Unicode Version
Hyper Goal Office Room
"တီ ... တီ ... တီ"
ရှေ့ကဖုန်းသံကြောင့်
အလုပ်ကိုအာရုံစိုက်နေကြရင်းမှ
လူတိုင်းဆတ်ခနဲဖြစ်သွားကြသည်။"နွယ်မှူးအိမ် ဖုန်းလေးကိုင်လိုက်ပါဦး"
ဝတ်ရည် ...
သူက ပန်းကန်ဆေးသည့်ဘေစင်မှာ
ကော်ဖီခွက်ဆေးကြောနေတာမို့
ဖုန်းနှင့်နီးသည့်နွယ်မှူးအိမ်ကို
လှမ်းပြောလိုက်ခြင်းပါ။နွယ်မှူးအိမ်ကလည်း
"ဟုတ်"
ဖြေပြီးတစ်ဆက်တည်း
ဖုန်းကိုဆတ်ခနဲကောက်ကိုင်ရင်းမှ"ဟယ်လို"
"..........."
"ဟုတ် ရှိတယ်"
"........"
"ခွက်ဆေးနေလို့"
"..........."
"ဟုတ်"
ပြောရင်းဆိုရင်း နွယ်မှူးအိမ်ကဖုန်းခွက်ကို
လက်ဖြင့်အသာအုပ်ကာ"မဝတ်ရည်နဲ့ပြောမယ်တဲ့"
ဝတ်ရည်လည်း ခွက်ဆေးနေရင်းမှ
အသံမထွက်ဘဲ မေးငေါ့ပြီး
"ဘယ်သူလဲ?"ဟု မေးလိုက်တော့"ကိုမိုက်ကယ်"
နွယ်မှူးအိမ်ကလည်း
အသံတိတ် ပါးစပ်လှုပ်ရုံပြန်ဖြေသည်။"အေး ... လာပြီဟေ့ လာပြီ"
ခွက်ကို ပန်းကန်စင်ပေါ်အမြန်မှောက်
စားပွဲပေါ်မှတစ်ရှူးကိုဆွဲထုတ်ကာ
လက်ကိုကမမ်းကတမ်းသုတ်ရင်း
ဖုန်းဆီအမြန်ပြေးရသည်။ဖုန်းကိုလက်လွှဲယူပြီး
"ဟယ်လို"
"ဟင်! ညီမကကြာလိုက်တာ
ဘာတွေလုပ်နေတာလဲ?"(နည်းနည်းလေးမှမရစ်ရရင်
စားမဝင်အိပ်မပျော်သူကြီး🙄)"ဟာ! အစ်ကိုကလည်း
ညီမကော်ဖီခွက်ဆေးနေလို့""အိုကေ .. အားလုံးကိုပြောလိုက်
ဒီညနေရုံးဆင်းရင်ဘယ်သူမှမပြန်ရဘူး
All Round Meeting ရှိတယ်လို့
ကြားလား?"
YOU ARE READING
My Hell
RomanceUnicode Version ဖွင့်ဟပြမှ အချစ်လား? နာကျင်ရမယ်မှန်းသိလျက်နဲ့ အဲဒီအချစ်တစ်ခုကို လုံးဝလွှတ်မချခဲ့ဘဲ အဆုံးထိဆက်ချစ်နေနိုင်လား? သူနဲ့ပတ်သက်ပြီး ရရှိခဲ့သမျှကြေကွဲထိရှမှု အစိတ်အပိုင်းသေးသေးလေးကအစ တယုတယ သိမ်းဆည်းထားနိုင်လား? ဒီ Fic လေးမှာတော့ ...... =====...