အပိုင်း-(၁၀)

891 95 1
                                    

"လူကြီးမင်း ခေါ်ဆိုသော......"
Mean ဖုန်းကို စားပွဲပေါ်သို့ ပစ်တင်လိုက်ရင်း ခုံပေါ်သို့ ခြေပစ်လက်ပစ် ထိုင်လိုက်မိသည်။ မရှေးမနှောင်းပင် တံခါးဖွင့် သံ ကြားလိုက်ရသည်။ သူလှည့်ကြည့်လိုက်တော့
"Plan????"
"Perth အခြေအနေ အတော်ဆိုးနေလား"
"အင်း...ကိုယ်လည်း ခရီးပြန်ရောက်ရောက်ချင်း ကောင်းကောင်းကို မနားရဘူး...အိမ်တော်ထိန်း ဆီက ဖုန်းရလို့ တန်းပြေးရတော့...ဒီကောင် လူမှန်းသူမှန်းတောင် မသိတော့ဘူး...Saintကလည်း ဖုန်းခေါ်လို့ မရဘူး...ဘာတွေဖြစ်ခဲ့လဲ ဆိုတာ မသိတော့ဘူး...ကလေးတို့ကော ဘာမှမကြားဘူးလား သူတို့အကြောင်း"
ပခုံးနှစ်ဖက်ကို ဖွဖွလေး ဆုပ်ကိုင်ရင်း မေးလာသော Mean ၏ မေးခွန်းကို Planက အသာအယာ ခေါင်းယမ်း၍ အဖြေပေးလိုက်သည်။
"ဟူး........."
Mean သက်ပြင်းခပ်ဖွဖွ ချလိုက်ရင်း
"ဒါဆိုရင် Perth နိုးလာမှပဲ မေးလို့ရတော့မယ်"

(ကျွန်တော်တို့ လူသားတွေရဲ့ ဘ၀မှာ တချို့ အချိန် ကဏ္ဍလေးတွေဟာ မမေ့နိုင်လောက်အောင် စွဲကျန်ရစ်စေခဲ့ပါတယ်...အာ့တာက အပြုံးတစ်ခု လည်း ဖြစ်နိုင်တယ်...ပွေ့ဖက်မှု တစ်ခုလည်း ဖြစ်နိုင်တယ်...အာ...မထင်မှတ်ပဲ မျက်လုံးချင်းဆုံမိကြတဲ့ အခိုက်အတန့်လည်း ဖြစ်နိုင်တယ်...)
နိုးလာသည်နှင့် တဆစ်ဆစ် ကိုက်နေသော ခေါင်းက နှိပ်စက်တော့သည်။
"အား...ကျွတ်...ကျွတ်"
ညည်းတွားရင် နားထင်နှစ်ဖက်ကို လက်နဲ့ဖိထားမိသည်။
"နိုးလာပြီလား...သောက်လိုက်ဦး...ခေါင်းကိုက် နည်းနည်းတော့ သက်သာသွားမှာ"
သံပုရာရည်ခွက်ကို လှမ်းပေးလိုက်ရင်း Meanက ကုတင်ဘေး ၀င်ထိုင်သည်။
"ဘာလို့ အာ့လောက်တောင် သောက်ထားတာလဲ ?P'ကို ပြော...
ဘာတွေများ စိတ်ညစ်စရာ ရှိလို့လဲ? ...မဟုတ်မှ Saintနဲ့များ..."
"P'Mean..."
စကားမဆုံးခင် ဖြတ်ခေါ်လိုက်သော Perthအသံက ခါတိုင်းနဲ့ မတူပဲ တိုးညှင်းနေသယောင်ယောင်.........
Mean ဖွင့်ဟလာမည့် စကားသံတို့ကို နားစွင့်နေမိပေမယ့်
"ကျွန်တော် တယောက်တည်း နေချင်တယ် ..."
"ဘယ်လို? Perth အခုလို လုပ်လို့ ပြသနာက ပြီးသွားတာမှ မဟုတ်တာ...မင်း ပြောပြမှ P'တို့က ရှင်းပေးလို့ ရမှာလေ...မင်းတို့ အခုလို လုပ်တာ ပြသနာကို ရှင်းရာ မရောက်ဖူး Perth...ပြီးတော့..."
"တော်တော့..."
Mean စကား ဆက်ဖို့ ကြံပေမယ့် ဘယ်အချိန်တည်းက သူတို့နား ရောက်နေမှန်း မသိသော Planက လက်ကို လာဆွဲကာ တားသည်။
"ဒါပေမယ့် ကိုယ်ပြောတာက..."
Mean တယောက် Planကို ရှင်းပြဖို့ လှည့်လိုက်ပေမယ့်
"ရှူး..."
သူ့နှုတ်ခမ်းပေါ်သို့ လက်လေးလာတင်ကာ တရွတ်ဆွဲ ခေါ်တာ ခံလိုက်ရသည်။
"အာ...ဘာလဲ...ကိုယ့်ကို ဘာလို့ အတင်းဆွဲခေါ် လာတာတုန်း"
"Perthကို ခဏတော့ လွှတ်ပေးလိုက်ပါ...ဒီအချိန်မှာ သူလည်း စဉ်းစားဖို့ အချိန်လိုမယ် ထင်တယ်..."
"အာ့တာဆို ကိုယ်တို့က ဘယ်လို လုပ်ပေးရမှာတုန်း? "
Plan က စဉ်းစားဟန် ပြုပြီးမှ
"အကြံရပြီ..."

တံခါးဝ တွင် ချိတ်ထားသော ခေါင်းလောင်း လှုပ်သွားသည်။
ခြေသံ ဖွဖွ နင်းလျှောက်သံကြားလိုက်ရသည်။
တဆိုင်လုံးရဲ့ အာရုံတွေက တံခါးဝကို ဖြတ်ကာ ၀င်လာသော ကိုယ်လူချော ၂ယောက် ဆီသို့.........
"ရောက်လာပြီလား"
စားပွဲဝိုင်း တစ်ခုမှ လက်ပြကာ ကောင်လေးတစ်ယောက် ထ၍နှုတ်ဆက်သည်။
ထိုကောင်လေး ၂ယောက် စားပွဲဝိုင်းဆီ ရောက်ချိန်မှာတောင် ဆိုင်ထဲမှ ကောင်မလေး များ၏ အသံတို့က လက်ပံပင် ဆက်ရက်ကျနေသလို ဆူညံနေတုန်းပင်...
"Wow...P'Mean တို့ အရှိန်အ၀ါ က မသေးပဲကိုး! "
ခပ်ရွတ်ရွတ် ပြောလာသော Mark ကို Mean ဘယ်ဘ၀က ရိုက်ချင်နေမှန်း မသိသော ရိုက်ချက်ဖြင့် ခေါင်းကို ခပ်နာနာ တီးလိုက်သည်။
"Ah! ..."
"တော်တော့! Image ပျက်တယ် ကိုယ့်ဘာကို နေစမ်း"
"ခေါင်းကို မရိုက်နဲ့ဗျ! တကတည်း...ကျွန်တော် ပြန်တီးလိုက်ရ"
"အမယ်...မင်းကများ အကြီးကို! "
"ကဲ! တော်ကြပါတော့...ခင်ဗျားတို့ ရန်ဖြစ်ဖို့ လာတာလား...Perthကိစ္စ လာတိုင်ပင်တာလား! "
စိတ်တိုတိုနဲ့ Plan ကုန်းအော်မှ ၂ယောက်လုံး ရပ်တော့သည်။
"ဟွန်း........."
ဒါတောင် တယောက်နဲ့ တယောက် အကြည့်ချင်း စစ်တိုက်နေကြတုန်း.........
"Perth တို့ ပြသနာဖြစ်ကြတာလား...အကိုတို့လည်း သူနဲ့မတွေ့ဖြစ်ဖူး ဒီကြားထဲ"
Title အမေးဖြင့် စကားဝိုင်းကို စလိုက်ရာမှ Mean က သူသိသလောက် အကြောင်းစုံ ရှင်းပြသည်။ Mean စကားအဆုံး
Earth>>>အာ...ခုမှသတိရတယ်...တနေ့က အကိုနဲ့ Saintတွေ့တယ်...Perth ကချိန်းထားလို့လို့ ပြောတာပဲ...အာ့ဒီနေ့က Saint နာရီဝက် တနာရီကြာအောင် စောင့်တယ်...Perth ရောက်မလာဘူး
Mark>>>မဟုတ်တာ...အာ့နေ့က Perth အစောကြီးထ ပြင်ဆင်ပြီး ထွက်သွားပါတယ်...တနေကုန် ကျွန်တော် အဆက်အသွယ် လုပ်တာတောင် မရလို့ မိုးမမြင် လေမမြင် ဖြစ်နေပြီ ထင်တာ
Plan>>>အာ့တာဆို အထင်လွဲစရာ တခုခု ရှိနေတဲ့ ပုံပဲ...ဘာဖြစ်မယ်ထင်လဲ
Plan စကားအဆုံး အကုန်လုံးရဲ့ မျက်လုံးများက Mean ဆီမှာ.........
Mean>>> ငါ့ကို ဘာလို့ ၀ိုင်းကြည့်နေကြတာတုန်း...ငါ ခုမှ ခရီးပြန်ရောက်တာ မကြာသေးဘူးလေ
Mark >>> အကိုပြောတော့ Perth ကို သူ့အိမ်မှာ ကွဲပြဲနေလို့ ခေါ်လာတာဆို
Mean >>> အင်းလေ...အိမ်တော်ထိန်း ပြောတာတော့ သူ့ဖေဖေနဲ့ ပြသနာ ဖြစ်တယ် ပြောတာပဲ
Title >>>  ဒါဆို သူ့ဖေဖေဆီ သွားစုံစမ်းရင်ရော...
Mean >>> အာ့တာက ဟုတ်ပြီ...ဘယ်သူ စုံစမ်းမှာလဲ?
Mean စကားအဆုံး တဖန် အကုန်လုံးရဲ့ မျက်လုံးများက Meanဆီ ပြန်ကျရောက်လာပြန်သည်။
Mean >>>  ဘာလို့ ငါ ပြန်လဲ?
Plan >>> အကိုက သူ့ အကိုဝမ်းကွဲလေ... ခင်ဗျားသွားတာ အသင့်တော်ဆုံးပဲ...
Plan စကားကို အကုန်လုံးက ထောက်ခံသည့် အနေဖြင့် ခေါင်းညိတ် ထောက်ခံကြသည်။
Mean >>> ဒါပေမယ့်.........
Mean စောဒက တက်ဖို့ ကြံပေမယ့် Plan ရဲ့ မျက်ဝန်း အစုံတို့ကြောင့် ခေါင်းညိတ် သဘောတူလိုက်ရသည်။ (Plan အစွမ်း တကယ် စွမ်းတယ် 😝)
❤❤❤
                  ..   Firesun 🔥
ကဲ! ဘော်ဒါတွေ ကောင်းမှုနဲ့ ဆွဲစိတော့မယ် 😁
မကောင်းမကန်းကို ဖတ်ပေးတာ ကျေးဇူးပါ 🌚🙏


ထာဝရထက်ပို၍ Where stories live. Discover now