Part 9(Uni+Zawgyi)

1.1K 140 13
                                    

Unicode Version

First Date

"မဟုတ်ပါဘူးဆို နင်စွပ်စွဲတာတွေများနေပြီ"

"......"

"......"

အကြိမ်ကြိမ်ငြင်းချက်ထုတ်နေပေမယ့်
တစ်ဖက်က စွပ်စွဲချက်တွေက ပြင်းထန်သထက်ပြင်းထန်လာသည်။
လိုင်းကားပေါ်မှာ ဘေးလူတွေကိုပင်
ဂရုမစိုက်နိုင်အောင် ဖုန်းကိုသည်းကြီးမည်းကြီးကြည့်ကာ
အသည်းအသန် typing ရိုက်နေတဲ့ဝတ်ရည်။
ဝတ်ရည်က ဆိုရှယ်ကျသည်။
အပေါင်းအသင်းများသည်မှန်သော်လည်း
လက်ရှိတွဲနေတဲ့သူကိုတော့
သစ္စာမဲ့ရလောက်သည့်အထိ မမိုက်မဲပါ။
အလုပ်ကပြန်တဲ့အခါ
လမ်းကြောင်းတူတဲ့ သူရအောင်နှင့်
ပြန်သည်။
သူရအောင်နှင့်ကပြောမနာ ဆိုမနာ။
ထုလိုက် ရိုက်လိုက် ကန်လိုက်နှင့်
အများအမြင်မှာ တစ်မျိုးဖြစ်နေကောင်း
ဖြစ်နေလိမ့်မည်။
ဒါပေမဲ့ ဝတ်ရည်ကလူတစ်မျိုး။
ပတ်ဝန်းကျင်ကိုသိပ်ဂရုစိုက်မနေ။
ကိုယ့်လိပ်ပြာကိုယ်လုံဖို့ပဲလိုသည်ဟု
ခံယူထားသူ။
သူရအောင်နှင့်ပတ်သက်ပြီး ဘာမရိုးမသားစိတ်မှမရှိတဲ့
ကိုယ့်စိတ်ကို ကိုယ်အသိဆုံး။
အဲဒါကို ချစ်ရသူက
ဘေးလူစကား ပတ်ဝန်းကျင်စကားတွေ
ကနေတစ်ဆင့် သိသွားတော့
အမြဲလိုလို ပြဿနာရှာသည်။
ဝတ်ရည်ကလည်း ကိုယ့်စိတ်ကိုယ်အသိဆုံး
ကိုယ်မှန်တယ်ထင်ရင် ဘယ်သူမှဂရုမစိုက်သူ
ဆိုတော့ သူစွပ်စွဲသမျှငြိမ်ခံမနေ။
ခွန်းတုံ့ပြန်တော့ ပြဿနာက
တအုံ့နွေးနွေးကနေ ပိုမိုကြီးမားလာကာ
ဒီညနေမှာတော့ အကြီးအကျယ်
ပေါက်ကွဲခဲ့ခြင်းသာ။
ကိုယ်မလုပ်တဲ့ကိစ္စကို
စိတ်ရှုပ်ခံမရှင်းပြချင်သူပီပီ
ဆက်ရှင်းပြမနေတော့ဘဲ
ဖုန်းလိုင်းပိတ်ချလိုက်သည်။
ခဏနေလို့ ပြန်အဖွင့်မှာတော့

"ဟင်"

မျက်စိများမှားသလားလို့ သေချာကြည့်သည်။
မမှားပါ။သေချာအောင်
ဖုန်းခေါ်ကြည့်သည်။ မရ။

"ဒင်းက ငါ့ကိုဘလော့သွားတယ်ပေါ့"

စိတ်ထဲကမကျေနပ်မှုက
ပါးစပ်ကပါ ပွစိပွစိအသံထွက်လာသည်။
ဘေးမှာမတ်တပ်ရပ်နေတဲ့သူရအောင်က
နားစွန်နားဖျားကြားလိုက်ဟန်ဖြင့်
လှည့်ကြည့်သည်။

My HellWhere stories live. Discover now