အပိုင်း-(၈)

722 70 4
                                    

Part -(2)
"ညီက အရမ်းစဉ်းစားလွန်းတာပါ...တခါတရံ မတွေဝေဘဲ ရူးရူးမိုက်မိုက် လုပ်ရတာတွေ ရှိတယ်"
"ဒါပေမယ့် Perthနဲ့ပတ်သက်ရင် ဘယ်လိုမှ မစွန့်စားရဲဘူး
တခြားကိစ္စ တွေသာ ပြတ်သားပေမယ့် Perthနဲ့ ပတ်သက်ရင် မ၀ံ့ရဲဘူး...အချစ်ရေးမှာ ကံခေတယ် ထင်ပါတယ် အကိုရယ်"
"အာ့လိုလည်း မဟုတ်သေးဘူးလေ ငါ့ညီရယ်...Perthလည်း နားလည်မှာပါ...အချိန်တစ်ခုကို စောင့်ကြည့်လိုက်ပါ...မေတ္တာဆိုတာ အလျားအနံ မရှိပေမယ့် အသွားအပြန် ရှိပါတယ်...မကြာခင် ရောင်ပြန်ဟပ်မှာပါ..."
ထိုနေ့က Perthရောက်မလာခဲ့ပါ...လူအစား လေလှိုင်းကြားမှ စာလေးတစ်စောင်သာ ရောက်လာခဲ့သည်။
"ခရီးလွန်နေလို့ မလာဖြစ်တော့ပါဘူးတဲ့"
သူ ထိုစာကို ဖတ်ကြည့်နေရင်း ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည်။ ထိုဆုံးဖြတ်ချက်နှင့် အတူ သူ့လက်ချောင်းများ က screenပေါ်သို့ ပြေးလွှားသွားသည်။
"ကိုယ် မင်းကို စွန့်လွှတ်လိုက်ဖို့ သင့်နေပြီ ထင်တယ်"
❤❤❤
"ဒုန်း ဒုန်း ဒုန်း"
နန်းတော်တမျှ ခမ်းနားထည်ဝါလှသော အိမ်ကြီး၏ အခန်းတစ်ခုမှ ဆူညံလျက်ရှိသည်။ အခန်း ထဲတွင်တော့ ဒေါသမျက်လုံးများဖြင့် ၀င်းဝင်းတောက်လျက်ရှိသော Perth
တံခါးကို တဒုန်းဒုန်းထုရင်း ပါးစပ်ကလည်း အော်ဟစ်နေသည်။
"အခုဖွင့်စမ်း! အခုဖွင့်စမ်း လို့ ပြောနေတယ်နော်! "
သူဘယ်ရွှေ့ဘယ်မျှ အော်ဟစ်နေပါသော်လည်း တုံ့ပြန်သံ မကြားရ။ တံခါးကို အားပြတ်စွာ မှီထိုင်လိုက်သည်။ ရုတ်တရက် ၀င်လာသော message ringtone သံကြောင့် ဖုန်းကို ဖွင့်ကြည့်လိုက်မိသည်။ မြင်လိုက်ရသော စာကြောင့် ကမ္ဘာတစ်ခုလုံး ပျက်သုဉ်းသွားသလို ခံစားလိုက်ရသည်။ ထို့အတူ သူ့အတွေးတို့က မကြာခင်က ဖြစ်ပျက်ခဲ့သော အဖြစ်ပျက်ဆီသို့.........
  သူ ဒီနေ့မနက်က စောစီးစွာ ထူးထူးခြားခြား နိုးနေသည်။
ဒီနေ့ P'SaintSaint နဲ့ ချိန်းဆိုထားသည်လေ။ လေလေး တချွန်ချွန်နဲ့ သူပြင်ဆင်နေတုန်း အိပ်မှုန်စုံဖွားနဲ့ ထလာသော Mark.........
"ရာသီဥတုတွေ ပြောင်းနေပါတယ် မှတ်တာ...လက်စသတ်တော့ ဟွန်းဟွန်း..."
အစပထမ သူမကြားယောင် ပြုသော်လည်း တစ်ချိန်လုံး လိုက်ကာ ရွဲ့နေသော ဒင်းကို အမြင်ကတ်လာရာ သန့်စင်ခန်း ၀င်သွားခိုက် အပြင်ဘက်မှ ကလန့်ထိုးကာ တံခါးပိတ်ထားလိုက်သည်။ အပြင်သွားခါနီးမှ ဖွင့်ပေးရမည်။ ဒါမှ ဒင်းမှတ်မှာ...😌
သူ့အတွေးနဲ့သူ စဉ်းစားလိုက်ရင်း ရင်ထဲ ကြည်နူးသွားသည်။ သူ ဒီနေ့ P'Saintကို ရင်ထဲက အမှန်တွေကို ပြောပြတော့မည်။ အရင်တည်းက ဖြစ်နေသော သံယောဇဉ်အကြောင်းကို P'Saint နားလည်အောင် ပြောပြမည်။ သူတကယ်တော့ အရင်တည်းက P'Saint ကို သဘောကျခဲ့ရသူ...
ကောင်မလေးတွေ ထည်လဲတွဲတုန်းက နှုတ်သွက်ခဲ့တဲ့ သူက အချစ်စစ်ကြောင့်လားမသိ ယခုကျ မ၀ံ့ရဲ ဖြစ်နေသည်။ သူ့အကြောင်း အတော်များများ ကို သိထားသူမို့ ရုတ်တရက် ဖွင့်ပြောလိုက်လျှင် သာမန်စိတ်ကစားသည်ဟု ထင်မှာစိုးသည်။ ထို့အတွက် အနီးကပ် သာ နေခဲ့ပေမယ့် P'Saint က လူချစ်လူခင် များသည်။ သဘောကျသူတွေ ၀ိုင်းဝိုင်းလည်နေ၍ သူကြိတ်၍ သ၀န်တိုရပေါင်းများသည်။
သူအကြံအိုက်နေစဉ်မှာပဲ သူ့ဖေဖေက သူ့ကို အိမ်ထောင်ဖက် ရှာပေးလာသည်။ P'က လွဲ၍ မည်သူမျှ စိတ်ဝင်စားမရတော့သော သူက အကြံအဖန် တခု လုပ်ရန် အတွေးဝင်လာသည်။ P'Saint ကို လက်မလွှတ်ရသလို ချစ်သူတစ်ဦး လိုလည်း ဂရုစိုက်ပေးခွင့် ရမည်။အကူအညီဆိုတော့ P'လည်း ငြင်းမည်မဟုတ် ။ ဟန်ဆောင်တွဲရန် အကူအညီတောင်းမည် ဟု သူဆုံးဖြတ်လိုက်သည်။
သူ ထိုအကြောင်းများကို သူ့အချစ်ဆုံး သူငယ်ချင်း Markကိုပင် မပြောပြဖြစ်။ ဒီကောင်က ပါးစပ်ဖွာတယ် တော်ကြာ ပေါက်ကြားသွားမှ P'သူ့ကို မုန်းသွားနိုင်သည်။
သူ ဟန်ဆောင်ကာလ တစ်လျှောက်လုံး သူပျော်ခဲ့ရသည်။ P'ရဲ့ ဂရုစိုက်မှုတွေ ကြင်နာမှုတွေကို သူကြည်နူးခဲ့ရသည်။ တစ်ခါတစ်ရံမှာ သူသ၀န်တိုမိတိုင်း စိတ်ထွက်ပေါက် အဖြစ် ကောင်မလေး တွေနဲ့ တွေ့သည်။ Bar သွားသည်။ clubတက်သည်။ ရန်ဖြစ်သည်။ သူရန်ဖြစ်တိုင်း သူ့ရှေ့က ကာပေးသော P'Saintကြောင့် သူကြည်နူးရပါသည်။ သို့ပေမယ့် သူအတတ်နိုင်ဆုံး သူ့စိတ်ကို ဖုန်းကွယ်မိသည် ။သူပဲ ဟန်ဆောင်ကောင်း၍လားမသိ သူ့စိတ်ကို မည်သူမျှ မရိပ်မိကြ။ ယခုတော့ သူဖွင့်ပြောသင့်ပြီ ဟု ထင်သည်။ သူလည်းဆက် မခံစားနိုင်တော့။ P' ပညာတော်သင် သွားရမည့် ကိစ္စ နှင့် ပတ်သက်၍ သူတို့ စကားများခဲ့ရသည်။
သူ လူသိရှင်ကြား တောင်းပန်ခဲ့သည်။ ဟန်ဆောင်သည် ဆိုပေမယ့် သူ့တကယ့်စိတ်ရင်းဆိုတာ သူသာ သိသည်။ သူ့ခံစားချက်ကို ဖွင့်ပြောပြီး ပညာတော်သင် ကိစ္စ ကို ပြန်စဉ်းစားပေးဖို့ တောင်းပန်ရမည်။ သို့မဟုတ် သူပါ P'နဲ့အတူလိုက်နေမည်။ သူ့စိတ်ကူးနဲ့သူ ကြည်နူးရင်း အပြင်သွားဖို့ ထွက်မှ တံခါးပိတ်ထားသော Markကို သတိရတော့သည်။
"sorryပါ သူငယ်ချင်း အကောင်းစားလေးရေ...မင်း လေနည်းနည်းလျော့ရင် နောက်ခါ ဒီလိုမလုပ်ဖူးလို့ ငါကတိပေးတယ်...တာ့တာ သွားပြီ"
သူမြူးထူးစွာ အော်ဟစ်ရင်း ဆင်းပြေးလာလိုက်သည်။

ရုတ်တရက် ရှေ့သို့ ထိုးရပ်လာသော ကားနက်ကြီးကြောင့် ကားဆီလှမ်းနေသော သူ့ခြေလှမ်းတို့ ရပ်တန့်သွားသည်။
မျက်ခုံးတို့က အလိုမကျစွာ တွန့်ချိုးသွားသည်။
သူရပ်နေတုန်းမှာပင် ကားတံခါးပွင့်လာကာ ၀တ်စုံပြည့်ဖြင့် လူတယောက် ဆင်းလာသည်။
"အိမ်တော်ထိန်းကြီး..."
အိမ်တော်ထိန်း ဆိုသူ လူကြီးက သူ့ကို အရိုအသေပေး လိုက်ရင်း
"သခင်လေး...အိမ်မှာ သခင်လေး ချစ်သူကောင်လေး SaintSup ရောက်နေပါတယ်...သခင်ကြီးနဲ့ စကားပြောနေပါတယ်...သခင်ကြီးက အခု သခင်လေးကို ခေါ်ခိုင်းလို့......"
စကားမဆုံးခင် သူကားပေါ်သို့ ၀ုန်းခနဲ တက်လိုက်ရင်း
"အခု အိမ်ကို သွားမယ်! "
"P'Saint! P'...P'SaintSaint! "
သူ တအိမ်လုံး အနှံ့ တကြော်ကြော် အော်ဟစ်နေပါသော်လည်း တုံ့ပြန်သံမကြားရ။ စိတ်ပူမှုက ငယ်ထိပ် တက်လာသည်။ ရုတ်တရက် သူ့အတွေးထဲမှာ ၀င်လာသော အရာတစ်ခုကြောင့် သူထောင်ချောက်ဆင် ခံရတာ သိလိုက်သည်။ သူသိပေမယ့် အသိနောက်ကျ ခဲ့လေပြီ။ သူ့လက်မောင်းကို တဖက်တချက်က ချုပ်ကာ အခန်းတစ်ခုထဲ ထည့်ပိတ်ခံလိုက်ရသည်။ သူသဘောပေါက်လိုက်သည်။ သူ့ဖေဖေ လူလည်ကျပြီ။
ချက်ချင်း တံခါးဆွဲဖွင့်ပေမယ့် အပြင်က ဂျက်ထိုးသွားပြီ။ တံခါးကို တဒုန်းဒုန်း ထုကာ အော်ဟစ်သော်လည်း တုံ့ပြန်သံမကြားရ။ အရုပ်ကြိုးပျက် ထိုင်ချလိုက်မိသည်။

သူ အတွေးတို့က ပစ္စုပ္ပန် ရောက်ရှိချိန်မှာတော့ သူ့လက်ထဲက ဖုန်းကို နံရံကို ပစ်ပေါက်လိုက်မိသည်။ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသော ဖုန်းလေးက ကြမ်းပြင်တွင် အပုံသား။
"အား"
ဘေးနားက နံရံကို လက်သီးနဲ့ထိုးမိတော့ သူ့လက်ဖျံက အရေပြားတို့ စုတ်ပြဲကုန်သည်။ သူဖတ်လိုက်ရသော စာလေးက သူ့ကို ပြန်ခြောက်လှန့်နေသည်။ သူဖတ်လိုက်ရတာက
"အကိုတို့ ဟန်ဆောင် ဆက်ဆံရေးကို ဒီမှာပဲ ရပ်လိုက်ရအောင်"တဲ့
❤❤❤
        Firesun 🔥
စာတွေအများကြီး ရေးပြီး တ၀က်လောက် ပျက်ကျသွားလို့ စိတ်တွေ အရမ်းညစ်သွားပါတယ် စောင့်နေကြတာ သိလို့ အရမ်းလည်း အားနာမိတယ် တောင်းပန်ပါတယ်လို့ ထပ်တောင်းပန်ပါရစေ အရမ်းနောက်ကျနေတဲ့အတွက်လည်း တောင်းပန်ပါတယ်ဗျာ ဒီလိုလူကို အရမ်းသည်းခံပေးတဲ့ အတွက် တကယ်လည်း ကျေးဇူးတင်ပါတယ် 🙏🙏🙏

ထာဝရထက်ပို၍ Where stories live. Discover now