အပိုင်း-(၉)

897 96 4
                                    

"We all commit to love that makes you cry"
❤❤❤
"စိတ်ပျက်တယ်...စိတ်ပျက်တယ်...ငါဘာတွေလုပ်လိုက်တာ
လဲ"
အခန်းထဲမှာ ခေါက်တုန့်ခေါက်ပြန် လျှောက်ရင်း တကိုယ်တည်း မြည်တွန်နေသူက Perth...
သူနဲ့ Saintsup တို့ ကျောင်းမှာ စကားများခဲ့ကြသည်။ Saint ပညာတော်သင် ကိစ္စနဲ့ပါ...
သူလည်း ထိုအချိန်က စိတ်ရှုပ်နေတာ တကြောင်း...
ရုတ်တရက် saintအပေါ် စိတ်မချတာက တကြောင်းနဲ့
ရောထွေးကာ သူအော်လိုက်မိသည်။
သူတကယ်က saintကို ဘယ်မှ မလွှတ်နိုင်ပါ။ ယုတ်စွအဆုံး သူ့မျက်စိ အောက်ကပင် အပျောက်မခံနိုင်...
အရာရာကို ရိုးရိုးသားသားပဲ တွေးတတ်တဲ့ သူ့ချစ်ရသူ အကိုကို ဘယ်လိုမှ စိတ်ချပေးလို့မရ...
တားလို့ကတော့ ရမည်မထင်... ပညာရေးနှင့် ပတ်သက်၍ Saintက စေ့စပ်တိကျသည်။ ပြီးတော့ ဒီခရီးက excursion ပုံစံပေမယ့် လေ့လာရေးနှင့် စာပေဆိုင်ရာတွေ ပါဝင်နေသည်။
ဟင့်အင်း...လုံးဝမဖြစ်ဖူး...ဒီမှာတောင် သူSaintကို စိတ်မချတာ...ဟိုမှာဆို...ဟာ...
ဖွဟဲ့...မပြောကောင်း မဆိုကောင်း... P'Saintသာ ထိခိုက်မိရင်...
သူဆက်မတွေးရဲတော့ ... ညနေက သူတို့စကားများ ရန်ဖြစ်တုန်းက Saint၏ မျက်နှာပုံစံကို သူပထမဆုံး တွေ့ဖူးခြင်း ဖြစ်သည်။
ဒေါသထွက်သယောင် သူ့ကိုအော်လိုက်ပေမယ့် တခုခုကို ဖုန်းကွယ်ဖို့ ကြိုးစားသလို ထင်မိသည်။
"ကလစ်"
အတိတ်ကာလ သို့ လွှင့်မျောနေသော သူ့ပုံရိပ်တို့ကို တံခါးဖွင့်သံ က ပစ္စုပ္ပန်ဆီသို့ ဆွဲခေါ်လိုက်သည်။ နံရံကို မှီထိုင်လျက်ပင် အခန်းထဲသို့ ၀င်လာသူအား ခေါ်လိုက်မိသည်။
"ပါး........."
သူ့အသံက တိုးညှင်းစွာ...
အနားရှိ ကုတင်ပေါ်တွင် ထိုင်လိုက်သော သူ့ဖေဖေက
"မင်းအစာမစားဘူးဆို..."
"ပါး...ကျေနပ်တယ်မလား...ကျွန်တော့်ကို ဒီလို လုပ်လိုက်
တာ..."
သူ့ဖေဖေဆီ မကြည့်ဘဲ နံရံကို ကြည့်နေရင်းပင် ဖြေလိုက်သည်။
သူ့ဖေဖေက ကုတင်ပေါ် ထိုင်နေရာမှ ထလိုက်ရင်း
"ပါး မင်းကို ပြောခဲ့တယ်ထင်တယ်...မဟုတ်ဘူး...သတိပေးခဲ့တယ်မလား...မင်းတို့ကို မရရတဲ့နည်းနဲ့ ခွဲမယ် ဆိုတာ"
"ဟက်...အာ့တာကြောင့် ကျွန်တော့်ကို ခုလိုမျိုး ချုပ်ထားတာပေါ့"
"မင်းကိုချုပ်ထားတယ်ဆိုတာ...မဖြစ်သင့်တာ မဖြစ်ရအောင်
ပါးက ဂရုစိုက်ပေးယုံပါပဲ"
ပြောရင်းနဲ့ပင် သူ့ပခုံးကို လာကိုင်သော ပါး...
"အခုတော့ မင်းကို လွှတ်ပေးလို့ရပြီ ထင်တယ်...မင်းကောင်လေး က သိတတ်သားပဲ"
စကားအဆုံးမှာ သူ ၀ုန်းကနဲ ထရပ်လိုက်မိသည်။
"ခင်ဗျားကြီး P' ကို ဘာတွေ သွားပြောလိုက်တာလဲ! "
သူ့အမေးကို မဖြေပဲ ပါးက ခပ်ထေ့ထေ့သာ ပြုံးသည်။

ကုတင်ဘေးတွင် တင်ထားသော မီးအိမ်မှ မီးရောင်ကို လျော့ ချလိုက်သည်။ မှိန်ပြပြ မီးရောင်က သူ့ကို နေရတာ ပိုအဆင်ပြေသလို ခံစားရသည်။
"ဟူး........."
လေးတွဲ့တွဲ့ သက်ပြင်းရှည်ကြီးကို ချလိုက်မိသည်။ သူ့ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင် ချလိုက်သည်။ သူ Perthနဲ့ ဝေးရာကို ခဏတာ ဖြစ်ဖြစ် ထွက်သွားတော့မည်။
တသက်တာ...အင်း...တသက်တာလည်း ဖြစ်သွားနိုင်သည်။
မဖြစ်နိုင်သော အရာနစ်ခုကို ပေါင်းစည်းဖို့ သူမကြိုးစားတော့။ သူပင်ပန်းနေပြီလေ။ အင်း...သူသိပ်ပင်ပန်းနေပြီ။
ပြတင်းတံခါးကို ဆွဲဖွင့်လိုက်ရင်း ညအလှကို ခံစားမိတော့ မီးရောင်စုံနှင့် Bangkok မြို့ကြီးက ဘာမှ မသိသယောင် လှပနေလိုက်တာများ.........
စာရေးစားပွဲမှာ ထိုင်ရင်း Diary စာအုပ်ကို ဖွင့်လိုက်မိသည်။ စာမျက်နှာ တစ်ခုစီတိုင်းတွင် ခံစားချက် စာသားတွေနှင့် ဓာတ်ပုံသေးသေးလေး များ ကပ်ထားသည်။
တချို့ပုံများက Perthတယောက်တည်း ပုံလေးတွေ၊ တချို့ပုံများက Perthနဲ့ သူနဲ့ ၂ယောက်တွဲ ပုံလေးတွေပင်...
ပုံလေးတွေ အောက်မှာလည်း date လေးတွေ ထိုးထားသည်။
စာရွက်တွေပေါ်သို့ မျက်ရည်တစက် ကျလာသည်။ ဆက်တိုက်ပင် စာရွက်တစ်ခုလုံး စိုရွှဲမတတ် ဖြစ်လာသည်။
"အာ...မျက်လုံးထဲ အမှုန်တွေ ၀င်ကုန်ပြီ"
သူတစ်ယောက်တည်း ရေရွတ်ကာ မျက်ရည်တို့ကို သုတ်လိုက်ပေမယ့် ပိုတောင် ဆိုးလာသည် ထင်သည်။ ထိန်းမရအောင် ကျလာတော့သည်။
ကုတင်ဘေးတွင် ဒူးနှစ်ဖက်ကို လက်ပိုက်လိုက်ရင်း ထိုင်ချလိုက်ကာ ထိန်းချုပ်ရခက်သော မျက်ရည်တို့ကို စိတ်ကြိုက် လွတ်လပ်ခွင့် ပေးလိုက်တော့သည်။

Perth.........
အရက်တို့ကို ခွက်ထဲသို့ ငှဲ့ထည့်လိုက်ရင်း တစ်ခွက်ပြီး တစ်ခွက် ကောက်မော့လိုက်သည်။ သူတိုက်ခန်းသို့ မပြန်ဖြစ်။ နောက်ဆုံးလက်ကျန် အရက်ခွက်ကို မော့လိုက်ဟန်ပြင်ချိန်မှာ
"သခင်လေး...အရမ်းများနေပြီ မသောက်ပါနဲ့တော့"
သူ့လက်ကို ထိန်းထားသော အိမ်တော်ထိန်း ကြီး၏ လက်ကို ဖယ်လိုက်ရင်း အရက်ခွက်ကို ကောက်မော့လိုက်သည်။

Mean အိမ်တော်ထဲကို လှမ်းဝင်လိုက်ချိန်မှာ အိမ်တော်ထိန်း ရောက်လာသည်။
"Perth...ဘယ်မှာလဲ"
အိမ်တော်ထိန်း ကြီး လိုက်ပြရသော သူရောက်သွားသော အရပ်ပုလင်းတွေ ကြားမှာ ဖရိုဖရဲ ဖြစ်နေသော Perth
"သခင်လေး သောက်တာတွေလည်း များနေပြီ...တပုလင်းကုန်ရင် ထပ်ယူခိုင်းတယ်...ယူ မပေးရင် တွေ့ရာ ပစ္စည်းတွေ ဖျက်ဆီးပစ်တယ်...အစေခံ တွေလည် လန့်နေကြတယ်..."
"ဘယ်လိုဖြစ်ကြတာလဲ"
"သခင်ကြီးနဲ့ ပြသနာ ဖြစ်ကြတာပါ...သခင်ကြီး ထွက်သွားပြီးတည်းက ထိုင်သောက်နေတာ"
အိမ်တော်ထိန်း ကြီး စကားအဆုံး မှာ သူ Perthဆီ လျှောက်သွားလိုက်သည်။
ဘယ်လောက် တောင် သောက်ထားသည်မသိ။ ခေါင်းပင် မထောင်နိုင်တော့...
Mean ...Perthကို ဂုတ်ကနေ ဆွဲမလိုက်ရင်း
" Perth...Perth ဟေ့ကောင် ထစမ်း...ဘယ်လောက်တောင် သောက်ထားတာလဲ..."
သူ့ အသံကြောင့် ခေါင်းမော့လာသော Perth
"ဘယ်သူများလည်းလို့...ချစ်လှစွာသော အကိုကြီးပါလား "
"အာလေးလျှာလေးသံနဲ့ ပြောမနေနဲ့ ... ထ ဆက်မသောက်နဲ့တော့"
ဆွဲခေါ်နေသော Meanလက်ကို ပုတ်ထုတ်လိုက်ကာ
"ခင်ဗျား နဲ့ ဆိုင်လား!  ကိုယ့်ဘာကိုယ် သောက်ချင်လို့ သောက်တာ...ခင်ဗျားတို့တွေကလေ...တကယ်ပဲ...နားမလည်ကြဘူး...ကိုယ့်ဘက်ကို ပဲ ကြည့်တတ်ကြတဲ့ လူတွေ...ခင်ဗျားတို့ ဖြစ်စေချင်သလို ဖြစ်သွားတော့ ပျော် နေတယ်မလား"
"Perth...မင်းဘာတွေ ပြောနေတာလဲ? "
"ဟက်...သိပ်ကို ရိုးသားကြတာပေါ့...အခုမှ သိပ်ကို ရိုးသားဖြူစင် နေကြတာပေါ့...ဟန်ဆောင်လည်း ကောင်းကြပါပေရဲ့...အခုစိတ်ထဲမှာ သိပ်ပျော်နေကြတယ်မလား...ဟိုတစ်ယောက်လည်း ဘယ်ကတည်းက ကျွန်တော့်ဆီက ပြေးထွက်ချင်နေလည်း မသိဘူး...ခင်ဗျားတို့ သူငယ်ချင်းကြီးကို မေးလိုက်စမ်းပါ... ကျွန်တော့်ဆီက ပြေးထွက်သွားရတာ ပျော်တယ်မလားလို့"
ဒယိမ်းဒယိုင်နဲ့ အော်ဟစ်နေသော Perth...
လဲကျသွားတာကြောင့် Mean လှမ်းထိန်းလိုက်ရသည်။
Perthကတော့ အိပ်မောကျသွားလေပြီ။ အမူးလွန်ပြီး မှောက်သွားတာပေါ့လေ...
Perth ကို ထိန်းထားရင်းမှ Mean သက်ပြင်းချလိုက်မိသည်။ သူ့ မိသားစု ကိစ္စနဲ့ ခရီးသွားနေရင်းမှ အဆက်အသွယ် ခဏပြတ်နေစဉ်မှာ ကိစ္စတွေက ရှုပ်ထွေးကုန်ပြီ။ ဒါတောင် သူခရီးထွက်တာ တရက်နှစ်ရက်သာ ရှိသေးသည်။
"ဘာတွေဖြစ်ကုန်ကြတာလဲ ..."
❤❤❤
        ဇာတ်က ပေါ့ပျက်ပျက် ဖြစ်သွားရင် တောင်းပန်ပါတယ် 🙏
အတတ်နိုင်ဆုံး ကြိုးစားပေးထားပါတယ်ဗျ 😁✌
               Firesun 🔥

ထာဝရထက်ပို၍ Where stories live. Discover now