Deja Brew မှာကော်ဖီသောက်ပြီး
ပြန်ထွက်တော့ အချိန်က ည (၈)နာရီခန့်။
မှူးနှင့် မမ နှစ်ယောက်သား
စကားတပြောပြောနှင့်ပြန်ထွက်လာစဥ်"Tell me how's it feel
Sitting up there 🎶🎶
Feeling so high ..🎶🎶
But, too far away to hold me🎶"မဝတ်ရည်ရဲ့ဖုန်း ringtone သံ။
Halsey ရဲ့ Without me သီချင်း။
သူ့မှာလည်း ဒီသီချင်းနဲ့ပတ်သက်တဲ့
ခံစားချက်တစ်ခုခုရှိကောင်းရှိမှာပေါ့လေ။မှူးလည်း စပ်စုတာတော့မဟုတ်ပေမယ့်
ကိုယ်နဲ့ဘေးချင်းကပ်လျှောက်ရင်း
ပြောနေတာဆိုတော့လည်း
တမင်နားမစွင့်ထားဘဲကို ကြားနေရသည်။"ဟယ် ကိုမိုက်ကယ်ကြီးဟ
ဘာများရစ်ဦးမလဲမသိဘူး
ပိတ်ရက်ကြီးကို"ပွစိပွစိသာပြောသည်။
သူ့မှာ မကိုင်ဘဲလည်းမနေရဲ။
အဲဒါဆိုရင် ဟိုက
management chat group မှာ
ဝင်ပြီး ပွဲကြမ်းမှာသေချာသည်။"ဟယ်လို"
"....."
"ဟုတ် ရှိတယ် ကိုခွန်လတ်"
"....."
"မိနစ်(၄၀)စာအပိုင်း အစ်ကို"
".......?"
"ပြီးပြီလေ ညီမသေချာစစ်ခဲ့ပါတယ်"
".......??"
"ဪ သေချာစစ်ခဲ့ပါတယ်ဆိုမှ
အစ်ကိုကလည်းနော်""....."
"ဟုတ် ... ဟုတ်"
ဖုန်းချအပြီးမှာ မမက
စိတ်နည်းနည်းရှုပ်သွားသည့်ဟန်ဖြင့်
မှူးဘက်လှည့်လာသည်။"နင်တို့ပါပါးကလေ
ပိတ်ရက်တောင် လူကို
စိတ်မအားလူမအားဖြစ်အောင်နှိပ်စက်တယ်"မှူးလည်း ဘာပြန်ပြောရမှန်းမသိဖြစ်ပြီး
ဒီတိုင်းပဲ သူမကိုပြန်ငေးကြည့်မိနေစဥ်မှာ
သူမရဲ့အပြုအမူတစ်ခုက
မှူးကိုမျက်လုံးပြူးသွားစေ၏။အဲဒါကတော့ သူ့အိတ်ကိုဖွင့်ပြီး
အထဲကစီးကရက်ဘူးကိုယူ
စီးကရက်တစ်လိပ်ကို ဟန်ပါပါ
ထုတ်ယူမီးညှိလိုက်တဲ့ ဒေါ်ဝတ်ရည်ရဲ့ပုံစံပါပဲ။"အယ့်!"
မှူးခမျာ ဒီလိုအာမေဋိတ်သံသေးသေးလေးသာ
ပြုနိုင်ပြီး ဘာဆိုဘာမှမပြောနိုင်ဘဲ
သူ့မမကိုအငေးသား။
YOU ARE READING
My Hell
RomanceUnicode Version ဖွင့်ဟပြမှ အချစ်လား? နာကျင်ရမယ်မှန်းသိလျက်နဲ့ အဲဒီအချစ်တစ်ခုကို လုံးဝလွှတ်မချခဲ့ဘဲ အဆုံးထိဆက်ချစ်နေနိုင်လား? သူနဲ့ပတ်သက်ပြီး ရရှိခဲ့သမျှကြေကွဲထိရှမှု အစိတ်အပိုင်းသေးသေးလေးကအစ တယုတယ သိမ်းဆည်းထားနိုင်လား? ဒီ Fic လေးမှာတော့ ...... =====...