Part 1

5.7K 171 15
                                    

Mina's POV

နေ့ခင်းပိုင်းအတန်းချိန်ရှိတဲ့ Mina တို့သူငယ်ချင်းတစ်စု
နေ့လည်စာကို canteen မှာစားကြမည်ဖြစ်သည်

Mina ကျောင်းကိုရောက်တော့နေ့လည်စာစားချိန်ဖြစ်တာကြောင့် စာသင်ခန်းတွေထဲကျောင်းသားတွေရှင်းနေ၏

Sana တို့နဲ့တွေ့ဖို့ချိန်းထားတဲ့အခန်းဆီသို့သုတ်ခြေတင်ခဲ့ရင်း ကျောင်းခန်းတွေကိုဖြတ်အလျှောက် အခန်းတစ်ခန်းရှေ့ရောက်တော့ အဖြစ်အပျက်တစ်ခုက Mina ခြေလှမ်းတွေရပ်တန့်သွားစေသည်

စာသင်ခန်းထဲမှာကောင်မလေးနှစ်ယောက်
စကားများနေကြတာကိုတွေ့လိုက်ရသည်

Short hair လေးနဲ့တစ်ယောက်ကစာသင်ခုံမှာထိုင်နေတာဖြစ်ပြီး Blonde long hair လေးနဲ့တစ်ယောက်ကတော့ ခုံရှေ့မှာမတ်တပ်ရပ်နေတာဖြစ်သည်

" ထွက်သွား ! "

Short hair လေးကထိုင်နေလျှက်မှ
နောက်တစ်ယောက်ကိုနှင်ထုတ်နေပုံရသည်

" မသွားနိုင်ဘူး "

" ထွက်သွားလို့ပြောနေတယ် "

" ငါတောင်းပန်တာကို နင်လက်မခံမချင်း
ငါမသွားဘူး "

Short hair လေးကမတ်တပ်ထရပ်လိုက်ရင်း
ထပ်ပြီးတောင်းဆိုသလိုပြောသည်

" ငါနဲ့ဆက်ပြီးမပတ်သက်ပါနဲ့တော့ "

ဘာကြောင့်မှန်းရယ်မသိ Mina မျက်လုံးတွေက
ထိုကောင်မလေးဆီကခွာမရခဲ့

Chocolate ရောင် Wavy Short hair နဲ့ဖြစ်ပြီး အဝေးကကြည့်တာတောင် ချောမောလှပခြင်းကသိသာနေသည်
Blue jean ကို Hoodie အဖြူရောင်လေးနဲ့တွဲဖက်ဝတ်ဆင်ထားတော့ ကောင်လေးတစ်ယောက်နဲ့ပို၍တူနေသည်

Mina သူ့ကိုငေးမိသွား၍ထင်ရဲ့
သူတို့ဘာတွေဆက်ပြောလဲမကြားလိုက်
အသံတိုးသွားတာရယ် အဝေးကဖြစ်နေတာကြောင့်ရယ် မကြားလိုက်တာလဲဖြစ်နိုင်သည်

Mina စူးစမ်းချင်စိတ်ကိုထိန်းချုပ်လို့မရ
ရှေ့ကိုတိုး၍ကြည့်လိုက်မိသည်

ပုံမှန်ဆို Myoui Mina သည်ဒီလိုမျိုးစပ်စုတတ်သူတစ်ယောက်မဟုတ်ပေမယ့် အခုတော့နားမလည်နိုင်စွာပဲ အကြည့်တို့လွှဲခွာ၍မရခဲ့

Kind But Not SoftWhere stories live. Discover now