Page 184-188
Page-184
Biyiniao တို့တော်ဝင်ကျောင်းတော်ရဲ့သမိုင်းကြောင်းဟာ ရှေးနှစ်ပေါင်း ၁၈၀၀၀ ကျော်ကြာမြင့်ပြီဖြစ်တယ်။ ထိုကျောင်းတော်ကို အမျှော်အမြင်ကြီးတဲ့မသေမျိုးတွေက တည်ဆောက်ခဲ့တာလို့ပြောကြတာပဲ။ တည်နေရာကလည်း အပြစ်ဆိုစရာမရှိတဲ့အပြင် တည်ဆောက်ပုံတွေကလည်း တမူထူးခြားခမ်းနားလှတယ်။ ခြံဝန်းပတ်လည်ကို ၇ဒါဇင်သော အဆောက်အအုံတွေကကာရံလို့ထားတယ်။ သဘာဝအလျောက်မဟုတ်ဘဲတမင်ဖန်တီးထားတဲ့စမ်းချောင်လေးက မညီညာတဲ့မြေပြင်ကိုတိုက်စားကာ လမ်းခင်းထားတဲ့ကျောက်တုံးပြာလေးတွေကိုဖြတ်လျက် အရှေ့မှအနောက်သို့စီးဆင်းလျက်ရှိတယ်။ မြစ်ကမ်းပါးပေါ်မှာကတော့ အစိမ်းရောင်ကျိုင်းကောင်တွေနဲ့ ထင်းရှုးပင်တစ်ချို့ပေါက်ရောက်နေကြတာပေါ့။ နွေရာသီမှာဆိုရင် ရေပြင်ထက်မှာပေါ်နေတဲ့သူတို့ပုံရိပ်ဟာ ကြည်လင်အေးမြတဲ့ Zen သဖွယ်တင့်တယ်လှတယ်။ ဆောင်းဥတုမှာဆိုရင်လည်း ရေပြင်ဟာ အဖြူရောင်ဆီးနှင်းတို့ဖုံးလွှမ်းနေတဲ့ မြေပြင်သဖွယ်လိုပါပဲ။ ပြုပြင်မှုအလျဉ်းမရှိတဲ့ကြားက သန့်စင်မြဲသန့်စင်လှတယ်။ ထို့အပြင် မျက်စိတမျှော်တခေါ်တိုင်အောင်ကျယ်ပြောလှလေတယ်။
ထိုမြင်ကွင်းကို ဖုန်းကျိုအလွန်အမင်းနှစ်သက်တာကြောင့် မကြာခဏဆိုသလို ကန်နဘေးမှာ အပျင်းပြေလမ်းလျှောက်ထွက်လေ့ရှိတာ။ ဒီနေ့တော့ သူမရဲ့စိတ်အခြေအနေက ပတ်ဝန်းကျင်အလှကိုခံစားနိုင်တဲ့အခြေအနေမျိုးမဟုတ်ဘူးလေ။ မနေ့ကညကမှကူးထားတဲ့ ဆာလမ်ကျမ်းတွေကိုတော့ အင်္ကျီလက်ထဲမှာထည့်ပြီး ယူဆောင်လာခဲ့တယ်။ စိတ်မပါလက်မပါနဲ့ပဲ စမ်းချောင်းလေးအတိုင်း ဆက်လျှောက်ခဲ့တယ်။
လွန်ခဲ့တဲ့တစ်နာရီတုန်းက ဆရာ Ji Han ကိုလိုက်ရှာဖို့အတွက်နဲ့ ဖုန်းကျို လက်ဖက်ရည်နဲ့ပတ်သတ်တဲ့သင်ကြားမှုအတန်းကိုလစ်ပြီး အပြင်ကိုခိုးထွက်ခဲ့တယ်။ ဆရာက ဒီနှစ်ရဲ့ပြိုင်ပွဲဝင်စာရင်းကို ညနေအတန်းပြန်မစခင်မှာကြေညာပေးမှာလို့ သူမသတင်းကြားထားလေတော့ သူ့သဘောကျ တပည့်ကောင်းတစ်ယောက်ဖြစ်လာဖို့ သူမအချိန်မှီကြိုးစားရမယ်လေ။ ဒါပေမဲ့ အချိန်မှီနိုင်ဖို့ အချိန်သိပ်မကျန်တော့တဲ့အတွက် အတန်းကိုတောင်လစ်ခဲ့ရတာ။ ခုတစ်ခေါက်တည်းနဲ့ သူမရဲ့ဆရာကိုအပီအပြင်ဖားနိုင်မယ်လို့မျှော်လင့်ရတာပဲ။ ဒါပေမဲ့ Taishan Laojun လွှတ်လိုက်တဲ့ စီနီယာနတ်ဘုရား သူမထောင်ထားတဲ့ချောက်ထဲကိုကျသွားတာကိုလည်း ကြည့်ချင်သေးတယ်။ ဒါနဲ့ပဲ ဖြစ်ပျက်သမျှအလုံးစုံကို အသေအချာမှတ်သားပြီး အသေးစိတ်ပြန်ပြောပြဖို့ ရန်ချီဝူကို သူမခပ်တိုးတိုးလေးမှာခဲ့လိုက်တယ်။