Page 250-254
Page-250
အခန်း (၁၁)
သုံးရက်ကြာပြီးနောက်...
အဆုံးမရှိတဲ့နှင်းရာသီမှာ အဆုံးမရှိတဲ့နှင်းမိုးတွေပေါ့။ ငှက်လေးတွေရဲ့ တီတီတာတာအသံကိုကြားရပေမယ့် လတ်ဆတ်တဲ့ပန်းမန်ရနံ့တော့ သင်းပျံ့မနေဘူး။
Page-251
သုံဟွာကိုစားသာက်ပွဲဖိတ်ဖို့ အလှဆုံးကချေသည်တွေအပါအဝင် Zuilixian စားသောက်ဆိုင်တစ်ခုလုံးကို ဖုန်းကျို ငွေအမြောက်အများသုံးကာ ငှားရမ်းလိုက်တယ်။ သုံဟွာက လက်ဖက်ရည်ကြမ်းကိုပိုနှစ်သက်တာ သူမသိပေမယ့် မြို့တော်တစ်ခုလုံးပြေးကြည့်ရင် Zuilixian စားသောက်ဆိုင်လောက်သားနားတဲ့ လက်ဖက်ရည်ဆိုင်က တစ်ဆိုင်မှမရှိဘူးလေ။ ရှောင်ရန်ကတော့အကြံပေးရှာပါတယ် ဖိတ်ခေါ်ထားပြီးမှတော့ ကိုယ့်ရဲ့ဧည့်ဝတ်ကျေပွန်မှုကို ပြည့်ပြည့်ဝဝထုတ်ပြရမှာပေါ့တဲ့။ ရှောင်ရန်ရဲ့အကြံပေးစကားတွေကြောင့် သူမခေါင်းမူးနောက်သွားပြီး နောက်ဆုံးတော့ ကမောက်ကမအခြေအနေတွေကြားကနေ Zuilixian စားသောက်ဆိုင်ကိုပဲ ရွေးချယ်လိုက်တယ်။
သူမ သုံဟွာကို ဘာ့ကြောင့်များသောက်ဖို့ဖိတ်ခေါ်ခဲ့မိပါလိမ့်? ဒီလိုဆိုရင်တော့ လွန်ခဲ့တဲ့၂ရက်ကို ပြန်အစပြုရမှာပဲ။ ထို၂ရက်တာအတွင်း သူမစိတ်ထဲမှာ Saha သီးကို ဘယ်လိုရယူရမလဲဆိုတဲ့အတွေးနဲ့ပဲ ပြည့်နှက်နေခဲ့တာ။ နေ့နေ့ညည သုံဟွာကို သွားရောက်စောင့်နေခဲ့တယ်။ ဒီလိုနဲ့ ၂ညတာလောက်အိပ်ရေးပျက်ပြီးနောက် အမြင်အာရုံတွေကအစ ဝိုးတဝါးဖြစ်လာပြီး သူမရှိရာဆီ ကတိုက်ကရိုက်လျှောက်လာတဲ့ဆရာ့ကိုတောင် ခေါင်းနဲ့ဝင်တိုက်မိလုနီးပါးဖြစ်သွားခဲ့တယ်။
သူမ အရမ်းကိုအိပ်ချင်မူးတူးဖြစ်နေတာကြောင့် ဆရာနဲ့ရင်ဆိုင်စကားပြောဖို့ စိတ်မပါခဲ့ဘူး။ ဒီတိုင်းခေါင်းလေးညွတ်အရိုအသေပေးကာ ဘေးကိုကပ်ပေးလိုက်တယ်။ ဆရာဖြစ်သူကတော့ သူမနဲ့မျက်နှာချင်းဆိုင်တည့်တည့်ကို ဝင်ရပ်ခဲ့တာ။ ဒါပေမယ့် သူ့မျက်နှာပေါ်မှာ ကြင်နာတတ်တဲ့အရိပ်ယောင်တွေ ယှက်ပြေးလျက်ရှိတယ်။ ပြုံးနေလိုက်တာများ မျက်လုံးသေးသေးလေးတွေတောင် တွန့်ကွေးသွားတဲ့အထိပဲ။ သူမကိုယ်လေးသိမ့်သိမ့်တုန်သွားပြီး အိပ်ချင်နေတဲ့စိတ်တွေလည်း ချက်ချင်းလွင့်စင်ပျောက်ကွယ်ကုန်တယ်။ ဆရာ သူ့ခန္ဓာကိုယ်ကို သူမရှိရာအရှေ့ဘက်သို့ကွေးညွတ်လိုက်ရင်း ဂုဏ်ယူတဲ့လေသံမျိုးနဲ့ပြောလာတယ် "ဟိုရက်ပိုင်းကကပ်လိုက်တဲ့ပြိုင်ပွဲဝင်စာရင်းက အရာရှိငယ်လေးတွေထုတ်ပြန်လိုက်တာလေ မနေ့က အရှင်သီကျွင်းက ငါ့ကိုအခေါ်လွှတ်မှပဲ မင်းနာမည် ထည့်ဖို့ကျန်ခဲ့မှန်း သိရတာ" ဆရာ သူ့ရဲ့မုတ်ဆုတ်မွှေးတွေကိုပွတ်သပ်ရင်းက သူမကိုနှစ်သိမ့်ပေးသလိုမျိုး ရွှင်ရွှင်လန်းလန်းပြုံးပြခဲ့တယ် "ကျုပ်ရဲ့အမြင်မကောင်းမှုအတွက် ခွင့်လွှတ်ပါ ဟားဟား ကျုပ်ရဲ့မျက်စိမွဲသွားမှုအတွက် ခွင့်လွှတ်ပါ"