အပိုင်း-(၁၄)

406 56 8
                                    

"အချစ်...
မျှော်လင့် မထားတဲ့အချိန်မှာ ဘ၀ထဲကို ၀င်ရောက်လာပြီး မျှော်လင့်မထားတဲ့ အရာတွေကို ချန်ရစ်ထားခဲ့တယ် "

"ဒေါ်လေး ... မှာထားတဲ့ ပျိုးပင်တွေပါ ခင်ဗျ ...
ကျွန်တော် အကုန်စစ်ပြီးသားပေမယ့် သေချာပြန်စစ်လိုက်ပါဦး
နော် "

သူ့စကားအဆုံးမှာပင် ပန်းစည်းတစည်းကို လှပအောင် စည်းနှောင်နေသော မိန်းမကြီးက နှစ်လိုဖွယ်ပြုံးပြလိုက်ရင်း

"အဒေါ်... မင်းကို ယုံပြီးသားပဲ Perthရယ် ...မလိုပါဘူး ကွယ် ... "

"အာ့တာဆို ဒေါ်လေး ကျွန်တော့်ကို ခွင့်ပြုပါဦး ခင်ဗျ ... ကျွန်တော် ပန်းတွေ လိုက်ပို့စရာ ရှိသေးတယ် "

သူလက်အုပ်ချီကာ ထွက်သွားဖို့ အပြင်မှာပင်

"Perth ... ခဏလေး အဒေါ်မင်းကို အကူညီတောင်း စရာရှိတယ် ... "

"Kha"

"လာမယ့်အပတ်မှာ အဒေါ်တို့ဆိုင်က ပွဲတပွဲမှာ ပန်းအလှဆင်ပေးရမယ် ... အဒေါ့် တို့ ဆိုင်က အာ့ဒီတာဝန်ကို ဦးစီးဖို့ ပြောထားတဲ့ ကောင်လေးကလည်း
ကလည်း ရုတ်တရက် Family Caseပေါ်လာလို့ နှုတ်ထွက်သွားတယ် ... ရက်ချိန်းကလည်း ပေးပြီးသားဆို
တော့ မျက်နှာပျက်မှာကလည်း စိုးတယ် ... အာ့တာ သားအားရင် အဒေါ့်ကို ကူညီပေးနိုင်မလားလို့ ... "

Perth ပြုံးလိုက်သည်။ သူဘာမျှ မကူညီနိုင်စရာ မရှိပါ ...
အဒေါ်တို့ဆိုတာ သူဒီလုပ်ငန်းကို စလုပ်ကာစတည်းက ကူညီခဲ့တာမို့ အဒေါ်ဆိုတာထက် အမေတယောက်လို သဘောထားဖြစ်ခဲ့တာ ...

" ဘာလို့ မလုပ်ပေးနိုင်ရမှာလဲ?  ဒီပညာရဲ့ တ၀က်လောက်
က ဒေါ်လေးတို့ ဖေးမခဲ့လို့ ကျွန်တော်အခုလို ဖြစ်တာလေ ...
ကူညီရမှာပေါ့ ..."

"ကျေးဇူးပါသားရယ် ..."

"ခွင့်ပြုပါဦးခင်ဗျာ "

"Saint...စကားခဏ ပြောရအောင် "

သူနှင့် လုပ်ဖော်ကိုင်ဖက် Gun က ပြောလာသည်မို့
Saint အသာအယာပင် နောက်က လိုက်လာခဲ့သည်။ Gun ကအလုပ်ထဲမှ ခင်ပေမယ့် ညီအကိုတွေလိုပဲ ပေါင်းဖြစ်ခဲ့သည် ။ Saint က သူ့ဖေဖေရဲ့ လက်အောက်မှာ ၀င်လုပ်နေပေမယ့် အခွင့်အရေး မယူပဲ သာမန်အခြားသူတွေလိုသာ အလုပ်ဝင်ခဲ့သည်။ Gunက သူ့ဖေဖေရဲ့ လူယုံအတွင်းရေးမှူး တယောက် ဖြစ်သလို ဒီနှစ်အတွင်း ကြိုးစားမှု ...အရည်အချင်း ပြည့်ဝမှုကြောင့် Saintလည်း လက်ထောက် ဒါရိုက်တာတယောက် ဖြစ်နေခဲ့ပြီ။

ထာဝရထက်ပို၍ Where stories live. Discover now