Part 5 (i)

60 2 0
                                    

Page 108-112

Page-108

အခန်း (၅)

Fanyin တောင်ကြားဟာဆိုရင် Fuyu တောင်ရဲ့ နာမည်ကြီးချိုင့်ဝှမ်းတစ်ခုဖြစ်ပြီး ရှားပါးပြီးအဖိုးတန်လှတဲ့ Biyi ငှက်မျိုးနွယ်တို့ရဲ့ နားခိုရာသိုက်ရိပ်မြုံကြီးဖြစ်လေသည်။

ရှေးလူကြီးတွေပြောအရတော့ Biyi ငှက်တွေဟာ အရမ်းကိုနူးညံ့သိမ်မွေ့တာတဲ့။ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဆင်းသက်လာတိုင်း သူတို့ဟာ ပိုပိုပြီးအားနည်းလာကြတယ်။ မြေဓာတ်ပါတဲ့လေနဲ့ အနည်းငယ်လောက်လေး ထိတွေ့လိုက်ရင်ကိုပဲ ဖျားနာတတ်ကြတယ်တဲ့။ အဲ့ဒါကြောင့် သူတို့ရဲ့ဘိုးဘေးတွေဟာ ဒီတောင်ကြားကိုကြိုးစားပန်းစားရှာဖွေပြီး မျိုးနွယ်စုတစ်ခုလုံး ပြောင်းရွှေ့လာခဲ့ကြတာပေါ့။

ပြင်ပကညစ်ညမ်းလေထုတွေ ဝင်ရောက်လာပြီး မျိုးနွယ်စုကိုမထိခိုက်စေဖို့အတွက် Fanyin တောင်ကြားဟာ ၆ လနေမှ တစ်ကြိမ်သာပွင့်လေ့ရှိတယ်။ ဒါတောင် ကောင်းကင်ဘုံကသံတမန်တွေကို ဖြတ်သန်းခွင့်ပေးနိုင်ရန် အချိန်ခဏတာမျှ အက်ကြောင်းလောက်လေး ပွင့်ဟလာခြင်းဖြစ်တယ်။ စွမ်းအားကြီးမားပြီး အတွေ့အကြုံများတဲ့သူမျိုးကလွဲလို့ တစ်ခြားဘယ်သူကမှ ဒီအချိန်တိုလေးကို အခွင့်ကောင်းယူပြီး ဝင်မလာနိုင်ဘူးလေ။

စွမ်းအားမြင့်သူဖြစ်တဲ့ ရန်ချီဝူလည်း Fanyin တောင်ကြားကို ထုရိုက်ပြီးဝင်သွားနိုင်တယ်။ ဒါကြောင့် Fanyin တောင်ကြားပွင့်လာမယ့် အချိန်ကို အတိအကျစောင့်နေလေရဲ့။ လေကလည်း အရှေ့အရပ် အနောက်အရပ်တွေဆီကို အေးအေးဆေးဆေးတိုက်လို့ရသားနဲ့ အခုတော့ သူတို့ရှိရာ တောင်ကြားနံရံအက်ကွဲကြောင်းလေးထဲကိုမှ မရမကအတင်းတိုးဝင်တိုက်ခတ်နေတယ်။ လမ်းကြောင်းလေးက အရမ်းလည်းမကျယ်သလို အရမ်းလည်းမကျဉ်းဘူး။ သူတို့နှစ်ယောက်လုံး ကောင်းကောင်းဖြတ်သွားလို့ရတဲ့အနေအထားမှာရှိတယ်။ ဒါ ဘယ်လို ကံကြမ္မာပါလိမ့်နော်...?

လူသူမရှိရာအရပ်မှာရောက်နေတဲ့ ဖုန်းကျိုတစ်ယောက် အနည်းငယ်သန့်ရှင်းသယောင်ရှိတဲ့ ကျောက်တုံးတစ်တုံးပေါ်ထိုင်ချလိုက်တယ်။ ရန်ချီဝူကတော့ သူမအနောက်ဘက်နားက နွယ်ပင်တွေနဲ့ဖုံးနေတဲ့ကျောက်နံရံအစွံဘေးမှာ သူမကိုကျောပေးပြီး ဆောင့်ကြောင့်ထိုင်နေတယ်။ ကျောပေးထားတောင် ချောင်းချောင်းထွက်နေတဲ့ သူ့ရဲ့ဒေါသအငွေ့အသက်ကို သူမကောင်းကောင်းကြီးခံစားလို့ရတယ်။

Three Lives Three Worlds:The Pillow BookWhere stories live. Discover now