အခန်း(၁၂)
ဒေါ်ဝတ်ရည်၏ မွှေချက်များ
ပြောပြန်ရင်လည်း မယ်မှူးလွန်ရာကျမယ်😬
ဟုတ်မဟုတ် ဆက်သာရှုစားကြပါကုန်။Hyper Goal ရုံးခန်း။
ရုံးပိတ်ရက်မှာ Friendzone ဇာတ်ကား
ကောင်းမှုဖြင့် HR မမ၏ အိမ်မှာ
အချိန်ကုန်ဆုံးခဲ့ရပြီးနောက်
ရုံးပြန်ဖွင့်သည့်ရက်တွင်တော့
ပုံမှန်အတိုင်း ရုံးတက်ရက်များကို
ဖြတ်သန်းနေရသည်။"တီ .... တီ ... တီ"
ကျယ်လောင်လွန်းသည့်
ဌာနတွင်းလိုင်းဖုန်းသံက
မှူးလက်ထဲမှ တစ်နေ့တာ To Do List များ
ရေးလက်စ ဘောပင်ကိုပင်
လွတ်ကျသွားစေသည်။မှူးကိုယ်လုံးလေးကလည်း
အနည်းငယ်တုန်တက်သွားတော့
စီနီယာ မမေသော်ကရယ်သည်။ရယ်ရင်းမှ ဖုန်းကိုင်လိုက်ပြီး
"ဟဲလို! ဟုတ် မီးမေသော် အစ်ကို"
"....."
"ဟုတ် ... မရောက်သေးဘူး"
"......"
"ဟုတ် ကိုမိုက်ကယ်
မဝတ်ရည်လာရင် မီးပြောလိုက်မယ်"ဖုန်းချပြီးချိန်မှာ မမေသော်က
မှူးဘက်ကိုလှည့်ကာ"ညီမလေးရယ် ဖုန်းသံပါ
ဗုံးသံမဟုတ်ပါဘူး😂
အာ့လောက်ပဲ လန့်သွားရလား🤣"မှူးလည်း အိုးတိုးအမ်းတမ်းဖြစ်သွားပြီး
"ပုံမှန်ဆိုရင်တော့ ဒီလောက်မလန့်ပါဘူး
မမေသော်ရဲ့ ... ခုကကိုယ့်ဘာသာ
လုပ်ရမယ့်ဟာတွေ စဥွ်းစားရေးနေတုန်း
ရုတ်တရက် .... ပြီးတော့ ...
ဒီဖုန်းသံက တအားကျယ်တယ်
ရှေ့ခန်းနဲ့ Edit ခန်းကဖုန်းတွေ
ဒီလောက်မကျယ်ဘူးလားလို့"(စကားများမလေးမှူး😝)
"ဟုတ်တယ် ... ဟုတ်တယ်
အစ်မတို့အခန်းကဖုန်းကလေ
ရေမြေလိုက်ပြီး ဗုံးကွဲသလိုကျယ်နေတာ"ပြောရင်းဆိုရင်းဝင်လာသူက
ရှေ့ခန်းက (မှူးအင်တာဗျူးလာဖြေတဲ့နေ့က
ဒိုင်ခံဖုန်းဖြေ မှူးတို့ကို meeting room
ရှိရာ လမ်းညွှန်ခဲ့သူ)
Assistant Producer ကောင်လေး။
သူ့နာမည်ရင်းက တိုင်းရင်းသားနာမည်
ခေါ်ရခက်တာမို့ အားလုံးက ဖိုးခွား
လို့ပဲ ခေါ်ကြသည်။
YOU ARE READING
My Hell
RomansaUnicode Version ဖွင့်ဟပြမှ အချစ်လား? နာကျင်ရမယ်မှန်းသိလျက်နဲ့ အဲဒီအချစ်တစ်ခုကို လုံးဝလွှတ်မချခဲ့ဘဲ အဆုံးထိဆက်ချစ်နေနိုင်လား? သူနဲ့ပတ်သက်ပြီး ရရှိခဲ့သမျှကြေကွဲထိရှမှု အစိတ်အပိုင်းသေးသေးလေးကအစ တယုတယ သိမ်းဆည်းထားနိုင်လား? ဒီ Fic လေးမှာတော့ ...... =====...