Part 1(i)

823 7 0
                                    

Page 8-22

Page-8

ပထမပိုင်း - ပြန်လည်ရှင်သန်လာသော ဗောဓိနွယ်များ
အခန်း (၁)

တစ်နေ့သောချိန်ခါမှာ ဗောဓိပင်တို့ကာရံထားတဲ့ Taichen နန်းတော်ထဲမှာ လွင့်မျာနေတဲ့တိမ်တွေလို နံရံထက်မှာတွဲလောင်းကျနေတဲ့ ပန်းတွေကြားမှာရပ်ရင်း သုံဟွာ ဖုန်းကျိုနဲ့ပထမဆုံးစတွေ့ခဲ့ပုံကို ပြန်လည်တွေးတောနေခဲ့တယ်။

အဲ့ဒီ့အချိန်တုန်းက သူမလေးကို သူ လုံးဝစိတ်မဝင်စားခဲ့ဘူး။ Taichen နန်းတော်ထဲမှာ တံခါးပိတ်နေတဲ့ နတ်မင်းတစ်ပါးဖြစ်တာနဲ့အညီ ရာသီဥတုအပြောင်းအလဲတွေ နေဝင်နေထွက် လပြည့်လကွယ် လောကကြီးရဲ့ ကံကောင်းမှုတွေ ကံဆိုးမှုတွေကလွဲပြီး ကျန်တာတွေကို သူ သိပ်အာရုံထားတာမဟုတ်ဘူး။

ကောင်းကင်မင်းကြီးရဲ့အဆက်မပြတ်တောင်းဆိုမှုကြောင့်သာ ထိုက်ချန်နန်းတော်မှထွက်ပြီး အိမ်ရှေ့စံရဲ့ဟွာ မင်္ဂလာပွဲကိုလိုက်ခဲ့ရသော်လည်း သူ ဒီပွဲကို စိတ်မဝင်စားခဲ့ဘူး။ ဒါကြောင့်မို့ ဝမ်ရှန်းကန်ရဲ့ လှိုင်းလုံးတို့နဲ့အတူထွက်ပေါ်လာတဲ့ မိန်းမပျိုလေးကိုရော ကြည်လင်လှတဲ့သူမအသံလေးကိုရော သေချာမမှတ်မိတော့ဘူး။ ပြီးတော့ သူမ စီမင်းကို "Zhonghu တောင်က မိန်းမပျိုချင်က တကယ်ပဲ ကျွန်မဦးလေးကို သဘောကျနေတာလား" လို့မေးတဲ့ချိန် ပြုံးရယ်သံလေးကိုလည်း သူ မမှတ်မိတော့ဘူး။

သုံဟွာ ဖုန်းကျိုကို ပထမဆုံးအကြိမ် သတိပြုမိတာက ရဲ့ဟွာရဲ့မင်္ဂလာပွဲမှာပဲဖြစ်သည်။

ကောင်းကင်ဘုံရဲ့ အိမ်ရှေ့စံမင်းသားက လက်ထပ်တော့မှာဖြစ်တယ်။ ဒါ့အပြင် သူလက်ထပ်မဲ့သူက အားလုံးက "ကူးကူး"လို့ တလေးတစားခေါ်ကြတဲ့ နတ်ဘုရားပိုင်ချန်းလေ။ အဲ့ဒါကြောင့် သူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲဟာ အခြားသူတို့နဲ့မတူပဲ ကွဲပြားနေတာ သဘာဝပါပဲ။ နတ်ပြည်မှာရှိတဲ့ နတ်တွေကို ရာထူးအဆင့် ၉ ဆင့်ခွဲထားတယ်။ သတို့သားရဲ့ဆွေမျိုးတွေကို ထည့်မတွက်ဘဲ မင်္ဂလာပွဲသို့ ကံကောင်းစွာဖြင့် ဖိတ်ကြားခံရသူတွေကတော့ ရာထူးအဆင့် ၅ ဆင့်မြောက်ကနေစပြီး ကျော်ကြားတဲ့နတ်မင်းကြီးတွေ ဂုဏ်သရေရှိသူတွေနဲ့ တန်ခိုးအာဏာကြီးမားတဲ့နတ်မင်းကြီးတွေအားလုံးပါဝင်တယ်။

Three Lives Three Worlds:The Pillow BookWhere stories live. Discover now