အပိုင်း-(၃)

898 93 11
                                    

"လာစမ်း...မင်း...ဒီကို"
"အာ...ဘာလဲ..."
Meanဆွဲခေါ်ရာသို့ Perth ဒရွတ်တိုက်ပါလာသည်။ သူပြောတာ ဘာများမှားလို့လဲ Meanကိုကြည့်ရတာလည်း စိတ်တိုနေပုံရသည်။ ရှူးရှူးရှဲရှဲနဲ့ ရယ်ချင်စရာ...ဟိ
"ဘာကောင်းတာတွေ လုပ်ထားလို့ မျက်နှာက ပြီတီတီဖြစ်နေရတာလဲ 😒 "
ရှူတည်တည်နဲ့ ခါးထောက်ကာ မေးလာသော Meanကြောင့် မျက်နှာပိုးသတ်လိုက်ရသည်။
"ကျွန်တော်က ဘာလုပ်လို့ Meanကရော စိတ်တိုနေရတာလဲ"
"မင်းလုပ်တာ မင်းမသိဖူးလား! "
"သိဘူး! ဟီး"
"မင်းကွာ! ဟိုနေ့ကSaintကို ဘာလို့အာ့လို သွားပြောတာလဲ"
"ပြောတော့ ဘာဖြစ်လို့တုန်း"
"မင်း! .........
သူ့ကိုလက်ညှိုးထိုးပြီး ပြောမယ်လုပ်ပြီးမှ စကားကို ရပ်ပစ်လိုက်သော Meanကြောင့် Perthတယောက် သိချင်စိတ်က ပိုလာရသည်။ လူဆိုတဲ့အမျိုးကလည်း မပြောပါဖူးဆိုမှ သိချင်တဲ့အမျိုးလေ။
"ဘာဖြစ်လို့တုန်းဟင်! ဘာလို့တုန်းဟင်လို့"
အခုလည်းကြည့် Meanမျက်နှာကို ကြည့်ကာ Perthတယောက် မရမက လိုက်မေးနေသည်။
"Perth...ညီလေး တခြားသူရှာပါ့လားကွာ အကိုရှာပေးမယ်လေ မင်းကမိန်းကလေး မဖြစ်ဘူးဆိုလည်း ယောင်္ကျားလေး ရှာပေးမယ်ကွာ...နော် Saintကို ဟိုနေ့ကစတာလို့ ပြောလိုက်နော်"
"အာ...ဘာလို့ပြောရမှာလဲ P'Saint Saintနဲ့ပဲ တွဲမှာ "
"ပြောလို့မရဘူးလား Perth"
"No way အကြောင်းပြချက် ပေးရင်တော့ စဉ်းစားပေးမယ် မဟုတ်ရင်တော့...🙄"
မထီသလို ပြောလာသော Perthကြောင့် Meanစိတ်ညစ်သွားတာ အမှန်။" အကြောင်းပြချက်ကို အမှန်တိုင်းသာ ပြောရင် မင်းP'Saintက ငါ့ကိုလာသတ်လိမ့်မယ် ကွ "ဟု စိတ်ထဲမှသာ ကြုံးဝါးနေရသည်။
"Meanက ဘာဖြစ်နေတာလဲ P'Saint Saintတောင် ဘာမှမဖြစ်ပဲ သဘောတူထားတာကို"
"ဘာ...Saintက သဘောတူလိုက်တယ် 😱"
"နောက်နေတယ်ထင်လို့လား...ဒီမှာကြည့်"
သူ့ရှေ့ကို ထိုးပေးလာသောPhoneလေးကို ဆွဲယူလိုက်ရင်း Meanအလျင်စလိုကြည့်လိုက်မိသည်။
တွေ့လိုက်ရသည်က
"Perthတောင်းဆိုတာ အကိုလက်ခံတယ်...ညီ "တဲ့လေ

တံခါးကို ၀ုန်းခနဲ ဆွဲဖွင့်ကာ ၀င်လာသော Meanကြောင့် အအိပ်ဆတ်သော Saint တစ်ယောက် လန့်နိုးသွားလေသည်။ အိပ်နေရာမှ ထထိုင်လိုက်ရင်း
"ဘာဖြစ်လာတာလဲ Meanရယ် ဖြေးဖြေးသာသာ လာပါဟ"
"Saintမင်းတကယ် ဆုံးဖြတ်လိုက်ပြီပေါ့"
"ဘာကိုလဲ...အစမရှိ အဆုံးမရှိ"
"Perthတောင်းဆိုချက်ကို မင်းလက်ခံလိုက်တယ်ဆို"
Meanရဲ့စကားအဆုံး Saint ငေးငိုင်သွားသည်။ အိပ်ယာပေါ်မှ ဆင်းကာ ပြတင်းပေါက် ဘက်သို့ လျှောက်သွားလိုက်ရင်း
"အေး...ဟုတ်တယ် Meanငါလက်ခံလိုက်တယ်"
"Saint...မင်း..."
"တော်တော့ကွာ...မင်းဆိုလိုချင်တာကို ငါသိတယ် မင်းဆက်မပြောပါနဲ့တော့...ငါလက်ခံလိုက်တယ်ဆိုတာ ကောင်လေး စိတ်ချမ်းသာစေချင်တာ တခုတည်းနဲ့ပါကွာ...မင်းစေတနာကိုလည်း ငါနားလည်ပြီးသားပါ...ဒါပေမယ့် လူတစ်ယောက်ကို ချစ်မိတဲ့အချစ်က သူပျော်နေတာမြင်ရင်ကို ကိုယ်က ဘာပဲဖြစ်နေဖြစ်နေ ပျော်နေရတာမျိုးလေကွာ..."
"အင်း...ငါကမင်းကို အခုထပ်ပိုပြီး နာကျင်ရမှာစိုးလို့ပါ"
"ဟက်...မင်းပြောတာ ငါသိပ်သိတာပေါ့Meanရာ...ငါ့အခုလို နာကျင်နေရတာ ၀ဋ်ကြွေးဆိုရင်တောင် ငါ့အတွက်တော့ လှပတဲ့ဝဋ်တစ်ခုပဲပေါ့ကွာ...ငါကျေနပ်စွာပဲ ခံယူလိုက်မယ်..."
ပြတင်းပေါက်ဘောင်ပေါ် လက်ထောက်ကာ အပြင်ကို လှမ်းကြည့်နေရင်း ဆိုလာသော Saintရဲ့စကားများကို Meanခေါင်းတဆတ်ဆတ်နှင့် နားထောင်မိသည်။
"ငါမင်းကို မေးစရာရှိတယ်...မင်းPerthအပေါ်ထားတဲ့ ခံစားချက်တွေကို ငါရိပ်မိနေတာ မင်းမအံ့ဩဘူးလား Saint"
ထိုစကားအဆုံး သူ့ကိုကျောခိုင်းထားသော Saintဆီမှ ခပ်ဟဟ ရယ်သံထွက်လာသည်။
"မင်းကငါ့အရင်းနှီးဆုံး သူငယ်ချင်းပဲ Mean...ဟိုးအရင်တည်းက ဘာကိစ္စမဆို ငါမပြောခင်တည်းက ငါ့အရိပ်အခြေကို ကြည့်ပြီး မင်းငါ့ပုံစံကို ဖတ်နိုင်ခဲ့တာပဲ...ဘာအံ့ဩစရာ ရှိလို့လဲ"
"အချစ်နဲ့တွေ့မှ မင်းလည်း ပြောင်းလဲလာတယ်နော်Saint"
"လူတိုင်းပါပဲကွာ အချစ်နဲ့ထိတွေ့ဖူးတဲ့ လူတိုင်းပြောင်းလဲ ကြတာပဲ"
"ဘာပဲဖြစ်ဖြစ်ကွာ...မင်းဘက်မှာ ငါရှိပါတယ်...Perthလည်း မင်းခံစားချက်ကို နားလည်လာမှာပါ"
"ဇာတ်သိမ်းမကောင်းဖို့ များနေတဲ့ ဇာတ်လမ်းတပုဒ်ကို "တနေ့နေ့"ဆိုတဲ့စကားနဲ့ မင်းက ထပ်ပြီး ချွေးသိပ်ဦးမလို့လား...ဘာပဲဖြစ်ဖြစ်ကွာ မင်းအားပေးတာ ကျေးဇူးတင်ပါတယ်"
တစ်ယောက်နှင့် တယောက် ကြည့်လိုက်သော သူငယ်ချင်း၂ဦးရဲ့မျက်ဝန်းတွေမှာတော့ အဓိပ္ပာယ်ပေါင်းများစွာနှင့်.........

Firesun 🔥

ထာဝရထက်ပို၍ Where stories live. Discover now