးသည်။ ရေကရားထဲမှ ရေကို ဖန်ခွက်ထဲ လောင်းထည့်လိုက်ရင်း သောက်လိုက်သည်။ ကောင်လေး မလာခင် သူ ရေမိုးချိုး ထားရန် ပြင်လိုက်သည်။
😽❤

ရင်းနှီးနေကျ လမ်းထဲသို့ ချိုးဝင်လိုက်ရင်း ခပ်ဟဟ ရယ်မိသည်။ ဘာကြောင့်ရယ် မသိ ... စိတ်တချို့က လန်းဆန်းကာ ပေါ့ပါးလို့ နေသည်။ အနှစ်နှစ် အလလက စောင့်မျှော်ခဲ့ရသူကို တွေ့ရမည်ဆိုပေမယ့် လိုတာထက် ပိုပြီး ပျော်ရွှင်ခြင်းမျိုး မဖြစ်ခဲ့ ...

သာမန် လူတယောက်ကို တွေ့ရမည့်ဟန်မျိုးဖြင့် အထွေထူး စိတ်လှုပ်ရှား မနေခဲ့ ...

အိမ်ရှေ့တွင် ကားရပ်လိုက်တော့ အသင့်စောင့်နေဟန်ရသော Saintက ထလာကာ တံခါးလာဖွင့်ပေးသည်။
သာမန်ဆွယ်တာတထည်နှင့် ဘောင်းဘီရှည် အဖြူတို့ကို တွဲဝတ်ထားပေမယ့် ကြည့်ကောင်းနေပြန်သည်။ ခေါင်းလျှော်ထားဟန် ရသော မစိုမခြောက် ဆံပင်တို့က ရေစက်တို့ တွဲလွဲခိုနေပြန်သည်။

ကားကို ခြံထဲသို့ ချိုးကွေ့ဝင်ကာ ရပ်လိုက်ရင်း ကားတံခါးဖွင့်
ကာ ဆင်းလိုက်သည်။

"Morning "

သူ့နှုတ်ဆက်သံကို အသိအမှတ်ပြုဟန်ဖြင့် Perth ခေါင်းငုံ့ကာ လက်အုပ်ချီ နှုတ်ဆက်လိုက်တော့ သူ့ဘက်က လက်အုပ်ပြန်ချီလာသည်။

"ထိုင်ပါဦး ... အလုပ်ကိစ္စကတော့ Gun နဲ့ အားလုံး ပြောခဲ့ပြီးသား ထင်တယ် "

"Kha ........."

တယောက်တခွန်း အမေးအဖြေကြားမှာ တိတ်ဆိတ်မှုက နေရာယူလာပြန်သည်။

"ဟို ... Gun ကပြောတယ် ... ကုန်ကျစရိတ်တွေ မင်းကို ငှားရမ်းခတွေ ကိုယ်နဲ့ ဆွေးနွေးချင်တယ်ဆိုတာ "

ထာဝရထက်ပို၍ Where stories live. Discover now