အပိုင်း- (၁၅)

420 67 17
                                    

"ဘယ်မှာလဲ...?
ဖြစ်နေကျ မဟုတ်တဲ့ 'စတင်ခြင်း' တစ်ခု ကြောင့် များလား...
ခင်ဗျားဆိုတဲ့ လူသားကို တွေ့ဆုံခဲ့မိတာကိုများ အပြစ်တင်ရမလား...?
ကျွန်တော်ကပဲ မလိုအပ်တဲ့ နေရာကို အတင်းတိုးဝင် ချင်ခဲ့တာ များလား ...?"

စောင့်နေခဲ့တယ် ... ပြန်လာမယ်ဆိုတဲ့ ယုံကြည်ချက် တခု
တည်းနဲ့ ...

အရိပ်တောင် ပြမသွားခဲ့တဲ့သူ ... နှုတ်မဆက်ဘဲူထွက်ခွာသွားတဲ့သူ ...

ရက်စက်သွားခဲ့တယ်လို့ စကားလုံး သုံးလိုက်သင့်လား ... ဟင့်အင်း ... အကိုမမှားခဲ့ပါဘူး ... ကျွန်တော့် ဘက်ကလည်း မှားခဲ့တာပဲ မလား ...

တခြားသူတွေ ပြောသလိုပေါ့ ...လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တယ် ဆိုတာမျိုးပေါ့ ... ကျွန်တော့်ဘက်က မှားခဲ့သလို အကိုဘက်က အခုလို လုပ်ခဲ့တာ ဖြစ်မှာပါ ...

အခု ကျွန်တော့် အမှားကို ပြင်ဆင်လို့ အကို့ကို စောင့်မျှော်နေ
တယ်လေ ... အကို ကျွန်တော့်ဆီ ပြန်လာမယ်မလား ...ကျွန်တော် အကို့ကို စောင့်နေမယ် ...ရက်တွေလတွေ ...အို ...နှစ်တွေ ဘယ်လောက်ကြာကြာ ...စောင့်နေမယ်ဗျာ...
ပြန်လာခဲ့ပါ...ကျွန်တော့် ကမ္ဘာထဲကို ...

တရိပ်ရိပ်တွေးလို့ ဆွေးနေတုန်းမှာပဲ ပခုံးကို ခပ်ပြင်းပြင်း တွန်းခံရကာ လူက ရှေ့ကို စိုက်ကျသွားသည်မို့ Perth စိတ်တို့ ပစ္စုပ္ပန်ကို ရောက်လာခဲ့သည်။ သူ အလန့်တကြားနှင့် လှည့်ကြည့်လိုက်တော့ Siwat ...

"အလုပ်မလုပ်ပဲ ဘာတွေငေးနေတာလဲ? "

လက်နှစ်ဖက်ကို ပိုက်ရင်း Bossအထာနှင့် မေးလာသော Siwatကို ခြေထောက် ပိတ်ကန်ပစ်လိုက်သည်။ ရုတ်တရက်မို့ နာသွားသော ခြေထောက်ကို ပွတ်ရင်း ခုန်ဆွခုန်ဆွ လုပ်နေသော Siwat...

"အာလာလာ...Perth ... မင်းငါ့ image ပျက်အောင် လုပ်နေတာလား ...ဒါ Company ဖွင့်ပွဲနော် "

"ငါသိတယ် လျှာမရှည်နဲ့ ... မင်းက ဒီကို ဘာလာလုပ်တာလဲ နိုင်ငံကျော် သရုပ်ဆောင်ကြီးက "

Siwatက ကျောင်းပြီးတည်းက Actor လောကထဲ ၀င်ခဲ့တာ အခုဆို Markဆိုသော နာမည်နှင့် အတော်အောင်မြင်နေခဲ့ပြီလေ ...

ထာဝရထက်ပို၍ Where stories live. Discover now