အပိုင်း (၁၆)

436 58 24
                                    

"ကျွန်တော်တို့ အရမ်းကြီး မနီးစပ်ခဲ့သလို အရမ်းလည်း မဝေးကွာခဲ့ပါဘူး "

"ဟယ်လို Saint Supပြောနေပါတယ် ..."
"လက်ထောက် ဒါရိုက်တာကြီး အဲ အခု CEO လို့ ခေါ်သင့်တာမလား "
တဖက်မှ ရွှတ်နောက်နောက်စကားကြောင့် Saintပြုံးလိုက်မိသည်။
"Gun! နောက်မနေဘဲ ပြောစရာရှိတာပြော! "
သူ ပြန်ပြောတော့ Gunရဲ့ ခပ်ဟဟရယ်သံကထွက်လာ
သည်။ အလုပ်ချိန်တွင်းမှာသာ ရာထူးအလိုက် သူတို့တွေ ပြောဆို ဆက်ဆံပေမယ့် အလုပ်ပြင်ပမှာတော့ နာမည်ကိုသာ တရင်းတနှီးခေါ်ကြသည်။ 

"(15)မိနစ် အတွင်း ငါ့ကို လေဆိပ်ကို လာကြိုပါ "
"ဘယ်လို ...!အဟွတ်ဟွတ်"
ရုတ်တရက်မို့ အံ့ဩကာ သောက်နေသောရေတွေ သီးကုန်
သည်။
"ဟဲဟဲ...surprise!!  မင်းသိချင်တာ လေဆိပ်ကိုရောက်အောင် ဖြေပေးမယ်ကွာ... အခုတော့ ငါ့ကို လာခေါ်တော့!!

လေဆိပ်မှာ ပစ္စည်းတွေကို တင်ပေးရင်း ကားပေါ်ရောက်မှ သူ Gunကို ကျိန်ဆဲပစ်လိုက်သည်။  သူ့ဆီက ဌောပနာပြု စကားကို လက်ခံရင်း Gun က ခပ်ထေ့ထေ့ပြုံးသည်။

"CEO ကြီးကလည်း...စိတ်ကို လျော့ဦးမှပေါ့ ...ကိုယ့်အတွင်းရေးမှူးကို ဘယ်လိုတောင် ကြိုဆိုစကား ပြောရတာတုန်း! "

"စကားများလိုက်တာ ... ဘယ်တုန်းက အာ့လောက် စကားများတတ်နေတာလဲ ... ဒီကို ဘာလာလုပ်တာလဲ ..."

"ဥက္ကဌ လွှတ်လိုက်တာ ... မင်းကို ကူညီပေးဖို့ ... မင်းရဲ့ အတွင်းရေးမှူးပေါ့ ... မင်းကို ကူညီပေးဖို့ လာတဲ့သူကို ရိုရိုသေသေ ဆက်ဆံပေါ့ "

"မလိုအပ်တာမို့ ပြန်ချင်ရင် flightနဲ့ တင်ပေးမယ် ပြန်မလား "

သူခပ်ရွဲ့ရွဲ့ ဆိုတော့ Gunက ဘာမှ မပြောပဲ မျက်လုံးမှိတ်ကာ အိပ်လိုက်လာသည်။

Company ကို ရောက်တော့ ၀န်ထမ်းအားလုံးကို ခေါ်ကာ Gunနဲ့ မိတ်ဆက်ပေးသည်။

"အားလုံးပဲ ... သူက Gun တဲ့ ရုံးချုပ်ကနေ လာတဲ့ လူတွေတော့ သိကြမယ် ထင်တယ် ...သူက အခု ဒီကို တာဝန်နဲ့ လာတာပဲ ... ငါ့ရဲ့ အတွင်းရေးမှူး အနေနဲ့ ရှိလိမ့်မယ် ... ကိစ္စတခုခု ရှိရင် သူ့ကိုလည်း ပြောလို့ရတယ် ...အားလုံး သဘောပေါက်တယ်နော် "

ထာဝရထက်ပို၍ Where stories live. Discover now