Page 42_53
Page-42ဖုန်းကျို ခုံပေါ်ကနေ မြေပြင်ကို လဲကျသွားတော့တယ် "ရေပူစမ်းချောင်း...?" သူမကိုယ်သူမ ထိုင်ခုံပေါ်ကိုပြန်ထူရင်း မေးလိုက်တယ်။
ပိုင်ချန်း သူမကို အံ့သြစွာနဲ့ ငုံ့ကြည့်ကာ ဆက်ပြောပြန်တယ် "နင်လည်း အဲ့သြသွားတယ်ဟုတ်? ငါလည်းအံ့သြခဲ့တာပဲ! အရင်တစ်နေ့လေးကမှ ဒီကောလဟာလပြန့်တာ ဒါပေမယ့် သေချာတွေးကြည့်ပြန်ရင် ဒါ တကယ်ယုံရနိုင်မယ်လို့ထင်တာပဲ သခင်လန်ရှန်းသဘောကျနေတဲ့ ချန်းယွီကိုသိတယ်မလား ငါဒီကိုမရောက်သေးခင်တုန်းက ချန်းယွီပဲမုန့်လုံးလေးကို စောင့်ရှောက်ပေးနေတာလေ ငါကြားတာတော့ ချန်းယွီက သုံဟွာနဲ့အဲ့ဒီအလှလေးတို့က မွေးထားတဲ့ တရားမဝင်သမီးတဲ့" (သွားပါပြီ သွားပါပြီ ငါ့သီကျွင်းလေးတော့ မဟုတ်ကဟုတ်ကတွေ😣)
ပြန်ထဖို့လုပ်နေတုန်းရှိသေး ဖုန်းကျို မြေပြင်ပေါ်ကို ပြန်လဲကျသွားပြန်တယ်။
သူမရဲ့အခြေအနေက ဘာလဲဆိုတာ ဖုန်းကျို ကောင်းကောင်းကြီးသိပါတယ်။ သူမက မုဆိုးမတစ်ယောက်ပါ။
လူတွေ ခဏခဏပြောလေ့ရှိတဲ့ ဆိုရိုးစကားတာင်ရှိသေးတယ် "မကောင်းသတင်းတွေဆိုတာက မုဆိုးမတစ်ယောက်ရဲ့အိမ်ရှေ့မှာ အလျှံအပယ်ပဲ" တဲ့။
ဖုန်းကျို ခုမှပဲနားလည်သွားတော့တယ် လက်စသတ်တော့ လွန်ခဲ့တဲ့နှစ် ၃၀၀ လုံးလုံး သူမရဲ့မုဆိုးမဘဝအကြောင်း ဘာမကောင်းသတင်းမှ မရှိခဲ့ဘူးဆိုတာက သူမက အမှန်တကယ်မုဆိုးမတစ်ဦး မဖြစ်လို့မဟုတ်ဘဲ ချင်းချူက တိတ်ဆိတ်အေးချမ်းတဲ့နေရာတစ်ခု ဖြစ်နေလို့ပဲ။ တခြားတစ်ဖက်မှာလည်း ခုမှ သူမ ကောင်းကင်ဘုံကိုရောက်လာတာ ရက်အနည်းငယ်ပဲရှိသေးတယ် ကောလဟာလတွေက လေထဲမှာပလူပျံနေပြီ။ ဒီလိုကောလဟာလမျိုးကြားရတာ သူမ အနည်းတောင်စိတ်ပူလာသလို။ သူမကိုယ်သူမ မုဆိုးမဘဝနဲ့ ကောင်းကောင်းမနေခဲ့မိသလို ခံစားရတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀၀ ကတောင် သုံဟွာနဲ့ ဒီလိုအတင်းအဖျင်း ပြောခံရတာကို သဘောကျမှာမဟုတ်ဘူး။ ခုချိန်ဆိုရင် ပိုးဆိုးပေါ့..။
သူမရဲ့အဒေါ်ပိုင်ချန်းတောင် မလုပ်နိုင်တဲ့ကိစ္စတစ်ခုကို ဖုန်းကျိုကောင်းကောင်းကြီး ကျွမ်းကျင်လေသည်။ အရမ်းစိတ်ရှုပ်စရာကောင်းတဲ့ ကိစ္စမျိုးနဲ့ကြုံရရင် ပိုင်ချန်းကတော့ သူမရဲ့ခေါင်းထဲကနေ ထိုကိစ္စကိုထုတ်လို့မရဘူး။ သို့သော် ဖုန်းကျိုကတော့ ဒီလိုမဟုတ်ဘူး။ အရာကိစ္စမှန်သမျှကို သူမတတ်နိုင်သလောက်နဲ့ပဲ ကိုင်တွယ်ဖြေရှင်းတတ်တယ်။ သူမရဲ့အမြင်မှာလည်း သူမရဲ့ကျွမ်းကျင်မှုဟာ အချက်အပြုတ်မဟုတ်ဘူး။ စီမင်းကတောင် တစ်ခါချီးကျူးဖူးတယ် သူမအတတ်နိုင်ဆုံး ဇွဲမလျော့ဘဲကြိုးစားခဲ့တဲ့အရာတစ်ခုကို လက်လွှတ်လိုက်ပြီလို့ ဆုံးဖြတ်လိုက်တာနဲ့တစ်ပြိုင်နက် ယတိပြတ်လက်လွှတ်နိုင်တယ်ဆိုပြီးတော့ ပြောခဲ့ဖူးလေသည်။ သူမကိုယ်တိုင်ကလည်း သူမရဲ့အပြုအမူတွေဟာ သူမရဲ့ဒီဂုဏ်နဲ့ကိုက်ညီမှုရှိတယ်လို့ ယုံကြည်ထားတယ်။