Page 230-236
Page-230
အခန်း (၁၂)
အခြေခံပညာရေးရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဘာသာရပ်တော်တော်များများကို ဖုန်းကျိုသင်ယူခဲ့ပြီးပါပြီ။ သင်စရာလိုတဲ့အရာမှန်သမျှ ကျောင်းတော်ကြီးက သင်ပေးခဲ့ပြီးပြီဖြစ်လို့ ဗုဒ္ဓဘာသာနဲ့ တာအိုဘာသာအကြောင်းကိုလဲ သူမလေ့လာဖူးတယ်လေ။ သူမရဲ့ခံယူချက်က အရာအားလုံးဟာ သဟဇာတဖြစ်ဖို့ အရမ်းအရေးကြီးတယ်။ ဥပမာ ကောင်းကင်ရှိရင် မြေကြီးရှိတယ်။ ဒါ သဟဇာပဲ။ ယောကျာ်းတွေရှိရင် မိန်းမတွေရှိတယ်။ ဒါလဲသဟဇာတပဲ။ နောက်.. Xize ထွက်သွားတယ် Su Moye ပြန်လာတယ်။ ဒါလဲ နောက်ထပ်သဟဇာတတစ်မျိုးပဲ။
Mo Shao အပန်းဖြေအိမ်လေးဆီ ရုတ်တရက်ပေါ်လာတဲ့အချိန်မှာ ဖုန်းကျို ကန်ရဲ့ခြံစည်းရိုးအကာကိုမှီပြီး ငါးစာကျွေးနေတဲ့အချိန်ပေါ့။ အဲ့အချိန်မှာပဲ အနောက်ကနေအသံကြားလို့ လှည့်ကြည့်လိုက်တဲ့အခါ Su Moye ရဲ့ပုံစံကိုမြင်ပြီး သူမလန့်ပြီးတော့ ခြံစည်းရိုးအကာကနေ ပြုတ်ကျတော့မလိုဖြစ်သွားခဲ့တယ်။
လန့်လဲလန့်ချင်စရာပဲလေ။ နေပုံထိုင်ပုံ အမြဲကြော့ရှင်းနေတတ်တဲ့ မိန်းမပျိုလေးတွေရဲ့အသည်းကြော် အနောက်ပင်လယ်ရဲ့ဒုတိယမင်းသားက အဲ့ဒီအချိန်မှာ ရက်အတန်ကြာမဖီးထားရသလိုဖြစ်နေတဲ့ ဖိုသီဖတ်သီဆံပင်ပုံစံနဲ့၊ မျက်တွင်းတွေချိုင့်ပြီး မျက်လုံးတွေကလဲ သွေးမျက်လုံးလို နီရဲနေတာပဲ။ သူ့အတွက်သူသောက်ဖို့ လက်ဖက်ရည်ငှဲ့ရင်း လက်ထဲမှာလဲ ပန်းကန်လုံးကြီးတစ်ခုကို ကိုင်လို့ထားတယ်။
ပတ်ဝန်းကျင်က ခဏတာတိတ်ဆိတ်သွားခဲ့တယ်။ သူမအိမ်မက်များမက်နေသလားလို့ ဖုန်းကျို ကိုယ့်ကိုကိုယ်ဆွဲဆိတ်ကြည့်တယ်။ ထို့နောက် သူ့အနားကိုကပ်ပြီး မယုံသင်္ကာနဲ့ မေးလိုက်တယ် "Mo Shao.. ရှင်.. ရှင့်ပုံစံက ညက လူတစ်ယောက်ရဲ့သမီးပျိုလေးအခန်းထဲကို ခိုးဝင်လို့ သူမအဖေက တုတ်နဲ့လိုက်ရိုက်လို့ ထွက်ပြေးခဲ့ရတယ်လို့ ရှင်မပြောနဲ့နော်"
Su Moye ပန်းကန်လုံးကို စားပွဲပေါ်ချပြီး သူမကို စူးရှစွာကြည့်လေတယ်။ သူ့ရဲ့အကြည့်တွေထဲမှာ နာကျည်းမှု၊ မကျေချမ်းမှုတွေ ပြည့်လို့နေတယ် "Xize ငါ့ကို မှော်ပစ္စည်းတစ်ခုလုပ်နေတာ လာကူညီပေးပါဆိုပြီး အထွတ်အမြတ်ဗိမ္မာန်ဆီ ဖိတ်တယ်လေ ပစ္စည်းရဲ့အရေးကြီးဆုံးအချိန်မှာ နင် Chacha ကို သူ့အတွက်တော်ဖီတွေ လာပို့ခိုင်းတယ် အဲ့ဒီအရေးမပါတဲ့ဟာတွေရပြီး ဘာတစ်ခွန်းမှမပြောဘဲ သူငါ့ကိုတစ်ယောက်တည်းထားပြီး ထွက်သွားတယ် ပြီးတော့ပြန်လဲမလာတော့ဘူး ငါအခုအရမ်းပင်ပန်းနေပြီ ဒီမှာငါ့လက်တွေတောင် ထုံပြီးတောင့်နေပြီ ငါ့မျက်နှာလဲ ဟောက်ပက်ဖြစ်နေပြီ!"