အပိုင်း-(၅)

932 100 7
                                    

"Saint Perthတို့ ရန်ဖြစ်လို့တဲ့...မင်းအခု ငါပို့ထားတဲ့ လိပ်စာအတိုင်း လိုက်လာခဲ့..."
Meanဆီက messageရပြီး ရင်တစ်ခုလုံး ပူလောင်သွားသည်။
"ဒီကောင်လေးကတော့...ဘာတွေလုပ်ပြန်ပြီလဲ..."
ချက်ချင်းပင် ကားသော့ ကောက်ဆွဲပြီး ထွက်လာတော့ မာမား က လှမ်းမေးသည်။
"သား...ဒီအချိန်ကြီး ဘယ်လဲ"
"အပြင်ခဏသွားမလို့မား...Meanလမ်းမှာ ကားပျက်နေလို့တဲ့"
မာမားစိတ်မပူရန် သူရုပ်တည်နှင့် လိမ်လိုက်ရပြီး ခပ်သုတ်သုတ် ထွက်လာခဲ့သည်။
"Perth...မင်းတော်တော်ဆိုးပါလား...မင်းကြောင့် အကို တခါမှ မလိမ်ဖူးတဲ့ မားကိုတောင် လိမ်မိပြီ"
အတွေးထဲမှ ရေရွတ်လိုက်ရင်း Meanပို့ထားရာ လိပ်စာသို့ ကားကို မောင်းထွက်လိုက်သည်။

"ဟင်"
သူကြောင်အစွာ ရပ်နေမိသည်မှာ မိနစ်ပိုင်းလောက် ရှိနေပြီထင်သည်။ သူရှေ့တည့်တည့်ရှိ အဆောက်အဦး ကို မော့ကြည့်လိုက်တော့ "Sunny Sky Bar" ဟူသော LEDစာတန်းက သူ့ကို လှောင်ပြောင်နေသလို...
"Perth...ဒီနေရာကို ဘာလာလုပ်တာလဲ...အတော်ဆိုးတဲ့ ကောင်လေးပဲ မင်းကတော့..."
တိုးညင်းညင်း ရေရွတ်မိချိန်မှာ သူ့ပခုံးကို လာပုတ်သော လက်ကြောင့် လှည့်ကြည့်လိုက်တော့
"Plan...????"
"P'ဒီမှာ ဘာရပ်လုပ်နေတာလဲ? "
"မင်းကရော...ဒီကို ဘာလာလုပ်"
"ဘာလုပ်ရမှာလဲ Siwatဖုန်းဆက်ခေါ်လို့ပေါ့ သူတို့ရန်ဖြစ်တာ Meanသိသွားတာ အတော်ဒေါသထွက်နေလို့ ၀ိုင်းထိန်းပေးဖို့ ခေါ်ထားတာလေ...P'လည်းPerthကြောင့် လာတာမလား...လာလာ ...အထဲဝင်ရအောင်...နောက်ကျရင် ဟို၂ကောင် P'Meanလက်ချက်နဲ့ တစစီဖြစ်နေလိမ့်မယ်..."
Planက ကရားရေလွှတ်သလို တတွတ်တွတ်ပြောကာ သူ့လက်ကို ဆွဲခေါ်သွားမှ ကန့်လန့်ကန့်လန့်နဲ့ ပါသွားတော့သည်။

လူတစ်ချို့ကို ကျော်ဖြတ်ကာ အခန်းတစ်ခုထဲသို့ ၀င်လိုက်ချိန်မှာတော့
"Saint...လာပြီလား"
စိတ်တိုနေဟန်ရသည့် Mean က ထ၍နှုတ်ဆက်သည်။ သူ့ဘေးတွင်တော့ Meanကို ထိန်းနေဟန်တူသော လူရွယ်တစ်ဦး။
Meanနှင့် ကပ်လျက်ခုံတွင်ထိုင်နေသော Siwatက Perthနှင့်ကပ်ထိုင်နေရာမှ ထကာ သူ့ဘေးရောက်လာသည်။
"P'........."
သူSiwatကို အသိအမှတ် ပြုသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး Perthဆီ လျှောက်လာခဲ့သည်။
"Perth..."
လက်နှစ်ဖက်ကို ရှေ့ချကာယှက်ထားပြီး ခေါင်းငုံ့ထိုင်နေသော Perthက သူခေါ်သည့်တိုင်အောင် မလှုပ်မယှက် ထိုင်နေမြဲပင်။
"Perth...ဘယ်လိုဖြစ်တာလဲ အကို့ကို ပြောပါဦး Mean ငါ့ကိုရှင်းပြဦး..."
သူ့စကားအဆုံး သူ့ဘေးတွင် ယခင်တည်းက ရပ်နေသော လူရွယ်က
"မင်္ဂလာပါ...တွေ့ရတာဝမ်းသာပါတယ်...ကျွန်တော့်က Titleပါ...SWU ကပါပဲ လွန်ခဲ့တဲ့နှစ်ကပဲ Acting and Directing နဲ့ကျောင်းပြီးခဲ့တာပါ...ဒီBar ပိုင်ရှင်ပါ"
ရုတ်တရက် မိတ်ဆက်ကာ လက်ကမ်းလာသည်မို့ သူအယောင်ယောင်အမှားမှားနဲ့ လက်ဆွဲနှုတ်ဆက်လိုက်ရသည်။
"ဟုတ်ကဲ့...ကျွန်တော်က Saint Supပါ...SWUမှာ Economics တက်နေတာပါ...Meanရဲ့သူငယ်ချင်းပါ"
"Perthရဲ့ ကောင်လေးပေါ့..."
အပြုံးတစ်ခုနှင့် ပြောလာသည်မို့ သူကြောင်သွားသည်။
"SaintSaint ကကျွန်တော့်အကိုပါ...ကောင်လေးဆို တာက ပါးပါးကြောင့် ဟန်ဆောင် တွဲပေးတာ"
ယခုချိန်ထိ ဆွဲထားဆဲဖြစ်သော သူနဲ့Title လက်ကို ပုတ်ချပြီး ပြောလိုက်သော Perthစကားကြောင့် သူ့မျက်နှာတစ်ခုလုံး ထူပူသွားသည်အထိ ရှက်ရွံ့သွားမိသည်။ Titleကတော့ သူတို့ကို မယုံနိုင်စွာ ကြောင်ကြည့်နေဆဲ......
"အဟမ်း...P'Title ခုနက ရန်ပွဲကိစ္စ ဆက်ပြောပါဦး"
အခြေအနေကို ထိန်းပေးလိုက်သော Planက ခုနက ပြတ်တောင်းသွားသော စကားကို ဆက်စေသည်။
"သူတို့တွေက စတာမဟုတ်ပါဘူး...သူတို့တွေ နှုတ်ဆက်ပီး ပြန်သွားတော့ အပြင်မှာရန်စကြရင်း ထိုးကုန်ကြတာပါ...ရန်ဖြစ်တယ်ဆိုလို့ ကျွန်တော်ထွက်ကြည့်ပြီး ဆွဲခေါ်လာရတာပဲ...ဟိုကောင်တေကိုလည်း စခန်းပို့လိုက်ပါပြီ"
"Kha...P'Title ပြောတာမှန်ပါတယ်...ကျွန်တော်တို့ဘာသာ ထွက်လာတာကို အာ့ကောင်တွေ Perthကို ရန်စ........."
"ဒုန်း..."
"တော်တော့ Mark...ပြီးတာတွေ ပြီးပြီ...ပြန်မပြောနဲ့တော့"
Markတစ်ယောက် စကားမဆုံးခင် ဒေါသတကြီး ပြောလိုက်သော Perthကြောင့် ပါးစပ်ပိတ်သွားသည်။
"Perth...မင်းဘာဖြစ်နေတာလဲ...ထပ်ထိုးချင်နေတာလား...လာလေ...ငါနဲ့ထိုးမယ်"
တဖက်ခုံမှ ဒေါသတကြီး ထထိုးမယ်ပြင်သော Meanကြောင့် အကုန်ပြာပြာသလဲ ဖြစ်ကုန်သည်။
"P'Mean တော်တော့ဗျာ...ကျွန်တော့်ဒေါသပြေသေးတာ မဟုတ်ဘူး ...စိတ်ကိုလာမဆွနဲ့...ကျွန်တော်ထပ်ပီး ဆွဲထိုးမိလိမ့်မယ်..."
"အောင်မာ...မင်းကများ...လာစမ်းပါ"
"Meanတော်ပြီ...တော်တော့လို့!"
"P'Meanစိတ်လျော့ပါ...Perthတို့က တမင်ရန်ဖြစ်တာ မဟုတ်ဘူးလေ"
ထထိုးမည်ပြင်နေသော Meanကို Planနဲ့Titleက တဖက်စီမှ ဆွဲထိန်းထားသလို သူကိုယ်တိုင်နဲ့Siwatလည်း Perthကိုဆွဲနေရသည်။
"တော်တော့Perth...Meanကစိတ်တိုနေလို့ပါ...စိတ်လျော့...မင်းကိုအကို ပြန်လိုက်ပို့မယ်..."
"Saint...မင်းဒီကောင်ကို လိုက်ပို့စရာမလိုဘူး...ပစ်ထားလိုက်"
"ဘာဗျ!! "
"ဟာ...Meanတော်ပြီ...မင်းပါးစပ်ကိုပိတ်ထားတော့...ငါPerthကိုလိုက်ပို့လိုက်မယ်...Markပါတခါတည်း လိုက်ခဲ့..."
သူအဆုံးသတ်ပြောကာ အတင်းဆွဲခေါ်လာရသည်။ ဘယ်လိုပင် လူပုံစံ သိပ်မကွာလှပေမယ့် ဒေါသကြောင့် Perthက သန်မာလွန်းနေသည်။ Perthကိုအတင်း ကားထဲထည့်ကာ Siwatပါ ၀င်စေပြီး သူမောင်းထွက်လာခဲ့သည်။
"တိုက်ခန်းကိုပဲ မောင်းလိုက်တော့ ..."
အတော်ကြာသည်အထိ စကားတစ်ခွန်းမှ မပြောသော Perthက ထိုတခွန်းသာ ပြောပြီး တဖက်သို့လှည့်သွားသည်။ သူကားကို Perthတိုက်ခန်းသို့ ဦးတည်လိုက်သည်။ အရင်က Meanနှင့်တစ်ခါ နှစ်ခါမက ရောက်ဖူး၍ သူသိသည်လေ။
တိုက်ခန်းရှေ့ကားကို ထိုးရပ်လိုက်တော့
"လိုက်ပို့ပေးတာကျေးဇူးတင်ပါတယ်...ပြန်တော့လေ အန်တီစိတ်ပူနေမယ်"
Perthက ထိုမျှသာပြော၍ တံခါးဖွင့်ဆင်းကာ ထွက်သွားသည်။ သူMarkကို မျက်စိမှိတ်ပြလိုက်တော့ သဘောပေါက်စွာပဲ Perthနောက် အပြေးလိုက်သွားသည်။
သူလည်းကားကို အိမ်ဆီသို့ဦးတည်လိုက်သည်။

တတီတီမြည်နေသော နှိုးစက်နဲ့ မျက်နှာပေါ်ဖြာကျနေသော နေရောင်တို့ကြောင့် မနက်လင်းနေပြီဆိုတာသူသိလိုက် သည်။ မနေ့ညက သောက်ထားခြင်းရဲ့ အကျိုးဆက်က သူ့ကို ခေါင်းကိုက်စေသည်။ တဆစ်ဆစ် ကိုက်ခဲလာသော နားထင်ကို လက်နဲ့ဖိရင်း ဘေးကို ငဲ့စောင်းကြည့်မိတော့ ဖက်လုံးကို ခွကာ သူ့ကိုကျောပေးပြီး အိပ်နေသော Mark...
ကျွတ် တစ်ချက် စုတ်သတ်လိုက်ရင်း
"ဟေ့ကောင်...ထ...ထ..."
"အွန်...မားကလည်း...သားအိပ်ဦးမယ်..."
"မင်းကြီးတော်...ငါကန်ချလိုက်ရ..."
ပြောပြောဆိုဆို Perthတစ်ယောက် ကန်ချလိုက်လေသည်။ လုံးထွေးကျသွားသော စောင်တွေနဲ့အတူ သူ့ကျောကို ပွတ်ကာ ထလာသော Mark
"အာ...ဘာလို့ကန်ချတာလဲ"
Markအမေးကို မဖြေပဲ သူကုတင်ပေါ်မှ ဆင်းကာ အိမ်ရှေ့ခန်း လျှောက်လာတော့ ကိုယ်တော်က နောက်ကပါလာသည်။
ရေခဲသေတ္တာထဲမှ ရေတစ်ဘူးထုတ်ကာ သောက်လိုက်ရင်း အနီးရှိ ခုံတွင်ဝင်ထိုင်လိုက်မိသည်။မနေ့ညက အကြောင်းကို တွေးမိတော့ ဒေါသကထွက်လာပြန်သည်။ တစ်ဆက်တည်း မှာပင် P'Saint အပေါ် မာမာထန်ထန်ပြုမူခဲ့တာကို သတိရလာပြန်သည်။ စိတ်ရှုပ်စွာဖြင့် ခေါင်းမှဆံပင်တို့ကို ထိုးဖွလိုက်မိသည်။ တစ်ချိန်လုံး သူ့ကိုထိုင်ကြည့်နေပုံရသော Markက
"မနေ့ညက ကိစ္စကို ပြန်တွေးနေတာလား"
"အင်း...P'ငါ့ကို စိတ်ဆိုးသွားမယ် ထင်တယ်"
"သေချာတာပေါ့...မနေ့ညက P'Meanဘယ်လောက် စိတ်တိုနေလဲဆိုတာ မင်းနဲ့ငါအပါအ၀င် အာ့ဒီမှာ ရှိခဲ့တဲ့လူအားလုံးသိကြတာပဲဟာ"
"အာ...ဘာတွေပြောနေတာလဲ...ငါပြောတာက P'Saint Saintကိုပြောတာ...P'Mean နဲု့ငါက ရန်ဖြစ်တိုင်း စိတ်ဆိုးနေကြပဲဟာ...အေးဆေးပဲ"
"မသိဘူးလေကွာ...P'Saint ကတော့ မင်းကို စိတ်ဆိုးပုံမရပါဘူး..."
သူတို့အခြေအတင် ပြောနေကြတုန်းမှာပင် အခန်းရှေ့မှ လူခေါ်bellက မြည်လာသည်။
"Mark...သွားဖွင့်လိုက်...သွား"
"မင်းဘာသာ သွားဖွင့်လိုက်ပါ...ငါမျက်နှာသွားသစ်ဦးမယ်"
ပြောပြောဆိုဆို Markက ထထွက်သွားတော့ သူစိတ်ရှုပ်စွာ ထလာလိုက်သည်။
တံခါးကို ဆွဲဖွင့်လိုက်တော့
"P'Saint Saint 😳"
"😊နှိုးနေပြီလား"
ပြောပြောဆိုဆို Saintက အထဲဝင်လာသည်။ လက်ထဲကလည်း အထုတ်ပေါင်း သောင်းခြောက်ထောင်နှင့်။
"P'........."
"မနေ့ညက သောက်ထားတော့ ခေါင်းကိုက်နေမှာပဲ...ကော်ဖီခါးခါးသောက်လိုက်...အကိုဖျော်ပေးမယ်ခဏနော်"
(A/N Note- မူးလို့ ခေါင်းကိုက်ရင် ကော်ဖီခါးခါး သောက် ပျောက်တယ်မို့လား 😁ကျွန်တော်လည်း သေချာမသိလို့ မှားတာရှိ ၀န္တာမိပါနော်...)
"မျက်နှာသွားသစ်လေPerth...အာ့ဒီမှာရပ်မနေနဲ့"
"ဟုတ်...ဟုတ်"
သူအူကြောင်ကြောင်ဖြင့် ရေချိုးခန်းထဲ ၀င်လာခဲ့သည်။

သူမျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ထွက်လာတော့ ထမင်းစားခန်းတွင် Markနှင့်ရယ်မောပြီး စကားပြောနေ
သော Saint...
သူဝင်လာတာမြင်တော့ အပြုံးလေးတစ်ခုနှင့် ဆီးကြိုသော P'Saint...
"Perth...ငါမေးပီးပီ...P'Saint က စိတ်မဆိုးပါဘူးတဲ့...မင်းစိတ်ချမ်းသာတော့"
ဆီး၍ပြောလိုက်သော Markကြောင့် သူကြောင်အမ်းအမ်း နှင့်ပင် ထိုင်လိုက်ရသည်။
"အဟမ်း...P'SaintSaint က ဘယ်လိုလုပ် ရောက်လာတာလဲ"
"မနေ့က မင်းတို့အခြေအနေကို စိတ်မချလို့ပေါ့...မင်းတို့ဒဏ်ရာတွေလည်း ဆေးမထည့်ထားဘူးမလား...အကိုဆေးတွေပါ ယူလာတယ်"
"ကျွန်တော့်ကို အရင်လိမ်းပေးP'"
ပြောပြောဆိုဆို Markက မျက်နှာ ရှေ့ထိုးပေးသည်။
"ငါလုပ်လိုက်လို့...မင်းဘာမင်း တခြားသူသွားလိမ်းခိုင်း သွား..."
"ကပ်စေးနည်းရယ်...ဆေးလေးလိမ်းခိုင်းတာပါဟ"
"မရဘူးသွား...ဒီလောက်ဖြစ်ရင် ငါလိမ်းပေးမယ်...လာ"
"တော်...တော်...ငါ့ဘာသာ ကော်ဖီသောက်ပီးပဲ အိမ်ပြန်တော့မယ်"
"မင်းဘယ်သူက တိုက်မယ်ပြောလို့လဲ"
"P'Saint တိုက်တာကွာ...ဘာဖြစ်လဲ"
ပြောပြောဆိုဆို သောက်လက်စ ကော်ဖီ ကို မော့ချကာ လျှာထုတ်ပြောင်ပြလိုက်သည်။
"မင်းတော့..."
ပြောရင်းနဲ့ ကော်ဖီနဲ့ပက်မယ်ကြံနေသော Perthကြောင့် Markတစ်ယောက် Saintနောက်ရောက်လာသည်။
"P'SaintSaint ဖယ်...Mark...အခုထွက်ခဲ့စမ်း"
"No...ထွက်ဖူး"
"P'Saint ဖယ်ဗျာ...Markကိုဒီနေ့ တစ်ခုခု လုပ်ရမှဖြစ်မယ်"
"ဟားဟား...အကို့ကို ဆွဲမထည့်နဲ့လေကွာ...သူ့ကိုရအောင်ဖမ်းလေ"
"...blah...blah...blah...စိန်ပလိန်တိန်"
"မင်းတော့သေဖို့သာပြင်........."
တိုက်ခန်းလေးထဲတွင် ကောင်လေးသုံးယောက်၏ အသံများက ဆူညံလျက်.........
         
          Firesun 🔥

ထာဝရထက်ပို၍ Where stories live. Discover now