Page 155-158
Page-155
အခန်း (၈)
ကောင်းကင်တစ်ခုလုံး တိမ်မဲကြီးတွေနဲ့ အုံ့မှိုင်းလျက်ရှိသည်။ မိုးစက်ဖွဲဖွဲလေးတွေကျနေတာ ခုလောက်ဆို တစ်နာရီနီးပါးရှိရော့မည်။ နေ့ခင်းတစ်နာရီတိတိမှာပဲ အိမ်ရှေ့ကနေ စာတစ်စောင်ရောက်လာခဲ့တယ်။ Mo Shao တစ်ယောက် ပြတင်းတံခါးကိုမှီကာ မိုးသံတွေကိုနားထောင်ရင်း လက်ဖက်ရည်ကျိုလျက်ရှိတယ်။ ပျင်းရိပျင်းတွဲနဲ့ စာကိုဖြန့်ဖတ်ကြည့်လိုက်တဲ့အခါ ဖုန်းကျိုရဲ့သဘောတူကြောင်းစကားတွေမြင်လိုက်ရတော့ သူ့မျက်နှာပေါ်မှာ ကြိုတင်မျှော်လင့်ထားဟန်အပြုံးလေး သန်းသွားလေသည်။
ဒီကမ္ဘာကို ဘယ်သူဖန်တီးခဲ့တာလဲ? ပထမတော့ Su Moye လဲ Chen Ye ကိုသံသယဝင်ခဲ့မိပါသေးတယ်။ ဒါပေမယ့် Aranya အဖြစ်ဟန်ဆောင်ထားတဲ့ဖုန်းကျိုအပေါ် သူ့ရဲ့ဆက်ဆံမှုက ဟိုအရင်ကနဲ့ယှဉ်ရင် ကွာခြားမှုမှမရှိသလောက်ပဲ။ အကယ်၍ အဲ့ဒါ တကယ် Chen Ye သာဆိုရင် Aranya သေသွားပြီးနောက်ပိုင်း သူ့အကြောင်းသတင်းတွေအရ အခုသူမပြန်လာပြီဆိုတော့ သူမကအတုဖြစ်နေတယ်ထားအုန်း တန်ဖိုးမဖြတ်နိုင်တဲ့ရတနာတစ်ခုလို သူမကိုတန်ဖိုးထားနေရမှာမလား? ဒီမေးခွန်းက တကယ်တွေးရခက်စေတာပဲ။
အဲ့တာထက် ခုရက်တလော သီကျွင်းကိုမမြင်ရတာ နည်းနည်းကြာပြီ။ သီကျွင်းရှိနိုင်တဲ့နေရာက အမြဲခန့်မှန်းရလွယ်ကူတာမဟုတ်သလို ခုလိုပျောက်နေတာလဲ ဖြစ်နေကြမဟုတ်ဘူး။ သီကျွင်းဘာတွေဘယ်လိုစီစဉ်နေပစေ Mo Shao တစ်ချက်လေးတောင် ခန့်မှန်းမကြည့်ရဲဘူး။ မကြာသေးခင်ကမှ သူ့ပုခုံးပေါ် တာဝန်တွေအများကြီးပေးပြီး သီကျွင်းသူ့ကိုကောင်းကောင်းအသုံးချပြီးခဲ့ပြီလေ။ သီကျွင်းရဲ့အစီအစဉ် တစ်ရက်လောက်မသိရတာက ရက်အနည်းငယ်လောက် သူခေါင်းကိုက်သက်သာပြီး ငြိမ်ချမ်းမှုရတယ်။
သီကျွင်းဒီ့ထက်ပိုပြီးကြာကြာပျောက်နေရင်ကောင်းမယ်လို့ တစ်ကိုယ်ကောင်းဆန်စွာ သူကျိတ်မျှော်လင့်မိလေရဲ့။
နောက်အဆောင်တစ်ဆောင်အတွင်းမှာတော့ ဖုန်းကျိုတစ်ယောက် Su Moye ဆီစာပို့ပြီးတည်းက စိတ်ပျက်လက်ပျက်ဖြစ်လို့နေတယ်။