Part 5(Uni+zawgyi)

1.4K 105 4
                                    

Unicode Version

" ဒုက္ခပဲ ဒီနေ့မှကားကလည်းပိတ်လိုက်တာ "

YBS 14 ပေါ်မှာ နာရီတကြည့်ကြည့်နှင့် ရှေ့ကို လည်ဆန့်မျှော်ကြည့်ရင်း ပွစိပွစိ တီးတိုးရေရွတ်နေမိသူက မှူးရယ်ပါ။
2nd interview ချိန်းဆိုထားသောနေ့ ဖြစ်သည်မို့ လိုအပ်မယ်ထင်တာတွေ ရှာဖတ် လေ့လာ ကြိုတင်ပြင်ဆင်မှုတွေ သေချာလုပ်ပြီးမှ အင်တာဗျူးချိန် နေ့လယ်(၁)နာရီကို မီအောင်မှန်းပြီး ထွက်လာခဲ့၏။ ခုတော့ ကားလမ်းက ထင်တာထက်ပိုကျပ် ပိုပိတ်နေလေပြီ။
ဖုန်းကိုထုတ်ကာ နာရီကိုကြည့်မိတော့

" မြတ်စွာဘုရား
ငါတော့ မီမှမီပါတော့မလား? "

ဘုရားပါတမိသွားသည်။ အချိန်ကနာရီဝက်လောက်သာ လိုတော့သည်။ ကားက အခုထိ UFL ရှေ့ကနေ မရွေ့နိုင်။
ရှည်လျားသောကားတန်းကြီးကို မျှော်ကြည့်ရင်း မှူးရင်မောရလေပြီ။
အေးစိမ့်နေသော YBS 14 ပေါ်မှာပင်
မှူးချွေးတို့ကစိမ့်ထွက်လာသည်။
2nd interview ကအရေးကြီးသည်။
ကိုယ့်အတွက် အလုပ်ရဖို့ ၅၀ ရာခိုင်နှုန်းခန့် သေချာစေသောအခွင့်အရေး။
အဲဒါကိုနောက်ကျခဲ့ရင် ကုမ္ပဏီဘက်မှ အမြင်ကတစ်မျိုးတစ်ဖုံ ပြောင်းသွားနိုင်၏။
အချိန်ကိုမလေးစားသူဟု မြင်သွားနိုင်သည်။

" အာ အရေးထဲ "

စိတ်လှုပ်ရှားရလွန်း၍လားတော့မသိ။
စိတ်လော စိတ်စောနေသောမှူးတစ်ယောက် ဗိုက်ကရစ်နာလာပြန်သည်။

" ဘာမှလည်း အစားမမှားပါဘူး "

တွေးရင်း ဗိုက်နာနေတဲ့ဆီကို စိတ်မရောက်မိအောင် မနည်းထိန်းထားရ၏။
ချွေးတွေက ဆီးကင်းမျှပင်မကတော့။ ဘူးသီးလုံးလောက်ကို ကျနေလေပြီ။
သို့ပေမဲ့ သိပ်မကြာခင်မှာပဲ ကံအားလျော်စွာ ဗိုက်နာသက်သာသွားသည်။

" ဟူး တော်ပါသေးရဲ့ "

လတ်တလောတော့ သက်သာသွားပေမယ့်
အချိန်မရွေးပြန်ဖောက်လာနိုင်မည့်
အကျင့်မကောင်းသည့်ဗိုက်အတွက်လည်း ရတက်မအေးရ။
ဒီကြားထဲ မြန်မာပလာဇာရှေ့အရောက်မှာ

" ဘုရားရေ
(၁၅)မိနစ်ပဲလိုတော့တယ် "

မှူးခမျာ စိုးရိမ်စိတ်ကြီးစွာဖြင့် စိတ်ထဲကအတွေးက ပါးစပ်ကပင် လွှတ်ခနဲထွက်သွားမိတဲ့အထိပါပဲ။
*****************************
Hyper Goal ကုမ္ပဏီပင်မရုံးခန်း။

My HellWhere stories live. Discover now