အပိုင်း-(၁၁)

884 90 7
                                    

တစ်ခါတစ်ရံမှာ ကျွန်တော်တို့ ဘ၀တွေက ကိုယ်တိုင်တောင် မသိလိုက်ပဲ အံ့ဩစရာတွေ လုပ်နေခဲ့တယ်...
ဥပမာ-နံနက်လင်းလာတာနဲ့ မသိစိတ်က တစုံတယောက်ကို တွေးမိတာမျိုး ၊ သေလောက်အောင် ပင်ပန်းနေရင်တောင် သူ့ပုံရိပ်လေးကို တွေ့လိုက်ရချိန် ပင်ပန်းမှုတွေ ပျောက်ကုန်တာမျိုး...
မဖြစ်နိုင်တာ သိပေမယ့် တစုံတယောက်ကို စောင့်နေမိတာမျိုး...
မဖတ်မှန်း သိပေမယ့် တစုံတယောက်ဆီကို စာတိုလေးတွေ ပို့မိနေတာမျိုး...
မခေါ်မှန်း သိပေမယ့် ၀င်လာမယ့် ဖုန်းနံပါတ်ကို မျှော်နေမိတာမျိုး...
အင်း...ဝေးကွာ သထက် ဝေးကွာလွန်းလှတဲ့ အာ့ဒီတစုံတယောက်ကပဲ ဘ၀ကို ပြီးပြည့်စုံစေတာမျိုး...
ကျွန်တော် အရင်က ရူးမိုက်ခဲ့တယ်...ကိုယ့်အတွေးနဲ့ကို ဟုတ်လှပြီ ထင်နေတဲ့ ကျွန်တော်က ကျွန်တော့်ဘ၀ထဲက SaintSaint တကယ်ထွက်သွားပြီဆိုတဲ့ အသိနဲ့တင် ကမ္ဘာပျက်သွားခဲ့ပြီ။
"ရှင်လျက်နဲ့ သေဆုံးနေတဲ့ သေလူတစ်ယောက်လို လုပ်မနေပါနဲ့လားတဲ့ "
အရင်က မတည့်အတူနေလိုတောင် ဖြစ်ခဲ့ရတဲ့ P'Meanက ဂရုဏာသက်စွာ ဆိုတယ်။ ဟင့်အင်း...မကြည့်ကြပါနဲ့...အာ့ဒီလိုမျက်ဝန်းတွေနဲ့ ... မကြည့်ကြပါနဲ့... ကျွန်တော်က သနားစရာကောင် မဟုတ်ဘူး ... P'Saint က ကျွန်တော့်ကို ခဏလေးစိတ်ဆိုးနေတာ ... P'Saint ကိုလိုက်ရှာပြီး ချော့လိုက်ရင် ကျွန်တော်တို့က အရင်လိုဖြစ်မှာ...
တပိုင်းတစ အတွေးတွေနဲ့ နံရံကို မှီထိုင်နေရာ က Perth ထရပ်လိုက်သည်။ အစာမစားတာက တကြောင်း၊  အချိန်အတော်ကြာ ထိုင်နေရာက ထရပ်လိုက်တာကြောင့် တကြောင်း ခေါင်းထဲမှာ မိုက်ခနဲ ဖြစ်ပြီး မျက်လုံးတွေ ပြာဝေသွားသည်။
"Perth! ...Perth! "
P'Mean ရဲ့ စိုးရိမ်တကြီး အော်သံကို သူမကြားတချက် ကြားတချက်...
" P'Saint ..."
တိုးဖြော့ဖြော့ ရေရွတ်လိုက်ရင်း သူ့ကမ္ဘာ ခတ္တအမှောင်ဖုံးသွားသည်။
❤❤❤
မျက်လုံးဖွင့်လိုက်တော့ မြင်နေကျဖြစ်သော အိပ်ခန်းမျက်နှာကြက်
ကို မြင်လိုက်ရသည်။
"နိုးလာပြီလား"
ဘေးနားတွင် ထိုင်နေသော  Planက မေးလာသည်။ တစ်ချိန်တည်း ပင် သူ့ဘေးနားက  Mark ,Title , Earth ,
Meanတို့ကိုပါ တွေ့လိုက်ရသည်။ အားလုံးသူ့ကို စိတ်ပူနေကြပုံရသည်။ သူထမည့်ဟန်ပြင်တော့
Plan> မထနဲ့ဦးလေ...မင်းဆေးသွင်းထားတုန်းပဲ ရှိသေးတယ်
  Mean> ဟင်း...အရူးထတာ တော်သင့်ပြီ Perth...
  Mean၏ စကားအဆုံး Planက ပါးစပ်ကို ပိတ်လိုက်ရင်း
Plan> "တော်တော့လေ...ဟိုမှာ နေမကောင်းနေတာကို...ခင်ဗျားကြီး ဘယ်လိုဖြစ်နေလဲ"
Mean>  "ဘာလဲ...ကိုယ်က ဖြစ်သင့်တာကို ပြောနေတာလေ! အသဲကွဲတာ တော်သင့်နေပြီ"
Plan>"ခင်ဗျားဘယ်လိုဖြစ်နေလဲ!!! တော်ပါတော့ဆိုတာကို! ဒီလောက် အရိပ်အကဲ နားမလည်ဘူးလား...Perthဘယ်လောက်ခံစားရလဲ သိနေတာကို!......"
Mean>အာ့တာကြောင့်ပဲ လုပ်သင့်တာ လုပ်ဖို့ ပြောနေတာလေ! Plan>ခင်ဗျား!
Perth>တော်ကြပါတော့ကွာ...ငါ့ကြောင့်နဲ့တော့ စကားမများကြပါနဲ့...
သူတို့နှစ်ယောက် ရန်ပွဲကို ၀င်တားလိုက်သော Perthအသံက တိုးဖြော့နေသည်။
Title>ဟုတ်သားပဲ...Planကလည်း စိတ်လျော့ပါ..Meanက ကောင်းစေချင်လို့ ပြောပြတာပါ...
Earth>ဟုတ်တာပဲ...Meanစကားပြောမတတ်တာ Planလည်း သိရဲ့နဲ့
ကျန်သူများ ကြားဝင်ဖျန်ဖြေမှ နှစ်ယောက်သား Perthဘေးတွင် ၀င်ထိုင်သည်။
Perth>P'Title SaintSaint သတင်း ဘာကြားသေးလဲ
Title>မရေရာဘူး Perth...ခရီးထွက်သွားတယ်လို့ပဲ စုံစမ်းလို့ ရတယ်...P'သွားကြည့်တိုင်း အိမ်တံခါး သော့ပိတ်ထားတယ်
Titleရဲ့ အဖြေစကား အဆုံး Perth သက်ပြင်းသာ ချမိသည်။
Perth>P'Saintက ကျွန်တော့်ကို တကယ်မုန်းသွားပြီ ထင်တယ်...
ကျန်သူများ Perthကို ဂရုဏာ သက်စွာ ကြည့်မိကြသည်။ သူတို့တွေလည်း လုပ်နိုင်သလောက် လုပ်ပေးခဲ့သည်ပဲလေ...
Mean က Perthတို့ကို သဘောတူပေးဖို့ Perth Papa
ဆီ သွားကာ ညှိနှိုင်းတောင်းပန်ခဲ့သော်လည်း အချည်းနှီးပင်...
ခေါင်းမာလှသော Perth Papaက ဘယ်လိုမှ လက်မခံဘဲ...
သားဖြစ်သူ သေမလို ခံစားနေရသည်ဟု ပြောဆိုသော်လည်း ကြာရင် အချိန်က ကုစားပေးလိမ့်မည်တဲ့လေ...
ပြသနာဖြစ်သော အချိန်မှ စ၍ Saintကိုလည်း မတွေ့ရ...
သူတို့တွေ နေ့ရက်တိုင်း နည်းမျိုးစုံဖြင့် စုံစမ်းသော်လည်း သတင်းအစအနပင်မရ။ သော့ပိတ်ထားသော အိမ်တံခါးဝတွင်သာ လှည့်ပြန်ရသည်ချည်း...
earth > အဆုံး မတွေးပါနဲ့ဦး Perthရယ်... Saint က စိတ်ပြေလက်ပျောက် ခရီးသွားတာနေမှာပါ...အခုလည်း Markကိုယ်တိုင် Saintသွားတတ်တဲ့ နေရာတွေ လိုက်ရှာပေးနေတယ်မဟုတ်လား...
plan>ဟုတ်သားပဲ...Mark ပြန်လာရင် သတင်းတခုခုတော့ ကြားရမှာပဲလေ...စိတ်မလျော့လိုက်ပါနဲ့...
အကုန်လုံးက တယောက်တခွန်း အားပေးနေကြသော်လည်း
Perth စိတ်က ပစ္စုပ္ပန်မှာရှိဟန်မတူ။ အဝေးတစ်နေရာကို ဆွေးဆွေးမြည့်မြည့် ငေးနေသော မျက်ဝန်းတို့က ကြေကွဲရိပ်တို့ ပြည့်နှက်နေသည်။
"နားလိုက်ဦး Perth...ဘာမှ မတွေးနေနဲ့ဦး...နေပြန်ကောင်းအောင်နေ... Saintကို တွေ့ရမယ်လို့ ယုံကြည်ထားတယ်မလား...သေချာပေါက် ပြန်လာမှာပါ...Saintကမင်းကို ဒီလောက်ချစ်တာ"
လက်ကို ဆုပ်ကိုင်ရင်း ပြောလာသော P'Title စကားတွေ...
"ဟုတ်တယ်...ကျွန်တော် SaintSaint ကို ယုံတယ်...ကျွန်တော်တို့ ပြန်တွေ့ရမှာ ...SaintSaint ပြန်လာတဲ့ အခါ ကျွန်တော် သူ့ကို လက်မလွှတ်တော့ဘူး...သူကျေနပ်တဲ့အထိ တောင်းပန်ပြီး သူ့ကို ကျွန်တော့်ရင်ခွင်ထဲပဲ သိမ်းထားတော့မှာ..."
ဆုံးဖြတ်ချက် အဆုံး စိတ်တို့က ပေါ့ပါးသွားရသည်။ Perth နှစ်နှစ်ခြိုက်ခြိုက်ပင် သူ့အကိုတွေကို ပြုံးပြလိုက်မိသည်။
❤❤❤
Hello..." 📱
နွမ်းလျလျ ဖုန်းဖြေသံက Perth ဖြစ်ကြောင်း သူတို့ အားလုံး သိလိုက်ပါသည်။
"မင်းဘယ်မှာလဲ"
Mean ဖုန်းကို ကိုင်ထားရက်ကပင် လိုရင်းသာ မေးလိုက်သည်။
"အပြင်မှာ......"
ခပ်ပြတ်ပြတ် ဖြေသံက ဘယ်သူ့ကိုမှ စကားပြောချင်စိတ် ရှိပုံမရတာ သေချာသည်။
"ကျောင်းက ငါတို့ ထိုင်နေကျ နေရာကို အခုလာခဲ့..."
"P'Mean......"
"Mark ပြန်ရောက်နေပြီ...မင်းနဲ့ စကားပြောချင်တယ်တဲ့"
သူစကားမဆုံးခင် ဖြတ်ပြောလိုက်သော Mean စကားကြောင့် နှလုံးသွေးတို့ ဆူပွက်လာသလို ခံစားလိုက်ရသည်။
"ကျွန်တော် အခုလာခဲ့မယ်..."
❤❤❤
"ဖြေးဖြေး...ဖြေးဖြေး လာပါကွာ"
ဝိုင်းဒိုင်းကြဲကာ ရောက်လာသော  Perthကို Planက သတိပေးစကားဆိုသည်။
"Mark...မင်း P'Saint ကို တွေ့ခဲ့လား...နေကောင်းရဲ့လား...သူဘယ်မှာတဲ့လဲ...ငါ့ကို စိတ်ဆိုး နေတုန်းလား"
"ဖြည်းဖြည်း မေးပါကွာ...မင်းမေးတာ ငါအကုန်ဖြေပေးပါ့မယ်... ခရီးရောက်မဆိုက် ခဏ အမောဖြေပါဦး"
"မလိုချင်ဘူးကွာ...မင်း ငါမေးတာသာ ဖြေစမ်းပါ"
Perthအားတက်သရော မေးမိပေမယ့် Markက အေးဆေး လွန်းသည်။ ခါတိုင်းထက် ပိုတည်ငြိမ်နေသော Mark ​ကြောင့် သူရင်ပိုပူရသည်။
"ငါ...ငါ P'ကို မတွေ့ခဲ့ဘူး..."
အေးစက်စက် ထွက်လာသော စကားသံတို့က သူ့နားထဲသို့ သံရည်ပူလောင်းချလိုက်သလို...
"ဘာ!..."
ရုတ်တရက် အရုပ်ကြိုးပျက်လဲသွားသော သူ့ကို Mean နဲ့ Plan က ထိန်းပေးထား၍သာ တော်တော့သည်။
"ဒါ...ဒါဆို P'Saint က ကျွန်တော့်ကို တကယ်မုန်းသွားပြီထင်တယ်..."
အတားအဆီးမဲ့ကျလာသော မျက်ရည်တို့ကို လွှတ်ချလိုက်တော့ Mean က သူ့ပခုံးကို လာဖက်ကာ နှစ်သိမ့်ပေးသည်။
အားပြတ်နေသူ တစ်ယောက်လို ပုံမျိုးဖြင့် Mean လက်ကို ပုတ်ချလိုက်ရင်း သူထွက်လာခဲ့သည်။
"Perth..."
Mean က လှမ်းခေါ်သည်။
"ကျွန်တော် အဆင်ပြေတယ်"
စိတ်မပူစေချင်၍ ပြောလိုက်သော်လည်း လေသံဖြော့နေသော အသံကို သူ့အကိုတွေ သတိထားမိမှာ သေချာပါသည်။
သူ့ဘ၀မှာ အချိန်တွေကို ပထမဦးဆုံး အကြိမ် နောက်ပြန်လှည့်ချင်မိသည်။ အကယ်၍သာ အခွင့်အရေး ရှိခဲ့မယ်ဆိုရင် သူ P'Saint ကို ဘယ်လောက်ထိ မြတ်နိုးရကြောင်း ၊ သူ့ခံစားချက်တွေကို ဖွင့်ပြမိမှာပါ ...
အခုတော့ သူနောက်ကျ သွားပြီလား...
သူမသိတော့ပါ.........
❤❤❤
TBC...
အရမ်းနောက်ကျသွားတယ် မလား 😭 တောင်းပန်ပါတယ် 😭အခုတလော စိတ်နဲ့ကိုယ်နဲ့ မကပ်လို့ပါ 😭 ကျောင်းတစ်ဖက်နဲ့ ဆိုတော့ နည်းနည်းလေး ပစ်ထားမိပါတယ် 😭 တကယ် တောင်းပန်ပါတယ်...
အကယ်၍ updateတအား ကြာခဲ့ရင် facebookမှာ
Beloved Sunshine ဆိုတဲ့ page မှာ ကျွန်တော့်ကို လာရှာလို့ရပါတယ် ... ခံစားချက်စာစုလေးတွေ ရေးတဲ့pgမို့ ခံစားချက်တွေ ဝေမျှပေးဖို့ pgကို ဖိတ်ခေါ်ပါတယ် ❤
အားလုံးကို ချစ်ပါတယ်ဗျ ❤

     Firesun Picasso 🔥
 

ထာဝရထက်ပို၍ Tempat cerita menjadi hidup. Temukan sekarang