အပိုင်း-(၂)

1K 95 2
                                    

ကံကြမ္မာဆိုသည်ကို ကျွန်တော် အကြွင်းမဲ့ မယုံကြည်ပါ။ ဖူးစာဆိုသည်ကိုလည်း ကျွန်တော် အကြွင်းမဲ့ မယုံပါ။ ထိုအရာများသည် လူသားများ ကိုယ်တိုင်သာ ဖန်တီးရသော အရာများသာ ဖြစ်သည်ဟု ယုံပါသည်။ သို့သော်ငြား ထိုအတွေးများသည် ထိုလူသားအား မတွေ့ဆုံခင်ကပင် ဖြစ်သည်။ 
"Perth...
ကံကြမ္မာကို မင်းယုံကြည်လား မသိပေမယ့် အကိုကတော့ ကံကြမ္မာလှည့်စားမှုကို ယုံကြည်ရတော့မယ် ထင်ပါတယ် "
"Perth...
ကံတရားက ဆန်းကြယ်တယ် ညီ...
အချစ်ဆိုတာကလည်း စိတ္တဇဆန်တယ်...တခါတရံ အညှာအတာ ကင်းစွာ ရက်စက်သေးတယ်..."
"Perth...
မင်းရဲ့ဖြူစင်တဲ့ အပြုံးတွေကို မြင်ရတိုင်း အကို့ခံစားချက်ကို အကို မလုံမလဲ ဖြစ်မိတယ် ကောင်းကင်ပေါ်က ကြယ်လေး
တွေက အကို့ကို ဂရုဏာသက်စွာ ငုံ့ကြည့်နေကြသလိုပဲ..."
"Perth...
အကိုရူးတော့မယ် ထင်ပါရဲ့ ညီရယ်...
မင်းကို ချစ်တဲ့ စိတ်နဲ့ရူးရင်တောင် အကို ကျေကျေနပ်နပ်နဲ့ ခံယူလိုက်မယ်..."
"Perth...
အကို သူများတွေပြောတာ အကို ကြားဖူးတယ်...
လူ့ဘ၀ဆိုတာ တိုတောင်းတယ် ရခဲတဲ့ဘ၀ကို ရတဲ့အချိန်မှာ ကိုယ်ချစ်တဲ့သူနဲ့ ဖြတ်သန်းသင့်တယ်တဲ့...
အကိုကရော ဘယ်လိုဝဋ်ကြွေးတွေကြောင့် ဒီလိုခံစားနေရတာလဲ? ..."
"Perth...
တခါတလေ မင်းအင်္ကျီကော်လံစကို ကိုင်ဆွဲပြီး အကို့ခံစားချက်တွေကို အော်ပြောပစ်လိုက်ချင်တယ်..."
"Perth...
တခါတလေ အကိုခံစားရသလို မင်းကို ခံစားရစေချင်လိုက်တာလို့ အတ္တဆန်ဆန် တွေးခဲ့ဖူးတယ်"
ရှေ့တွင် ရေးသားထားခဲ့သော စာလုံးတွေကို ပြန်ဖတ်ရင်း သူခပ်ယဲ့ယဲ့ ပြုံးမိသည်။
ဘေးတွင် ချထားသော ဘောပင်လေးကို ကောက်ကိုင်ရင်း စာလုံးအချို့ ချရေးလိုက်မိသည်။
"Perth...
မင်းအပေါ် ဖြစ်တည်လာတဲ့ ခံစားချက်တွေက တနေ့ထက်တနေ့ ဆိုးရွားစွာ တိုးတိုးလာတယ်...
အကိုတတ်စွမ်းသမျှ ချုပ်ထိန်းပေမယ့် နာကျင်မှုက သေမတတ်ပဲကွာ...
ညီ့ရဲ့ ဖြူစင်တဲ့အပြုံးတွေကို မြင်ရတိုင်း အပြစ်ရှိသလို ခံစားနေရတယ်...
မင်းရှေ့ရောက်တိုင်း အပြစ်သားတယောက်လိုပဲ ပြုမူနေမိတယ်...
အကိုရူးတော့မယ် ညီရယ်..."
"ဟူး..............."

"ကိုကိုရေ...ကိုကိုလေးရေ..."
ပြဲလန်နေသော အသံနှင့် တကြော်ကြော်ခေါ်ကာ ၀င်လာသော အကောင်ပေါက် အသံကြောင့် သူနဲ့Mean စာလုပ်နေရာမှ ခေါင်းထောင်ကြည့်မိကြသည်။ Meanက ထရပ်လိုက်ရင်း
"ကိုကို့ညီလေးက ကိုကို့ဆီလာတာလား "
ဆီးကြိုသော Meanကို ရှောင်တိမ်းကာ
"ဘာတွေပြောနေတာလဲ 😒 ရှေ့ကဖယ် ကျွန်တော်က Saint Saintဆီလာတာ "
"အောင်မာ...ငါမင်းအကို မဟုတ်ဘူးလား ငါ့ကျ အကိုလို့ မခေါ်ဘူး"
"ခေါ်ချင်ပါဘူး...ဘာလို့ခေါ်ရမှာလဲ...စကားများတယ် ရှေ့ကဖယ်လို့...!"
"မဖယ်ဘူးကွာ စာလုပ်နေတာ အလုပ်မရှုပ်နဲ့ အိမ်ပြန်..."
"😏ဒီလိုလား နှင်တယ်ပေါ့ ရတယ်လေ ဟိုနေ့က clubသွားတဲ့ ကိစ္စ Planကို သွားပြောမယ် 😌"
ပြောပြောဆိုဆို ထထွက်သွားဖို့ ပြင်နေသော Perthကို Meanတယောက် ပြာပြာသလဲလိုက်ဆွဲကာ
"ဟေ့ကောင်...အာ့လိုသွားပြောရင် မင်းဟာလေးက ငါ့သတ်မှာပေါ့...မလုပ်ရဘူးလေကွာ...ကဲ...မနှင်ဘူးနော် မပြန်နဲ့ စိတ်ပါရင် ညပါအိပ်လို့ ရတယ်"
"အာ့တာဆို ဖယ်... 😒 Saint Saintဘေး ကျွန်တော်ထိုင်မှာ"
အခြေအတင်ဖြစ်နေကြသော ညီအကို ၂ယောက်ကို ကြည့်ကာ သဘောတကျ ပြုံးမိသည်။ Perthကလည်သည်။ အငယ်ဆိုပေမယ့် Meanနဲ့သူငယ်ချင်း ပေါင်းပေါင်းသည်။ပြီးတော့ Meanကိုဘယ်လို ခိုင်းစား အဲလေ ညာစားရမလဲဆိုတာက အစသူသိသည်။ အခုပဲ ကြည့်လေ သူ့ကိုအတင်းနှင်လွှတ်နေသော Meanအား သူ့ချစ်သူကောင်လေး နဲ့ ခြိမ်းခြောက်ကာ သူလိုချင်တာ ရအောင်ယူပုံများကတော့...
Mean၏ ချစ်သူ Planက Perth သူငယ်ချင်း ...
အချစ်က ဆန်းကြယ်သည်။ သူ့လိုပင် ဘယ်မိန်းကလေးမှ စိတ်ဝင်စားမှု မရှိသော Meanက တစ်ဘ၀လုံးစာ ချစ်မိသွားတော့ မီးခိုးရောင် ဆံပင်စုတ်ဖွားလေးနဲ့ Planဆိုသော ခပ်စွာစွာကောင်လေး...
"အချစ် ဆိုတာ ဆန်းကြယ်တယ်ကွ ဘာမှမသိလိုက်တဲ့ အချိန်မှာ ညင်ညင်သာသာပဲ ဘ၀ထဲကို ၀င်ရောက်လာလိမ့်မယ် ငါ့ကိုယ်ငါလည်း အံ့ဩမိတယ် Planကို ဘာလို့အာ့လောက် ချစ်မိသွားလည်း စဉ်းစားမရဘူး တကယ်တော့ အချစ်ဆိုတာ ချစ်ဖို့ပဲကွ ချစ်ဖို့ပဲ ငါတော့အာ့လိုပဲ ခံယူတယ် ငါကလည်း Planကိုချစ်တယ် Planကလည်း ငါ့ကိုချစ်တယ် ပြီးပြီလေကွာ ငါတို့(၂) ယောက် ရှေ့ဆက်လျှောက်မယ့် လမ်းခရီးမှာ တယောက်ကိုတယောက် နားလည်မှုတွေ ခိုင်မာအောင် တည်ဆောက်ဖို့ပဲ လိုတော့တယ် ပတ်ဝန်းကျင်ဆိုတာ ချီးမွမ်း(7)ရက် ကဲ့ရဲ့(7)ရက်ပဲကွ ငါဘာကိုမှ ဂရုစိုက်မှာ မဟုတ်ဘူး ငါPlanကိုပဲ ဂရုစိုက်မှာ"
သူတို့စတွဲချိန်က စိတ်ပူကာ သတိပေးခဲ့ရာမှ Meanကိုယ်တိုင် လေးလေးနက်နက် ထုတ်ပြောခဲ့သော စကားများပါပေ။ထိုအခါတုန်းက လေးနက်မှုကို Saintဘ၀တွင် ထိုတခါသာ မြင်ဖူးခဲ့ခြင်းပါပေ။
"ဟယ်လို...Saint Saintဘာတွေတွေးနေတာလဲလို့"
သူ့ရှေ့တွင် လက်ချောင်းလေးများ ဝှေ့ရမ်းရင်း ပေါက်ပေါက်ဖောက်နေသော ကလေးအသံကြားမှ စိတ်အာရုံတို့က ပစ္စုပ္ပန်သို့ ပြန်လည်ရောက်ရှိလာသည်။
"ဘာတွေတွေးနေတာလဲလို့..."
"ဘာမှမဟုတ်ပါဘူး ဘာလာလုပ်တာလဲ ညီက"
"ဘာရယ်မဟုတ်ပါဘူး ပြောစရာလေးရှိလို့"
"ဘာပြောမှာလဲ ပြောလေ"
"Saint Saintမှာ ရည်းစားမရှိဘူးမလား"
သူ့မျက်နှာတည့်တည့် ကြည့်ကာ မေးလာသော အကောင်ပေါက်ကို သူအူကြောင်ကြောင်ဖြင့်ပင် ခေါင်းညိမ့်ပြလိုက်ရသည်။
"မရှိရင် ကျွန်တော်နဲ့ တွဲရအောင် "
"ဟေ" "ဘယ်လို"
သူ့ကမ္ဘာကြီး ချာချာလည် သွားပြီလားဟု Saintထင်လိုက်သည်။ သူ့ကြောင်အနေတုန်းမှာပင် Meanက သတိဝင်လာကာ
"Perth...မင်းနောက်နေတာလား"
"ဘာကိုလဲ"
"Saint Supနဲ့တွဲမယ်ဆိုတာ"
"အော်...အာ့တာက ဒီလိုရှိတယ် ဖေဖေကြောင့်ပါ ဖေဖေက အိမ်ထောင်ဘက် အတင်းရှာပေးနေတယ် ကျွန်တော်ကလည်း မထားချင်သေးဘူး အာ့တာကြောင့် ကျွန်တော့်ချစ်သူ ရှိမှဖြစ်မယ်လေ နက်ဖြန် တွေ့ရမယ့် အိမ်ထောင်ဘက်ကို ကျွန်တော့်ချစ်သူကို လက်ဆုပ်လက်ကိုင် ပြရမှာမို့"
"အာ့တာဆို မင်းတွဲနေတဲ့ ကောင်မလေးတွေအများကြီး ပဲလေ သူတို့ခေါ်တွဲပါ့လား ဘာလို့..."
Meanစကားမဆုံးခင် ဖြူသွယ်သွယ် Perthရဲ့ လက်တစ်ချောင်းက Meanနှုတ်ခမ်းပေါ်ရောက်လာသည်။
"Shu........."
တဆက်တည်းပင် ဆက်ပြောနေသော စကားများကြောင့် Saint Sup တယောက် နှလုံးသားတခုလုံး ပြုတ်ကျ သွားသလို ခံစားလိုက်ရသည်။
"မိန်းကလေးတွေနဲ့ တွဲနေရင် အတင်းလိုက်ကပ်နေကြဦးမှာ ကောင်လေးနဲ့ တွဲနေတယ်ဆိုမှ တကယ်တည်း ခွာကြမှာပေါ့"တဲ့လေ
"Perthရယ်...မင်းဘယ်လို တွေးလိုက်တာလဲ...💔"

                "Firesun 🔥 "

ထာဝရထက်ပို၍ Where stories live. Discover now