Part 6(Uni+Zawgyi)

1.4K 93 7
                                    

Unicode Version

    " ကြားဖြတ်လေး "
" တစ်ခုလောက်မေတ္တာရပ်ခံပါရစေ
ဒီအချစ်ဆုံးပါ HR ကိုရေးတဲ့နေရာမှာ
အတတ်နိုင်ဆုံး အပြင်လောကနဲ့
အနီးစပ်ဆုံးဖြစ်အောင်ရေးပါတယ်။
ရုံး ကုမ္ပဏီဆိုလည်း ပြင်ပကတကယ့်
ကုမ္ပဏီ ရုံးတစ်ခုခုရဲ့ဝန်ထမ်းအဝန်းအဝိုင်း၊
ဖြစ်ရပ်တွေနဲ့ အနီးစပ်ဆုံးဖန်တီးထားတာပါ။
ဒါကြောင့် တကယ်လို့များ ပြင်ပလောကနဲ့
အနီးစပ်ဆုံးဖြစ်အောင် ရေးထားတဲ့
ဒီfic လေးမှာ ပြင်ပလောကက
တကယ့်ကုမ္ပဏီအသိုက်အဝန်း or
တစ်စုံတစ်ယောက်နဲ့ဇာတ်ကောင်တွေထဲက
တစ်ယောက်ယောက်နဲ့တိုက်ဆိုင်တဲ့အဖြစ်
ရှိခဲ့ရင် လာပြောကြပါ။ ဒါပေမဲ့ ဘယ်သူ့ကိုမှ  ရည်ရွယ်ရေးတာမဟုတ်သလို ထိခိုက်စေလို
စိတ်လည်း မရှိကြောင်း၊ တစ်ခုခုဆိုရင်
တိုက်ဆိုင်တာသာဖြစ်ကြောင်းတော့
ကြိုတင်မေတ္တာရပ်ခံပါရစေနော် "
 
******************************
" ဟယ်လို "

တစ်ဖက်မှသူငယ်ချင်းမအသံကြောင့်
မှူးတစ်ယောက် စိတ်သက်သာရာရသွား၏။

" တော်သေးတာပေါ့
ဒီတစ်ခါ ဖုန်းတန်းကိုင်လို့ "

ပြောလည်းပြောချင်စရာ။
အဲဒီဟန်နီဆိုတဲ့ သူငယ်ချင်းမသည်
ဖုန်းခေါ်တိုင်း ဘယ်သောအခါမှမကိုင်။
ပြန်ခေါ်တတ်တဲ့အကျင့်လည်းမရှိ။
တမင်မကိုင်တာတော့မဟုတ်။
သူနှင့်ဖုန်းက အမြဲတမ်းလိုလို
ပဲခူးနှင့်ပုဂံဖြစ်နေတတ်သည်။
(အဲဒီတစ်ယောက်ဟာလေ
FA မှန်းသိပ်သိသာတာပဲ 😝)

"ငါက ဖုန်းနားမှာမှမရှိတတ်တာ
နင်လည်းသိသားနဲ့"

"အေးပါ သိပါတယ်
ငါအခုဖုန်းဆက်တာက
ငါဒီနေ့မှော်ဘီလာချင်လို့"

"ဘာ!
နင်လုပ်ပြန်ပြီလား?
ငါနင့်ကိုဘာပြောထားလဲ?
လာမယ်ဘာညာဆို ကြိုပြောပါဆို အမြဲ .."

ထင်တဲ့အတိုင်း လေသံမာမာနှင့်
စွတ်လွှတ်ပါတော့သည်။

"ငါသိပါတယ်
ငါကလည်း အဲဒီလိုပဲ
အစီအစဉ်မရှိဘဲ ဗြုန်းစားကြီးလုပ်တတ်တာ"

"ကျွတ်စ် နင်ဟာလေ
ဘယ်နှခါပြောပြော မမှတ်ဘူး
ငါက အိမ်ကိုပြောရတာ ခွင့်တောင်းရတာ
ဘာညာသာရကာရှိသေးတယ်ဟဲ့"

My HellWhere stories live. Discover now