Page 44-47
Page-44
အခန်း (၃)
ကောင်းမွန်စွာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပြီးတဲ့နောက် ဖုန်းကျိုနိုးလာ
က်နာကြသူတွေဖြစ်ပြီး ဘယ်လိုမျိုးတလေးတစားဆက်ဆံရမယ်ဆိုတာလည်း သေချာသိကြတယ်။ သူမကို ရိုသေစွာ 'အရှင်မ' လို့ခေါ်ကြတယ်လေ။ ပြောရရင် သူမစိတ်မကျေနပ်စရာ ဘာအချက်မှမရှိပါဘူး။တစ်ခုပဲ.. သူတို့ သူမကို 'အရှင်မ'လို့ခေါ်တဲ့အချိန်မှာ 'အရှင်မဖုန်းကျို' လို့ခေါ်တာမဟုတ်ဘဲ 'အရှင်မ Aranya' လို့ခေါ်ကြတာပဲ။
Aranya? သူမ ဒီနာမ်မည်ကိုသိတယ်။ သူမက သေသွားတာကြာပြီမဟုတ်လား? အခုဆို သူမရဲ့အုတ်ဂူပေါ်မှာ မြက်ပင်တွေတောင်ပေါက်ပြီး သူမလည်း အထဲမှာ အရိုးဆွေးနေလောက်ပြီ။ သိပ်မကြာသေးခင်က သူမ Saha သီးအတွက် စပါးအုံမြွေကြီး၎ကောင်နဲ့ တိုက်ခိုက်နေခဲ့ကို မှတ်မိပါသေးတယ်။ အဲ့ဒီနောက်တော့ အန္တရာယ်တွေကြားမှာပဲ သူမ ဘာမှမရှိတဲ့ဟင်းလင်းပြင်ပြီးထဲကိုပြုတ်ကျသွားတာလေ။ ထပ်ပြီးဘာဆက်ဖြစ်လဲတော့ သူမမသိတော့ဘူး။ ဒါပေမယ့် ဘယ်လိုကိစ္စပဲဖြစ်ခဲ့ဖြစ်ခဲ့ မျက်စိတစ်မှိတ်အတွင်းမှာ အလိုလိုနေရင်း Aranya အဖြစ်ကိုပြောင်းသွားစရာအကြောင်းမရှိပါဘူး။
သူမရဲ့ရောင်ပြန်ဟာ အိပ်ရာဘေးက ကြေးမှန်ပြင်မှာထင်ဟပ်လျက်ရှိတယ်။ ကြေးမှန်ထဲမှာတွေ့ရတာက အနီရောင်ဝတ်စုံနဲ့ မိန်းမပျိုလေးတစ်ဦးပဲ။ နက်မှောင်ပြီးသွယ်လျတဲ့ မျက်ခုံးတစ်စုံ၊ ရွှန်းလဲ့နေတဲ့မျက်ဝန်းတွေ၊ နှာတံရှည်ရှည်၊ ပါးလွှာတဲ့နှုတ်ခမ်းဖူးလေးနဲ့ ဆင်စွယ်ရောင် အသားအရေ..။ သူမသွင်ပြင်ကိုသူမလေ့လာနေရင်း မျက်မှောင်ကြုတ်မိလိုက်တယ်။ ဒါ အထင်မှားစရာမရှိအောင်ချောမောလွန်းတဲ့ မိန်းမပျိုလေးတစ်ဦးပါ။ သို့သော် ဒီမိန်းမပျိုလေးက သူမဟုတ်ရဲ့လားဆိုတာတော့ ဖုန်းကျိုသေချာမသိဘူး။
သူမရဲ့သွင်ပြင်က ဘယ်လိုမျိုးလဲ..သူမမေ့သွားပြီ။
ဒါ ရိုးရိုးရှင်းရှင်းအတိတ်မေ့တဲ့ကိစ္စမှမဟုတ်တာ။ ထောင်စုနှစ် ၃၀ခုကြာ ဘဝအလှည့်အပြောင်းတွေအပြီးမှာ သူမ အတွေ့အကြုံတွေအများကြီးရခဲ့တယ်။ သူမအမေဗိုက်ထဲကထွက်လာပြီး နေမင်းကြီးကို ရဲဝံ့စွာနှုတ်ဆက်လိုက်တဲ့အချိန်ကနေ Saha သီးခိုးဖို့ မြွေကြီးတွေရဲ့အကာအကွယ်တံတိုင်းကို ချိုးဖျက်ဝင်ရောက်ခဲ့တဲ့အချိန်ထိ အရာအားလုံး တစ်ခုမကျန် သူမမှတ်မိတယ်။ သို့သော် သူမမှတ်မိတဲ့မှတ်ဉာဏ်တွေက ပုံပြင်စာအုပ်တစ်အုပ်လိုဖြစ်နေတယ်။ တစ်နည်းအားဖြင့်ပြောရရင် ဇာတ်လမ်းဇာတ်ကွက်ကို သူမသိပေမယ့် ဇာတ်လမ်းထဲကဇာတ်ကောင်တွေ၊ နောက်ခံရှုခင်းတွေကိုကျတော့ သူမဝိုးတဝါးပဲမှတ်မိတော့တယ်။ ဥပမာ သူမအဒေါ်ပိုင်ချန်းကို သူမမှတ်မိတယ်။ ဒါပေမယ့် သူမ ဘယ်လိုပုံစံမျိုးရှိတယ်ဆိုတာကို သူမမမှတ်မိတော့ဘူး။ သူမဘဝရဲ့အတိတ်နှစ်ပေါင်း ၃၀၀၀၀ က တစ်စုံတစ်ယောက် စာအုပ်တစ်အုပ်ရဲ့စာမျက်နှာတွေပေါ်မှာရေးခြစ်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်လို့ ခံစားရတယ်။