အပိုင်း-(၁၃)

596 65 9
                                    

"အကိုတို့ (၂) ယောက်ရဲ့ အတိတ်က နာကျင်စရာ ကောင်းခဲ့တယ်ဆိုရင်တောင် မင်းနဲ့ပတ်သတ်တဲ့ တခုတည်း
သော အမှတ်တရ ဖြစ်တဲ့အတွက် ကျေကျေနပ်နပ်ကြီး ရင်ကွဲခံလိုက်မယ်......"
❤❤❤
(5)နှစ်...
(5)နှစ် တောင် ကြာခဲ့ပြီ။ သူလည်း လူလတ်ပိုင်းထဲ ၀င်လာခဲ့ပြီပဲ။ လေအဝှေ့မှာ တဖြတ်ဖြတ်ကျလာတဲ့ mapleရွက်လေးတွေကို ငေးကြည့်ရင်း လတ်ဆတ်တဲ့လေ
ကို တ၀ကြီး ရှူသွင်းလိုက်သည်။
"ဟူး...လူကို လန်းဆန်းသွားတာပဲ"
ခပ်တိုးတိုးသာ ညည်းဆိုလိုက်မိသည်။ လူက ဖျတ်လတ်တက်ကြွနေပေမယ့် သူ့စိတ်တွေကတော့ လွန်ခဲ့တဲ့
(5)နှစ်တည်းက ထိုင်းမှိုင်းနေခဲ့တာ...
သူတစ်ဦးတည်း ဖြတ်သန်းခဲ့ရတဲ့(5)နှစ်တာမှာ ခံစားမှု ကင်းမဲ့နေသော ပုံစံနဲ့သာ ဖြတ်သန်းခဲ့မိသည် မဟုတ်ပါလား..
"မင်းရော......အဆင်ပြေနေတယ်မလား ကောင်လေး"
တိုးတိုးလေး ရေရွတ်ရင်း ခပ်ယဲ့ယဲ့ပြုံးမိသည်။
"Saint!!! "
နာမည်ကို တကျော်ကျော်ခေါ်ရင်း အနားကို ပြေးလာသော captainကြောင့် အတွေးတို့ကို ဖြတ်တောက်လိုက်ရင်း
လှည့်ကာ ပြုံးပြလိုက်သည်။
"မင်းကို လိုက်ရှာရတာ နှံ့နေတာပဲ...ဒီမှာ ဘာလုပ်နေတာလဲ"
"စိတ်ပြေလက်ပျောက် ခဏထွက်လာတာပါ...ဘာဖြစ်လို့လဲ"
"ဆိုင်သွားဖို့လာခေါ်တာလေ ... "
"အွန်း...သွားစို့"

အငွေ့တို့ဝေနေသော ကော်ဖီကို မွှေကာ နည်းနည်းချင်း မှုတ်သောက်နေတုန်း
"မင်းဘယ်တော့ တရုတ်ကို ပြန်မှာလဲ? "
Coffeeခွက်တခုကို ကိုင်ရင်း မျက်နှာချင်းဆိုင်မှာ ၀င်ထိုင်သော Captain ၏ အမေးကြောင့်
"မနက်ဖြန် ပြန်တော့မလားလို့လေ...ကျွန်တော် ဒီရောက်နေတာ ၃ရက်လောက် ရှိနေပြီကို"
"တပတ်တောင် မပြည့်သေးတာကို...ဆက်နေလို့ မရဘူးလား"
"မရဘူး...ရုံးချုပ်မှာ အလုပ်တွေ ပစ်ထားလို့ မဖြစ်တာကို ...စီနီယာလည်း သိရဲ့နဲ့...ကလေးလို လုပ်မနေပါနဲ့ "
"ရုံးချုပ်...ရုံးချုပ်...တခါလာလည်း ရုံးချုပ်နဲ့...မင်းရဲ့ အာ့ဒီအခန်းကျဉ်းလေးထဲမှာလည်း စာရင်းတွေကြား ခေါင်းစိုက်နေတာ...ကြာရင် အဖိုးကြီးပုံပေါက်တော့မယ်"
"တော်ပါတော့...မေမေ နဲ့ စီနီယာနဲ့ တိုင်ပင်ထားတာလား...နားကိုညည်းနေတာပဲ...ခဏလေး အနားလာယူတာကို"
"ဘန်ကောက်ကို မသွားချင်လို့ အနားလာယူတာများ...မသိဖူးမှတ်နေလား"
"စီနီယာ!!! ..."

ထာဝရထက်ပို၍ Where stories live. Discover now