Page 23_33
Page-23ပထမတစ်ယောက် သက်ပြင်းချလိုက်တယ်။ ထို့နောက် စကားပြောတာ မရပ်ချင်သေးတဲ့ပုံစံနဲ့ တခြားအကြောင်းတစ်ခုကို ပြောခဲ့တယ် "ခုမှ လွန်ခဲ့တဲ့နှစ် ၃၀၀က ငါ အရှင်သီကျွင်းနဲ့ တွေ့ဆုံဖူးတာကို သွားသတိရတယ် အဲ့တုန်းက သူ့ဘေးမှာ အနီရောင်မြေခွေးလေးတစ်ကောင်ရှိတယ် ထိုက်ချန်နန်းတော်က အရာရှိတွေပြောတာတော့ သီကျွင်းက အဲ့ဒီမြေခွေးလေးကို အရမ်းချစ်တာတဲ့ သူသွားတဲ့နေရာတိုင်းကို အမြဲခေါ်သွားတတ်တာတဲ့ ဒါပေမယ့် လွန်ခဲ့တဲ့ရက်က အိမ်ရှေ့စံရဲ့မင်္ဂလာပွဲမှာ အဲ့ဒီမြေခွေးလေးကို ငါမတွေ့သလိုပဲ"
အချိန်တော်ကြာ ရပ်တန့်သွားပြီးနောက်မှ အခြားတစ်ယောက်က သက်ပြင်းချပြန်တယ် "အဲ့ဒီမြေခွေးလေးက တကယ်ကို သီကျွင်းရဲ့အချစ်တော်လေးပဲ ဒါပေမယ့် ထိုက်ချန်နန်းတော်က သီကျွင်းရဲ့မင်္ဂလာပွဲအကြောင်း ကြေညာပြီးမကြာခင်မှာပဲ မြေခွေးလေး ရုတ်တရက်ကြီးပျောက်သွားတယ် သီကျွင်းဆို ချက်ချင်း နတ်ပြည် ၃၆ထပ်လုံးမှာ သူ့ကိုရှာဖို့ စစ်သည်တွေစေလွှတ်ခဲ့တာ ဒါပေမယ့် နောက်ဆုံးတော့ မြေခွေးလေးကို ရှာမတွေ့ခဲ့ကြဘူး"
ဖုန်းကျို အနောက်ကကျောက်တုံးကြီးကိုမှီရင်း ဖရဲစေ့ထုပ်ကို အပေါ်မြှောက်လိုက် ဖမ်းလိုက်လုပ်နေခဲ့တယ်။ နောက်ဆုံးအကြိမ် မြှောက်လိုက်တဲ့အခါမှာ အားလွန်သွားပြီး ကြာကန်ရဲ့ဘေး ကျောက်ခတ်ပင်တွေကြားကို ပစ်မိသွားခဲ့တယ်။ အစေခံငယ်လေးနှစ်ယောက် လန့်ဖြတ်ကာထွက်ပြေးကုန်သည်။ တော်တော်ဝေးဝေးကို ရောက်သွားတဲ့အခါမှာတော့ သူတို့ရဲ့ခြေသံတွေလည်း တိတ်ဆိတ်လို့သွားပါတယ်။
မုန့်လုံးလေး စိတ်တိုသွားကာ မျက်နှာတွေနီရဲလာတော့တယ်။ ကြာကန်ထဲက လှိုင်းတွန့်လေးတွေကို ကြည့်ရင်း မြည်တွန်လိုက်တယ် "သွားပြီ ခု ပြဇာတ်သွားကြည့်တဲ့ခါ သားတို့ဘာစားရတော့မှာလဲ"
ဖုန်းကျို အင်္ကျီပြန်ပြင်ရင်း ထွက်သွားဖို့ထလိုက်တယ်။ မုန့်လုံးလေးကတော့ ခေါင်းငိုက်စိုက်နဲ့ မှုန်သုန်နေတော့သည် "ဒီမှာ မြေခွေးလေးတစ်ကောင်ရှိတာ သား ဘာလို့မကြားမိရတာလဲ" ထို့နောက် သူ သံသယနဲ့ရေရွတ်လိုက်တယ် "အဲ့ဒီမြေခွေးလေးကရော ဘယ်ပျောက်သွားတာလဲ"