Unicode Version
" 2nd interview တဲ့လား? "
မှူးစိတ်လှုပ်ရှားနေမိသည်။
မလှုပ်ရှားခံနိုင်ရိုးလား။
Hyper Goal မှခေါ်သောအလုပ်ကို
အလုပ်ခေါ်စာဖတ်စဉ်ကတည်းကပင်
သဘောကျ၍ လျှောက်ခဲ့သည်။
အင်တာဗျူးဖြေဖို့ ကုမ္ပဏီကိုရောက်တော့
အကုန်လုံးက သူ့အလုပ်နဲ့သူ အမြဲတမ်း
အလုပ်ထဲမှာ ခေါင်းစိုက်နေပုံကိုမြင်ရ၏။
သူများတွေအဖို့တော့ အလုပ်များတာက
ကျိန်စာတစ်ခု၊ အိပ်မက်ဆိုးတစ်ခုလို
ညဉ်းစရာဖြစ်ကောင်းဖြစ်မည်။
မှူးလို အလုပ်စွဲရောဂါရှင်လို့တောင်
ပြောရမည့်သူအဖို့တော့ သဘောကျစရာ။
အိုလေ Hyper Goal ကို မှူးအစကပင်
တော်တော်လေးသဘောကျခဲ့တာပါ။
အခုလို 2nd interview ခေါ်တော့
အခြေအနေကောင်းတယ်လို့ ယူဆ၍ရတာမို့
မှူး စိတ်လှုပ်ရှားနေတာဖြစ်သင့်ပါသည်။******************************
" ဝတ်ရည်၊ ကိုမိုက်ကယ်ခေါ်နေတယ် "Overtime ကြေးပေးဖို့ရာ OT တွေ
တွက်နေတုန်းမှာ Admin မသွယ်က
လာပြောသည်မို့" ဘာအတွက်ခေါ်တာတဲ့လဲဟင်?
ဒီမှာ သမီးက OT တွေတွက်နေတာ "မသွယ်က သက်ပြင်းချသည်။ ပြီးတော့
သူမပုခုံးတစ်ဖက်ကို ညင်ညင်သာသာ
လာရောက်ဆုပ်ကိုင်ပြီး" သွားလိုက်ပါ ဝတ်ရည်ရဲ့
ကိုမိုက်ကယ်အကြောင်းလည်းသိသားနဲ့
သူခေါ်လို့ချက်ချင်းမလာရင် ... "" သိပါ့ အစ်မရေ၊ သူက ..... "
" တီ တီ တီ တီ "
ပြောရင်းဆိုရင်း ဌာနတွင်းဖုန်းမြည်သံက
ပေါ်ထွက်လာသည်။ စိတ်ပျက်တဲ့အခါ သူမလုပ်နေကျပုံစံအတိုင်းပဲ မျက်လုံးကို
အပေါ်ထောင့်ကပ်ပြီး လှန်တင်လိုက်မိသည်။" သိတယ်၊ အဲဒါငါ့ကိုခေါ်နေတာ
အဖေတို့ကလည်း အခုဆိုအခု၊
နည်းနည်းလေးမှ delay မရဘူး "(ဝတ်ရည်အပါအဝင် ကုမ္ပဏီဝန်ထမ်းများသုံးသောအဖေတို့၊
ပါပါးတို့သည် ဒါရိုက်တာအဖွဲ့ဝင်များကို ရည်ညွှန်းပါသည်)မြည်လာသော ဖုန်းကို ဌာနမှကောင်မလေး
တစ်ယောက်က ကိုင်လိုက်သည်။
YOU ARE READING
My Hell
RomanceUnicode Version ဖွင့်ဟပြမှ အချစ်လား? နာကျင်ရမယ်မှန်းသိလျက်နဲ့ အဲဒီအချစ်တစ်ခုကို လုံးဝလွှတ်မချခဲ့ဘဲ အဆုံးထိဆက်ချစ်နေနိုင်လား? သူနဲ့ပတ်သက်ပြီး ရရှိခဲ့သမျှကြေကွဲထိရှမှု အစိတ်အပိုင်းသေးသေးလေးကအစ တယုတယ သိမ်းဆည်းထားနိုင်လား? ဒီ Fic လေးမှာတော့ ...... =====...