Unicode Version
"ကဲ နွယ်မှူးအိမ် ညီမလေး!"
"ဟုတ်"
ကိုယ့်ရဲ့စီနီယာအစ်မက
စကားစလိုက်သည်မို့
ချက်ချင်းပင် ခါးကိုဆန့်
ကိုယ်ကိုမတ်ကာ
ပြောလာမည့်စကားကို
နားစွင့်နေလိုက်၏။"မက ဒီနေ့ရိုက်ကူးရေးတစ်ခုရှိလို့
လိုက်သွားရမယ်
ဆိုတော့ကာ .. နွယ်မှူးလုပ်ရမယ့်အလုပ်တွေကို
မ ပြောပြပေးခဲ့မယ်""ဟုတ်ကဲ့ပါ"
*******************************
ဆရာတပည့်တွေ
အချီအချပြောနေကြတာကို
အကဲခတ်နေသူက ဝတ်ရည်။
အခုမှဝင်လာသည့် ဝန်ထမ်းသစ်တွေကို
အကဲဖြတ်ရမှာက HR ဖြစ်သည့်
သူမရဲ့တာဝန်။
ပြီးတော့ စီနီယာတွေကလည်း
အသစ်တွေကို အရမ်းတွေပါဝါပြ
ဩဇာသီးတွေစွတ်ရောင်းလားလို့
စောင့်ကြည့်ရသေးသည်။
တော်ကြာ အသစ်လေးတွေ
ထွက်ပြေးကုန်မှ
ဝန်ထမ်းထပ်ခေါ်ဖို့
အလုပ်ခေါ်စာကြေညာရ၊
အေဂျင်စီတွေနှင့်ချိတ်ရဖြင့် တအားအလုပ်ရှုပ်သည်။
ဝတ်ရည်မှာက
HR တာဝန်တစ်ခုတည်း
ယူထားရတာမဟုတ်။
စတူဒီယိုပိုင်း၊
အသံသွင်းသည့်အပိုင်း
အသံသွင်းတဲ့ talent
(အသံသရုပ်ဆောင်) များနှင့် ချိတ်ဆက်သည့်အပိုင်းတွေပါ
တာဝန်ယူထားရသည်။
တစ်ခါတလေ စဉ်းစားမိသည်။
အလုပ်တာဝန်တွေအများကြီး
ပုံပိနေလို့များ
ငါအရပ်မရှည်နိုင်တော့တာလား
မသိဟူ၍။
(တကယ်က မွေးကတည်းက
ဘယ်လိုလုပ်လုပ် မရှည်သောအရပ်😁
ဟိုဟာလွှဲချ ဒီဟာလွှဲချ🤭)"တီ ... တီ .... တီ ..."
"လခွမ်း လန့်လိုက်တာဟယ်"
ကိုယ့်ဘာသာအတွေးနှင့်မျောနေတုန်းမှာ
ရှေ့က extension ဖုန်းလေးက
ထမြည်သည်မို့ ဝတ်ရည်ခမျာ
ဆတ်ခနဲတုန်သွားရသည့်အထိ။
ဖုန်းကိုကောက်ကိုင်လိုက်ပြီး"ဟယ်လို"
"အေး ညီမ! မေသော်ရှိလား?"
"ဟုတ် အစ်ကို ရှိတယ်"
ပြောပြောဆိုဆိုနှင့် ရှေ့မှာထိုင်နေတဲ့
မေသော်ထံကို ဖုန်းလွှဲပေးရသည်။"မေသော်၊ နင့်ပါပါးကိုမိုက်ကယ်"
မေသော့်ကို ဖုန်းလွှဲပေးပြီး
ဘာရယ်မဟုတ်
ဝန်ထမ်းအသစ်လေးဆီ
အကြည့်ရောက်စဉ်
သူ့မျက်နှာမှာ ဝေခွဲမရသော
အရိပ်အယောင်တချို့
ဖြတ်ပြေးသွားတာကို မြင်လိုက်ရ၏။
သူက အသစ်ဆိုတော့
Hyper Goal ရဲ့
BOD နဲ့မန်နေဂျာတွေ၊
ဝန်ထမ်းတွေကြားက
ရင်းနှီးပွင့်လင်းမှုကို
မသိသေးတာလည်း ဖြစ်နိုင်သည်။ တဖြည်းဖြည်းတော့
အထာကျသွားမှာပေါ့လေ။
YOU ARE READING
My Hell
RomanceUnicode Version ဖွင့်ဟပြမှ အချစ်လား? နာကျင်ရမယ်မှန်းသိလျက်နဲ့ အဲဒီအချစ်တစ်ခုကို လုံးဝလွှတ်မချခဲ့ဘဲ အဆုံးထိဆက်ချစ်နေနိုင်လား? သူနဲ့ပတ်သက်ပြီး ရရှိခဲ့သမျှကြေကွဲထိရှမှု အစိတ်အပိုင်းသေးသေးလေးကအစ တယုတယ သိမ်းဆည်းထားနိုင်လား? ဒီ Fic လေးမှာတော့ ...... =====...