Part 2(iii)

98 4 0
                                    

Page 54-64

Page-54

Zhi’he ရဲ့ကပွဲပြီးသွားချိန်မှာ ကောင်းကင်မင်းကြီး ဦးဆောင်ကာ အရင်ဆုံးလက်ခုပ်တီးအားပေးခဲ့တယ်။ ထို့နောက် ချက်ချင်းပဲ နောက်ဆက်တွဲ ချီးကျူးလက်ခုပ်သီးသံတွေ ထွက်ပေါ်လို့လာခဲ့သည်။ ကောင်းကင်မင်းကြီး စင်ပေါ်ကို လှမ်းကြည့်နေရင်း အဖြေသိပြီးသားဖြစ်သော်လည်း မသိဟန်ဆောင်ကာ မေးလိုက်တယ် "ကချေသည်နတ်သမီးလေးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ လောက်က Qilin တောင်ကိုအပို့ခံလိုက်ရတဲ့ မင်းသမီး Zhi'he မလား" (သူပဲ ကခိုင်းပြီးတော့😏) အားလုံးကလည်း မှန်ပါတယ်ဆိုတဲ့အကြောင်း တစ်ပြိုင်နက်တည်းဖြေကြတာပေါ့။ သူ တစ်ခုခုကိုစဉ်းနေဟန်နဲ့ ဆက်ပြောလေသည် "နယ်နှင်ဒဏ်ပေးခံရတဲ့ နတ်သမီးတစ်ပါးက ဒီလောက်အရည်အချင်းရှိတယ်ဆိုတာ မယုံနိုင်စရာပဲ လူ့ပြည်မှာ နှစ် ၃၀၀ တိုင်တိုင် ဒုက္ခခံခဲ့ရတာ လုံလောက်နေပါပြီ မနက်ဖြန်ကစပြီး သူမ ကောင်းကင်ဘုံကို ပြန်လာလို့ရပြီ" ထို့နောက် သုံဟွာကို တစ်ချက်လှမ်းကြည့်လိုက်ပြီး မေးလိုက်သေးတယ် "အရှင်သုံဟွာရော ဘယ်လိုထင်လဲ"

ဘယ်လိုတောင် ပြောင်မြောက်လှတဲ့ သရုပ်ဆောင်မှုလဲ!

Zhi'he ကလည်း စင်ပေါ်မှာရပ်နေရင်းက သူ့မွေးစားအစ်ကိုရှိရာဆီ တိတ်တခိုးလေး လှမ်းကြည့်ရှာတယ်။ သူမရဲ့ ပိုးသားဂါဝန်လေး လေတိုက်လို့ တစ်လှပ်လှပ်ဖြစ်နေတော့ မသိရင် စိတ်ကူးထဲက အချစ်ပုံပြင်လေးနဲ့တောင် တူနေသေးတယ်။

သုံဟွာကတော့ လက်ထဲက Haotian မျှော်စင်ကို ကစားနေလေရဲ့။ ကောင်းကင်မင်းကြီးရဲ့အမေးကိုကြားတဲ့အခါ Zhi'he ရှိရာဆီ တစ်ချက်လှမ်းကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြခဲ့တယ် "ကောင်းသားပဲ"

ထိုအချိန်မှာ ဥယျာဉ်ရဲ့ထောင့်တစ်နေရာကနေ ကွဲကျသံတစ်ခုထွက်လာခဲ့သည်။ သူတို့တွေ လှည့်ကြည့်လိုက်တဲ့အခါ ဖုန်းကျိုရဲ့ ကြွေလက်ဖက်ရည်ခွက်လေးက စားပွဲပေါ်မှာ လေးစိပ်ကွဲနေပြီ။

သုံဟွာ မှင်သက်သွားခဲ့တယ်။ လန်ရှန်းကတော့ သူ့မျက်နှာကို ယပ်တောင်နဲ့ကာကာ တီးတိုးပြောလိုက်တယ် "တွေ့လား သူမ လက်တစ်ဖက်တည်းနဲ့ လက်ဖက်ရည်ခွက်ကို ခွဲလိုက်တာ တော်တော်လေးမိုက်တယ်"

Three Lives Three Worlds:The Pillow BookWhere stories live. Discover now