အပိုင်း -(၁၉)

780 44 6
                                    

ငြိမ့်ညောင်းတဲ့ သံစဉ်တစ်ခုကို ဖန်တီးဖို့ လက်ချောင်းများကို စတင်လှုပ်ရှားမိသည်။ ထွက်ပေါ်လာတဲ့ တေးသွားရဲ့ နောက်မှာ မျက်ဝန်းအစုံတို့ကို မှိတ်လျက် သူတီးခတ်ရင်း လိုက်ပါ စီးမြောနေမိတာ အဆုံးသတ် သံစဉ်တို့ကို တီးခတ်အပြီး ကြားလိုက်ရတဲ့ လက်ခုပ်သံကြောင့် သူ့အနားမှာ လူတစ်ယောက် ရောက်နေမှန်း ထိုအခါမှ သတိထားမိတော့သည်။

"P'Saint Saint "

နှုတ်ဖျားမှ တိုးညှင်းစွာကျလာသော နာမ်စားတခု ...

ကျောင်း uniform ကို သေသပ်စွာ ၀တ်ဆင်လေ့ ရှိတဲ့ Saintက ယခုလည်း တံတောင်ဆစ်ထိ သေသပ်စွာ
ခေါက်ထားသော အင်္ကျီလက်ကို ဖြည်ချရင်း

"ကျောင်းကပွဲ အတွက် အနုပညာခန်းကို ခဏလာတာ ...
Guitar သံကြားလို့ ရပ်နားထောင်နေမိတာ ..."

"P'က ဂီတကို ၀ါသနာပါတာလား ... "

"၀ါသနာပါတယ်လို့တော့ မဟုတ်ပါဘူး ... ဒါပေမယ့် ... ဒီလိုမျိုး နားထောင်ရတာ သဘောကျတယ် ... အထူးသဖြင့် အခုလို တီးခတ်နေတာမျိုးပေါ့ ..."

အဆုံးသတ်မှာ တိုးညှင်းသွားသော Saint အသံကို သတိထားမိပုံ မရသော Perth  က သူ့လက်ထဲရှိ guitar  ကို နေရာတကျ ပြန်ထားနေရင်း

"နားထောင်ရတာ သဘောကျရင် တီးပြမှာပေါ့ ... ကျွန်တော့် က ဂီတကို မြတ်နိုးတယ် ... သံစဉ်တွေကို ဖန်တီးရတာ ကြိုက်တယ် ... နားထောင်ရတာ သဘောကျတဲ့ Saint Saint အတွက် ကျွန်တော့် ကိုယ်ပိုင် သံစဉ်တွေကို ဖန်တီးပြရင်ရော ... နားထောင်ပေးမှာလား "

သူ့မျက်လုံးကို စေ့စေ့ ကြည့်ကာ မေးလာသော Perth ရဲ့ အမေးကို Saint က အပြုံးတစ်ခုဖြင့် သာ အဖြေပေးလာခဲ့သည်။

ထိုအပြုံး၏ အဓိပ္ပာယ်ကိုတော့ ...

လွန်ခဲ့သော ကျောင်းသားဘ၀က အမှတ်တရ အချို့ကို ပြန်လှန်တွေးရင်း Perth ခပ်ရေးရေး ပြုံးမိသည်။ မည်သူမဆို အမှတ်တရ တွေကို ပြန်တွေးမိတိုင်း ပြုံးတတ်ကြတာ သဘာဝပဲ မဟုတ်လားလေ ...

"ဘာတွေ အာ့လောက် သဘောကျနေတာလဲ decorator ကြီးရဲ့ ..."

Siwat ရဲ့   ခပ်ငေါ့ငေါ့ အမေးကို ဂရုစိုက်ဟန်မပြသော Perth ကbar မှာ cocktail စပ်နေသော Title ဆီက cocktail ခွက်ကို သွားယူနေသည်။

You've reached the end of published parts.

⏰ Last updated: Nov 09, 2019 ⏰

Add this story to your Library to get notified about new parts!

ထာဝရထက်ပို၍ Where stories live. Discover now