အပိုင်း - (၁၇)

469 64 8
                                    

တစုံတယောက်ကို ချစ်မိခြင်းက အပြစ်ဆိုရင် သက်ရှိအားလုံး အပြစ်သားတွေသာ ......

"အင်း ... သဘောပေါက်ပြီ... ငါအခုလာခဲ့မယ် "

Mean ဖုန်းကို ပိတ်ရင်း အလျင်စလို ထွက်သွားဖို့ပြင်သည်။
အခန်းပေါက် အရောက်တွင် အခန်းထဲသို့ အူယားဖားယား ပြေးဝင်လာသော Plan နှင့် ၀င်တိုက်မိတော့သည်။

"P'Mean! ပြောစရာရှိ...အ! "

"ဪ...ကလေးရယ် ဘယ်လိုဖြစ်လို့ ဗြောင်းဆန်နေရတာလဲ ...တရက်ကလေးများ ငြိမ်နေပါဦးလားကွာ "

"ခင်ဗျားကို ပြောစရာ ၇ှိလို့ပေါ့ဗျ ... ဒီမှာ ကြည့်စမ်း!ကြည့်စမ်းပါဆိုနေ"

ပါးစပ်မှ တတွတ်တွတ်ပြောရင်း လက်ထဲက ဖုန်းကို မြှောက်ပြနေသော အကောင်ပေါက်စကို Meanကြည့်လိုက်ရင်း တစုံတရာ ကို ဆုံးဖြတ်လိုက်ဟန်ဖြင့်

"ကိုယ်နဲ့လိုက်ခဲ့ ...အရေးကြီးကိစ္စ ရှိတယ် "

ရုတ်တရက် သူ့ကို ဂရုမစိုက်ဘဲ သူ့လက်ကို ဆွဲကာ ခေါ်သွားတာကြောင့် Planယက်ကန်ယက်ကန်နဲ့ ပါသွားရသည်။

Planကို ကားထဲ ပစ်ထည့်လိုက်ရင်း သူပါ ၀င်ထိုင်လိုက်ကာ မောင်းထွက်လိုက်သည်။ ယခုထိ ဘာမှ သိခွင့်မရသေးသော Plan
ကစိတ်မရှည်တော့

"ဘာဖြစ်နေတာလဲလို့!  ဘာတွေလောနေတာလဲ ... ဒီနေ့အနားယူမယ်ဆို ...ဘာလဲ ... အလုပ်ကိစ္စ ပေါ်လာလို့လား! ...ပေါ်လာရင်တောင် ကျွန်တော်က ဘာလို့ လိုက်ရတာလဲ ...ဘာဖြစ်တာလဲလို့! "

"ခဏ...ခဏလေးပါကွာ ...ဟိုရောက်ရင် အကြောင်းစုံ ကိုယ် ရှင်းပြပါ့မယ် နော်... အခုအရမ်းလောနေလို့ပါကွာ ...ကိုယ့်ကို ဒီမှာ အာရုံစိုက်ခွင့်ပေးနော် ...ကားမောင်းနေတာမို့ "

Meanပြောတာ သဘာဝကျသည်မို့ Planလည်း ငြိမ်နေလိုက်သည်။
စိတ်ကသိပ်မကျေလည်ပေမယ့် ကားမောင်းနေရတဲ့သူကို စိတ်အနှောင့်ယှက် မဖြစ်စေချင်တာကြောင့် ဖြစ်သည်။

🌚❤

ဝုန်းကနဲ တံခါးကို ဆွဲဖွင့်လိုက်သံကြောင့် Saint လှည့်ကြည့်လိုက်မိ
သည်။

"ရောက်လာပြီလား "

အပြုံးတပွင့်နှင့် နှုတ်ဆက်လိုက်တော့ Meanက သူ့ကို လာဖက်သည်။

ထာဝရထက်ပို၍ Where stories live. Discover now