အပိုင်း-(၇)

920 113 18
                                    

"Saint...မင်း နဲ့ Perth စကားများလို့ဆို..."
ကျောင်းပိတ်ရက်တွင် အိမ်သို့ ဆိုင်းမဆင့်ဗုံမဆင့် ရောက်ချလာသော Mean ၏ အမေးစကားသံကြောင့် သူစာအုပ်တစ်အုပ်ကို လှန်ဖတ်ရာမှ ခေါင်းမောကြည့်မိသည်။
"ငါမပြောပဲ ဘယ်လိုသိတာလဲ? "
"မင်းတို့၂ယောက်က ကျောင်းမှာ နာမည်ကြီးလေ...ငါသိတာ ဘာများဆန်းလို့လဲ "
"ထားပါတော့...အခုမင်းက ငါ့ဆီ အာ့တာမေးဖို့ လာတာလား"
"ဆိုပါတော့...အာ့တာရော...တခြားတစ်ခုရော"
"ဘာလဲ...အာ့တာမေးရင်တော့ ငါမဖြေချင်ဘူး"
"Songkran Festival ကနီးနေပြီလေ...မင်းလည်မှာလား"
"စိတ်မပါဘူး..."
"မင်းကလည်းကွာ...မရဘူး ငါလာခေါ်မယ်နော်...နော်"
"ငါလည်းမသိသေးပါဘူးကွာ...အခုလောလောဆယ် စိတ်မပါတာ ပြောတာပါ"
စိတ်ပျက်လက်ပျက် နှင့် အသိစိတ်မဲ့နေသလို ဖြစ်နေသော Saintကို ကြည့်ကာ Mean လည်း ဂရုဏာသက်မိသည်။
အနီးကပ်ဆုံး ပေါင်းခဲ့သူသူငယ်ချင်းမို့ ခံစားချက်ကို နားလည်နိုင်သည်။
"ကဲ...လာအခုထ"
"ဘယ်လဲ...ငါဘယ်မှ မလိုက်ချင်ဘူး"
"မင်းဒီလိုလုပ်လို့ မရဘူးလေ Saint ...မင်းဘာလို့ အခုလိုဖြစ်နေလဲ ငါသိတယ်...ကြာရင် မင်းမေမေတို့ ရိပ်မိသွားမလား မသိနိုင်ဘူး...မင်းလည်းအာ့လို မဖြစ်ချင်ဘူးမလား...အရင်လိုပဲ နေပါကွာ"
Mean စကားအဆုံးမှာ Saintခဏတာ တွေဝေသွားသည်။
"ခဏစောင့်...အ၀တ်စားလဲလိုက်ဦးမယ်"
ပြောပြောဆိုဆို အ၀တ်ဗီရိုဆီ ထသွားသော Saintကြောင့် Mean နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိသည်  ။
"စိတ်ချ...ငါတတ်နိုင်သလောက် မင်းကို ပျော်အောင်လုပ်ပေး
မှာ သူငယ်ချင်း မဟုတ်ဘူး ငါ့ညီအကို"

"ဟာ...ဟေ့ကောင်...တော်တော့...မသောက်နဲ့တော့ မင်းများနေပြီ"
တစ်ခွက်ပြီး တစ်ခွက် မော့နေသော Saintလက်ထဲမှ ခွက်ကို အတင်းလိုက်လုနေသော Mean......
Saintလက်ထဲမှ ခွက်ကို လုအပြီးမှာတော့
"မင်းလည်းခွက်ရရော...ဟိုတစ်ယောက်လည်း မှောက်နေပြီ"
မကြာခင်ကမှ ပြန်ရောက်လာသော Earthက ၀င်ပြောသည်။
ယခု သူနဲ့ Saintရောက်နေသည်က P'Title တို့၏
"Sunny Sky Bar"
"ဘယ်လိုဖြစ်ကြတာလဲကွာ"
Earth ၏ ပခုံးပေါ် လက်တင်ရင်း Titleကမေးသည်။
"ဟူး...ကျွန်တော်မှားတာပါဗျာ...စိတ်ပြေလက်ပျောက် ဆိုပြီး ခေါ်လာတာ "
"Perthနဲ့ အဆင်ပြေပုံမရဘူးထင်တယ်"
Saint ကိုကြည့်ကာ Titleကဆိုတော့ Earthက ၀င်မေးသည်။
"သူက..."
"ကိုယ်တခါပြောပြဖူးတဲ့ Perthကောင်လေးလေ...Perth ကို အရမ်းချစ်တာ"
"အာ့တာကို Perthက မသိဘူးလား"
Earthအမေးကြောင့် Meanက သက်ပြင်းချရင်း
"မသိတော့ပါဘူးP'ရယ် Perthက သူ့ခံစားချက်ကို ရေရေရာရာ သိပုံမရတာလည်း ဖြစ်နိုင်တယ် Perth ကဂျစ်တစ်တစ်နဲ့ စိတ်ထင်ရာလုပ် ဒီကောင်က ချစ်တဲ့စိတ် တစ်ခုနဲ့ အရာရာ သူပဲရင်အကွဲခံပြီး ကူညီ...ကြာရင် အပျက်ပျက် ဖြစ်မှာပဲစိုးတယ်...ဒီကောင့်ကိုပဲ သနားရမလား...Perthကိုပဲ ဒါလေးတောင် မသိဘူး လားဆိုပြီး ဆွဲထိုးရမလားမသိဘူး"
သူတို့ အခြေအတင် ပြောနေကြ တုန်းမှာပင် ၀င်လာသူက Perthနဲ့ Marksiwat
ဆိုင်ပိတ်ချိန်မို့ Perthတို့အပါအ၀င် သူတို့၆ယောက်သာ ရှိသည်။
"ဘာတွေပြောနေကြတာလဲ..."
သူတို့ကို မြင်တော့ Markက ခပ်ပြုံးပြုံး မျက်နှာထားနှင့် မေးလာသည်။ Perthကတော့ မှောက်နေသော Saintကို တချက်သာကြည့်ပြီး သူမဟုတ်သလို လှည့်သွားသည်။
"အတော်ပဲ Perth...မေးစရာရှိနေတာနဲ့"
"မဖြေချင်ဘူး"
Earthက စကားစလိုက်သော်ငြား ခပ်ပြတ်ပြတ်သာ ဖြေရင်း ဆေးလိပ်သောက်နေသော Perthကြောင့် ဒေါသကထွက်လာပြန်သည်။ သူ့အရိပ်အခြေကို သိသော Titleက ကြားထဲမှ ၀င်ရပ်လိုက်ရင်း
"Perth...မင်းတို့ အခုထိ မပြေလည်ကြသေးဘူးလား...မင်းကလည်း စိတ်ကိုလျော့မှပေါ့...relationship ဆိုတာ နားလည်မှုနဲ့တည်ဆောက်တဲ့ အရာပဲလေကွာ...တိုင်တိုင်ပင်ပင် ညှိယူကြပေါ့..."
သူ့စကားအဆုံး Perthက ဆေးလိပ်ကို တဖွာနှစ်ဖွာဖွာလိုက်ရင်း အငွေ့တွေ့ကို မှုတ်ထုတ်လိုက်ကာ ဟက်ခနဲ တချက်ရယ်လိုက်ပြီး
"P'တို့ တတွေ အထင်လွဲနေတာပါ...P'တို့ပြောတာ စစ်မှန်တဲ့ RSတွေအတွက်လေ...ကျွန်တော်တို့က အစစ်အမှန်မှ မဟုတ်တာ...အတုအယောင်တွေလေ...ဒီလိုကိစ္စအတွက်နဲ့ အချိန်ကုန်ရမယ်လို့ မထင်ဘူး...ကျွန်တော် အချိန်မပေးနိုင်ဘူး..."
"မင်းမပေးနိုင်ပဲ ဘာလို့ တွဲခဲ့သေးလဲ"
Meanက ထအော်သည်။
"မှန်တယ်...ကျွန်တော် ပြောခဲ့တယ် တွဲရအောင်လို့...ဒါပေမယ့် အတုအယောင် အနေနဲ့လို့ပဲ ကျွန်တော် ပြောခဲ့တာ!ဟန်ဆောင်ရအောင်လို့ပဲ ကျွန်တော်ပြောခဲ့တာ!...
"အေး...မင်း! "
"Mean ခဏနေဦး...ငါပြောမယ်..."
မေးကြောတွေ ထောင်ထလာသည်အထိ စိတ်တိုနေသော Meanကို Earthက တားလိုက်ရင်း
"Perth...ငါနဲ့ခဏလိုက်ခဲ့"
...............❤❤❤..................
ကန်ကြီးတကန်ဘေးမှာ Earthကားကို ရပ်ရင်း ဆင်းလိုက်
တော့ Perthမယောင်မလည်နဲ့ ဆင်းလာမိသည်။
"ဒီနေရာကို...ဘာလို့လဲ"
Perthအမေးကို Earthက ပြုံးလိုက်ရင်း
"မအေးချမ်းဘူးလား Perth...စိတ်တွေ ပေါ့ပါးတယ်လို့ ခံစားရလား"
Perthမျက်လုံးကို မှိတ်ရင်း ဖြတ်တိုက်လာသော လေနုအေးကို ခံစားလိုက်ရသည်။
"မင်းSaintကို ဘယ်လိုခံစားမှုမျိုး ရှိလဲ Perth...တကယ် ပဲ မချစ်ဘူးလား...သူ့ကို မင်းဘယ်လိုမှတ်ယူထားလဲ"
Earthအမေးကြောင့် Perth မျက်လုံးဖွင့်ကာ ကြည့်မိတော့ သူ့ကိုပြုံးကြည့်နေသော Earth...
"ဟိုးအရင်တည်းက မင်းတစ်ဖက်သတ် ချစ်ခဲ့ဖူးသူ ရှိလား Perth...တဖက်သတ် အချစ်ရဲ့ အရသာကို ခံစားနားလည်ဖူးလား..."
Earth ကားရှေ့ဖုံးကို မှီလိုက်ရင်း
"မင်းသိလား Perth...
တဖက်သတ် အချစ်ရဲ့ အရသာက ဘယ်လောက်နာကျင်ရလဲ
ဆိုတာ...အင်း မင်းသိရင်သိမယ်...ခုချိန်ထိ မသိသေးတာ လည်း ဖြစ်နိုင်တယ်...ကိုယ့်ခံစားချက်ကို တဖက်လူက နားမလည်ရင်ရော ဘယ်လောက်ခံစားရလဲ သိလား...မင်းမဖြေတတ်ဘူး ထင်တယ်...Perth အချစ်ဆိုတာက ငါတို့ ထင်သလောက် မလွယ်ကူဘူး...အချစ်ကြောင့် ပျော်ရွှင်ရတယ်...အချစ်ကြောင့် ၀မ်းနည်းရတယ်...နောက်ဆုံးကွာ...အချစ်ကြောင့် ဘ၀ပါအဆုံးသတ်ခဲ့ရတာတွေ ရှိတယ်..."
"P'Earthက ကျွန်တော့်ကို ဘာလို့ ဒါတွေ လာပြောနေတာလဲ"
"မဖြစ်သင့်တာတွေ ဖြစ်ကုန်မှာ စိုးလို့ပေါ့...ကံကြမ္မာက လှည့်စားတတ်တယ် ကိုယ့်ခံစားချက်ကို နားလည်တတ်တဲ့
အချိန်ကျရင် သူက အနားမှာ မရှိတော့တာမျိုးတွေ ကြုံရတတ် တယ်...နောင်တဆိုတာ နောင်မှရတတ်တာ Perth...ကလေးဆန်တာတွေ မလုပ်ပဲ ၀င်ကြည့်ကြည့်စမ်းပါ Perth...တဖက်လူရင်ထဲကို...တဖက်သားရဲ့ ခံစားချက်တွေကို...တခါတလေ ကာယကံရှင် ကိုယ်တိုင်တောင် မသိတဲ့အရာတွေကို ဘေးလူတွေက ခံစားလို့ရတယ် Perth...အချိန်မလွန်ခင် မင်းအသိတရားဝင်ပါတော့...အချိန်လွန်မှ နောင်တမရစေနဲ့"
Earthစကားအဆုံး ဟက်ကနဲရယ်ချလိုက်သော Perth...
"P'မှားနေပြီ...ကျွန်တော်လည်း လူပဲ...အရွယ်ရောက်နေတဲ့ လူသားတစ်ယောက်ပဲ...ခံစားချက်တွေကို ခံစားတတ်တာ
ပေါ့...အာ့ဒီလောက် မအဘူး...ဒါပေမယ့် ပြောခဲ့သလိုပဲ...ဟန်ဆောင်ခဲ့တာ...အခက်အခဲကို ကူညီဖို့ အကူညီတောင်းခဲ့ရုံပဲ...ကျွန်တော်...ကျွန်တော် ဘာစိတ်မှ မရှိဘူး"
"Perth...Perth"
ပြောပြောပြီးချင်း လှည့်ထွက်သွားသော Perth ကို Earth လိုက်ခေါ်သော်လည်း မမှီလိုက်ပေ။ ကားပေါ်တက်ကာ မောင်းထွက်သွားလေပြီ။
...............❤❤❤...........
"အား...ကျွတ်...ကျွတ်"
တဆစ်ဆစ်ထိုးကိုက်နေသော နားထင်ကို ဖိလိုက်ရင်း
မျက်လုံးဖွင့်ကြည့်မိတော့
"နိုးပြီလား...သံပုရာရည်သောက်လိုက်ဦး လန်းသွားအောင်"
သူ့ရှေ့သို့ အအေးခွက် ထိုးပေးလာသူကို ကြည့်လိုက်တော့ ဖြူဖြူသေးသေး ကောင်လေးတစ်ယောက်...
"မိတ်ဆက်ရဦးမယ်...P'ကP'Earthပါ "
"P'Earth??? "
နာမည်ကို ကြားဖူးသလိုမို့ သူခေါင်းကို အလုပ်ပေးလိုက်ရသည်။
"P'Title ကောင်လေးမလား...ပြောပြဖူးတယ်"
"အင်း...ဟုတ်တယ်...သက်သာရဲ့လား ခေါင်းကိုက်တာက"
Saintခေါင်းငြိမ့်ရုံသာ ပြမိသည်။
"အဆင်ပြေရဲ့လား..."
အဆက်စပ် မရှိမေးလိုက်သော မေးခွန်းဖြစ်သော်ငြား Saintသဘောပေါက်စွာ ခေါင်းငြိမ့်ပြမိသည်။
Earth ခပ်တိုးတိုးသာ သက်ပြင်းချမိသည်။
"အမှန်အတိုင်း ပြောရရင်တော့ ကိုယ့်ကိုကိုယ် တောင် ဘယ်လိုအခြေအနေ ဖြစ်နေမှန်း ရေရေရာရာ မသိတော့ဘူး...အငွေ့ဖြစ်ပြီး ပျောက်သွားရင် သိပ်ကောင်းမှာပဲ လို့ပဲ တွေးမိတော့တယ်"
အတန်ကြာ တိတ်ဆိတ်နေသော Saintထံမှ ခပ်တွေတွေ စကားတို့က ထွက်ကျလာသည်။
"ဖြစ်တတ်ပါတယ် လို့ပဲ ပြောရမလား...ဘယ်လိုနှစ်သိမ့်ပေးရ မှန်း မသိအောင်ပဲ...အချိန်ကိုပဲ စောင့်ရတော့မယ်ထင်တယ်...P'မင်းကို ကိုယ်ချင်းစာပါတယ်..."
"အဆုံးသတ်ကို ကြိုတွက်ပြီးသားမို့ စိတ်ကို ပြင်ဆင်ခဲ့တာ...အဆုံးသတ်မရောက်ခင်တောင် ကျွန်တော်ပြိုလဲတော့မယ် ထင်တယ်...ဘယ်ဘ၀က ၀ဋ်ကြွေးကြောင့်များလဲ...ချစ်နေရရင် ပြီးရောဆိုပေမယ့် တစ်ခါတစ်ရံတော့ ပိုင်ဆိုင်ချင်တဲ့ လောဘတက်မိတယ်...ဒီလူသားနဲ့ အလွှာပါးပါးလေး ခြားထားပေမယ့် အရမ်းဝေးကွာ နေသလို ခံစားရတယ်...ကျွန်တော်တို့က ၃နဲ့၎ လိုပဲ ထင်ပါရဲ့...ကျောချင်းကပ်ထားကြပေမယ့် ဘယ်တော့မှ မဆုံနိုင်ဘူးလေ...ဘာပဲဖြစ်ဖြစ်ပါ အာ့ကလေး ပျော်နေတာမြင်ရင်ကို ကျွန်တော် ကျေနပ်ပါတယ်...သူပျော်ရင် ကျွန်တော်ပျော်တယ်...သူဝမ်းနည်းရင် ကျွန်တော်နာကျင်ရတယ်...သူပျော်ဖို့ဆို ဘာပဲဖြစ်ဖြစ် တတ်နိုင်တာ လုပ်ပေးချင်တယ်...ဒါကိုအချစ်လို့ ခေါင်းစဉ်တပ်လည်း အချစ်ပေါ့..."
သူတို့ အခြေအတင် ပြောနေကြတုန်းမှာပင် Saintဖုန်းမှ message၀င်လာသည်။
From Perth ❤
"P'SaintSaint ကျောင်းကို ခဏလာခဲ့ပေးပါ..."
"ကျွန်တော် သွားရတော့မယ်ထင်တယ်...Perthဆီက messageရတယ်...ခွင့်ပြုပါဦး"
လက်အုပ်လေးချီကာ နှုတ်ဆက်ကာ အပြေးကလေး ထွက်သွားသောSaintကိုကြည့်ကာ Earthခပ်တိုးတိုး ဆုတောင်းမိသည်က
"မင်းရဲ့မေတ္တာတွေကို Perthမြင်နိုင်ပါစေ..."
...............❤❤❤...........................
"Perth...မင်းဘယ်မှာလဲ...အကိုကျောင်းရောက်ပြီ"
တဖက်မှ ထူးသံကြားသည်နှင့် Saint အမောတကော မေးမိသည်။
"ကျောင်းအလည်က basketball ကွင်းကို လာခဲ့ပေးပါ"
ခပ်တိုးတိုးစကားသံ အဆုံးမှာ သူbasketball ကွင်းဆီ ပြေးထွက်လာမိသည်။
Saint ဆွံ့အစွာ ရပ်နေမိသည်။ သူ့ရှေ့တည့်တည့်မှာ
တော့ Perth...နှင်းဆီပန်းစည်း တစ်စည်းကိုင်ထားသည်။
သူ့ရှေ့တည့်တည့်မှာ ရပ်လိုက်တော့ Saint မော့ကြည့်မိ သည်။ သူ့ထက်ငယ်သော်ငြားလည်း အရပ်အမောင်းက သူ့ကိုအနည်းငယ် မိုးနေသည်။ ခပ်နက်နက် မျက်ခုံးတွေ သူသဘောကျတဲ့ မျက်ဝန်းနက်နက်တွေ ညင်ညင်သာသာ ပြုံးပြလာသော သူ့ကလေး...
"တောင်းပန်ပါတယ်...အရင်ကပြသနာတွေ အတွက် "
သူ့လက်ထဲ ထည့်ပေးလာသော နှင်းဆီပန်းစည်း တို့ကို လက်ခံလိုက်မိသည်။
သူ့ကို ရစ်ပတ်လာသော လက်သွယ်သွယ်တို့ကြား ကျေနပ်စွာ ခံယူရင်း ရင်ခွင်ထဲ တိုးဝင်လိုက်မိသည်။ သူတို့ဘေးမှာတော့ ဓာတ်ပုံတွေက တဖျတ်ဖျတ် ရိုက်ပေးနေသည်။ သူ့နားနားသို့ ကပ်ကာ တိုးညှင်းစွာ ပြောလိုက်သော Perth...
"အစစအရာရာ အတွက် ကျေးဇူးတင်ပါတယ်...စိတ်လိုလက်ရ ဟန်ဆောင်ပေးတဲ့အတွက်..."
"ဟန်ဆောင်တာဆိုရင်တောင် အကိုကျေနပ်ပါတယ် ...
မင်းပျော်ဖို့အတွက်...အကို့နှလုံးသားကို လမ်းခင်းပေးမှာပါ"
ခပ်တိုးတိုးသာ စိတ်ထဲက ရေရွတ်လိုက်ရင်း Perthကို တိုးလို့ ဖက်ထားမိသည်။

❤❤❤

        Firesun 🔥

ကြာသွားတာ တောင်းပန်ပါတယ်ဗျာ... 🙏

ထာဝရထက်ပို၍ Where stories live. Discover now