ဆုံ​တွေ့မှုအစ_ဆံုေတြ႕မႈအစ

3.2K 147 3
                                    

Unicode Version

အခန်း(၁)

"တီ တီ တီ တီ"
ခပ်စူးစူးဖုန်းသံက အနီးကပ်ထွက်လာတာမို့
ခုံလေးမှာထိုင်နေတဲ့ မှူးရဲ့ကိုယ်လုံးလေးက မသိမသာတုန်တက်သွားရသည်။
ဘယ်လိုပဲ အလုပ်အတွေ့အကြုံရှိခဲ့ပါစေ။
အင်တာဗျူးများစွာကြုံတွေ့ခဲ့ဖူးပါစေ။
အခုမှပထမဆုံးကြုံရမည့် ကုမ္ပဏီတစ်ခု၏
အင်တာဗျူးအတွက်တော့
မှူးစိတ်လှုပ်ရှားနေမိပါ၏။
ဒါကြောင့်လည်း ဖုန်းမြည်သံလေးကိုပင်
အလန့်တကြားဖြစ်သွားရခြင်းပါ။
ကွန်ပျူတာရှေ့မှာ ထိုင်ရင်း
အလုပ်လုပ်နေဆဲကောင်လေးတစ်ယောက်က
ထိုင်ရာမှထကာ ဖုန်းကိုကောက်ကိုင်လိုက်၏။

"ဟဲလို ...."

"ဗျာ၊ ေဩာ် ဟုတ်ကဲ့၊ လွှတ်လိုက်မယ်နော်"

ကောင်လေးကဖုန်းကိုပြန်ချပြီးနောက်
အင်တာဗျူးဖြေဖို့ တန်းစီစောင့်ဆိုင်းနေသော
မှူးတို့ဘက်ကိုလှည့်လာသည်။

"ဟိုလေ ဒီထဲမှာမနွယ်မှူးအိမ်ဆိုတာရှိလား?"

သူ့နာမည်ကိုမေးလိုက်သည်မို့ မှူးလည်း
လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ကမမ်းကတမ်း
ဖြေလိုက်သည်။

"ဟုတ်ကဲ့၊ ရှိပါတယ်၊ နွယ်မှူးအိမ်ပါ"

"ဟုတ် အစ်မ၊
အင်တာဗျူးဝင်လို့ရပါပြီနော်၊
အပေါ်ထပ်က meeting ခန်းထဲကိုသွားပေးပါ"

"Meeting ခန်းဆိုတာက?"

မှူးက ဇဝေဇဝါပုံလေးဖြင့်မေးမိတော့

"ေဩာ်၊ ဟုတ် meeting ခန်းကလေ
အပေါ်ထပ်ကိုတက်သွားရင်
ဘယ်ဘက်ကိုချိုးလိုက်ပါ
ပထမဆုံးတွေ့ရတဲ့အခန်းပါ"

"ဟုတ်ကဲ့၊ ကျေးဇူးပါ"

မှူးလည်း ကျေးဇူးတင်စကားဆိုပြီး
ကောင်လေးလမ်းညွှန်ပေးတဲ့အတိုင်း
အပေါ်ထပ်ကိုတက်လာခဲ့သည်။
စိတ်တွေလည်း တကယ်ကိုလှုပ်ရှားနေပြီး
လက်ဖျားတွေပင် အေးချင်သလိုဖြစ်လာသည်။

"နွယ်မှူးအိမ်
သူတို့နင့်ကိုသဘောကျပါ့မလားလို့
စဉ်းစားမနေနဲ့၊ နင်စဉ်းစားရမှာက
သူတို့နင့်ကိုသဘောကျအောင်
ဘယ်လိုအကောင်းဆုံးလုပ်ပြရမလဲဆိုတာပဲ"

My HellWhere stories live. Discover now