အပိုင်း- ၈

797 80 5
                                    

"ဘယ်မှာလဲ အကိုရောက်နေတာ ကြာပြီ ဘာလို့အခုထိ မလာသေးတာလဲ"
ဘယ်နစောင်မြောက်မှန်း မသိသော message ကိုပို့ပြီး လက်ကနာရီကို ကြည့်လိုက်မိသည်။
သူဒီရောက်နေတာ နာရီဝက်ခန့် ရှိနေပေပြီ။ အခုထိ Perthရဲ့ အရိပ်ယောင်တောင် မမြင်ရသေး။ အရင်ရက်က Perthက သူ့ကို တွေ့ရအောင်ဟု ဆိုကာ ချိန်း၍ ထွက်လာခဲ့ခြင်းပင်။ အခုတော့ ကိုယ်တော်လေးက ဘယ်သောင် ဘယ်ကမ်းဆိုက်နေသည်မသိ။ သူဖုန်းခေါ်တော့ လာပြီဆိုကာ ခုထိ ရောက်မလာပေ။ တခြားလူဆို စိတ်တိုကာ ပေါက်ကွဲမိလောက်ပြီ။ သူ့အကျင့်ကိုက အချိန်တိကျ မှ ကြိုက်သည်။ ယခုတော့ဖြင့် စိတ်တိုသည်ထက် စိတ်ပူတာက ပိုလာသည်။
ဒီကောင်လေးက ကားကို တဇွတ်ထိုး မောင်းတတ်သည်။ မတော်လို့ လမ်းမှာများ.........
"ဘုရားဘုရား...Saintsup မင်းဘာတွေတွေးနေတာလဲ မတွေးကောင်းတာတွေ တွေးနေတာပဲ"
သူ့ကိုသူ သတိပေး လိုက်ရင်း ခေါင်းကို ခါယမ်းပစ်လိုက်သည်။
"Saint ဘာလုပ်နေတာလဲ တယောက်ထဲလား"
သူအပြင်ဘက်ကို ငေးနေတုန်း စားပွဲနားလာရပ်သော အသံရှင်ကြောင့် မော့ကြည့်တော့
"P'Earth???? "
"အင်း...တယောက်ထဲလား Perthကော မပါဘူးလား"
ပြုံးတုံ့တုံ့နှင့် ရွှတ်နောက်နောက် ဆိုသော Earth ကြောင့် သူပြုံးယုံသာ ပြုံးမိသည်။
"Perthနဲ့ ချိန်းထားလို့ပါ P'ရ"
ခပ်ပြုံးပြုံး ပြောလာသော Saintစကားကို Earthက အံ့ဩဟန်ဖြင့်
"Wow...Okသွားပြီလား အတည်ဖြစ်ကြတော့မှာလား..."
"အထင်မလွဲပါနဲ့...P'ရယ်...အာ့ဒီလိုမျိုး ရှိလာနိုင်မှာ မဟုတ်တာ"
"အာ့လို မပြောပါနဲ့...ဖြစ်မလာသေးတာပဲ ရှိတာပါ ဖြစ်လာနိုင်ပါတယ်..."
Earth၏ စကားကို သူခပ်ယဲ့ယဲ့ ပြုံးခြင်းဖြင့်သာ တုံ့ပြန်မိသည်။
သူ့ရှေ့တည့်တည့်တွင် ထိုင်နေသော Earthက သူ့ထက် အသက်အနည်းငယ် ကြီးတယ်ဆိုပေမယ့် လူကောင်ကသေးသည်။ အသားဖြူဖြူနှင့် အပြုံးချိုချို လေးတွေက ရှိရင်းစွဲ အသက်ထက်ပင် ငယ်သယောင် ထင်ရသည် ။
"P'Title ကတော့ တကယ်ကံကောင်းတာပဲ"
"အွန်! "
အဆက်အစပ်မရှိ ဆိုလိုက်သော သူ့စကားကြောင့် "အွန်" ဟူသော အာမေဋိတ်သံ ဖြင့် ခပ်ကြောင်ကြောင် ငေးကြည့်လာသော Earth.........
"ရုတ်တရက် အမူအရာလေးတွေကအစ ချစ်ဖို့ကောင်းတဲ့ P'Earthကို ရထားတဲ့ P'Title ကို တကယ်အားကျတာပဲ"
"Saintလည်း ချစ်ဖို့ကောင်းပါတယ် အစစအရာရာ က အစ ဂရုစိုက်ပေးတတ်ပါတယ် အကို့ထက်သာတဲ့ တချက်ကို ပြောပြရမလား"
"ဘာလဲဟင်?? "
"အရာရာကို သည်းခံနားလည်ပြီး ရင်အကွဲခံပြီး ချစ်တတ်တာပဲ...အကိုလည်း Title ကိုအာ့လိုမျိုး အနစ်နာခံ ချစ်တယ်ဆိုပေမယ့် အကိုသာ Saintနေရာမှာဆို သည်းမခံ
ပေးနိုင်လောက်ဘူး...အကိုက လူသေးသလောက် ဒေါသ တအားကြီးတာ...ကိုယ့်အချစ်တွေကို အလွဲသုံးစားလုပ်သလို ချနင်းလာရင်တော့ အကိုသည်းခံနိုင်မှာ မဟုတ်ဘူး...Saintကို တကယ်ချီးကျူးပါတယ် "
"အကိုက မြှောက်လွန်းနေပါပြီ...ပြီးတော့ Perthက ကလေးပါအကိုရယ်...ကျွန်တော့်အချစ်တွေကို အလွဲသုံးစားလုပ်တယ်လို့တော့ မမြင်မိဘူး...သူကျွန်တော့်အချစ်ကို မမြင်ဘူးအကို...သူမြင်အောင် ပြဖို့ရာ ၀န်လေးမိတယ်...အကယ်၍များ သူကျွန်တော့်ကို မုန်းသွားမလားဆိုပြီး..."
"ညီက အရမ်းစဉ်းစားလွန်းတာပါ...တခါတရံ မတွေဝေဘဲ ရူးရူးမိုက်မိုက် လုပ်ရတာတွေ ရှိတယ်

ထာဝရထက်ပို၍ Opowieści tętniące życiem. Odkryj je teraz