အခန်း(၁၀) unicode

1.2K 73 10
                                    

Unicode သမားတွေ ဖတ်ရအဆင်ပြေစေချင်လို့ပါ

Friendzone !!!

"မိရွှန်း !"

လက်လှမ်းပြနေသောအငယ်မကို
ဝတ်ရည် လှမ်းအော်ခေါ်လိုက်သည်။
ုပြီးတော့ သူတို့အတွဲရှိရာဦးတည်သွားရင်း
ဘေးက ကလေးမကိုလှည့်ရှင်းပြမိ၏။

"အငယ်မလေ ရွှန်းရွှန်းတဲ့
အစက အလတ်မပါလိုက်လာမလို့ပဲ
သင်တန်းကအချိန်ပိုခေါ်လို့ ကျန်ခဲ့တာ"

ကိုယ်ကသာ တရစပ်ပြောနေရသည်။
ဘေးက မှူးထံမှအသံက
နည်းနည်းတောင်မထွက်လာ။
ပြောသမျှကိုသာခေါင်းတညိတ်ညိတ်နှင့်
ကိုယ်ဆွဲခေါ်ရာနောက်
ကန့်လန့်ကန့်လန့်ပါလာတာ။

("ဟင်း! တုံဏှိဘာဝေနဲ့
ငါတော့ အဖော်ခေါ်တာလူရွေးမှားပြီထင်")

စိတ်ထဲကအတွေးပါ။

"မဝတ်ရည် နောက်ကျလိုက်တာ
သမီးတို့က ဝင်တောင်ဝင်တော့မလို့
လက်မှတ်ပေးဖို့ရှိလို့သာ စောင့်နေတာ"

မိရွှန်းက အနားရောက်မဆိုက်
အပြစ်တင်သလိုပြော၏။

"ဟဲ့! ငါတို့ကနင်တို့လို
ထွက်ချင်တိုင်းထွက်လာလို့ရတာမဟုတ်ဘူး
ရုံးဆင်းချိန်မှ ထွက်လို့ရတာ
ကဲ! ဘယ်မလဲ? လက်မှတ်ပေး"

အငယ်မထုတ်ပေးတဲ့လက်မှတ်ကို
ယူပြီးတော့ သူတို့ကရုံထဲဝင်သွားတော့
ကိုယ်နဲ့မှူး(၂)ယောက်သာ ကျန်သည်။

"မုန့်ဝယ်ရအောင်
မှူး ညီမလေး ဘာမုန့်စားမလဲ?"

"ညီမက ရုပ်ရှင်ကြည့်ရင်း
မုန့်စားလေ့စားထသိပ်မရှိဘူး အစ်မ
ရုပ်ရှင်အရသာပျက်လို့"

"အမ်မ်မ် ... မယ့်"

ကလေးမက ရုပ်ရှင်အရသာပျက်လို့ဟု
ပြောလိုက်တဲ့အပေါ်မှာ
ရယ်ချင်သွားပြီး
ဒီလို အသံပြုလိုက်မိတာပါ။
(လူလေးကသေးသေးနဲ့
လေလုံးကအကြီးကြီး
ဟာရီကိန်းမုန်တိုင်းလောက်ရှိတယ်)

ထပ်ပြီး ကလေးမနဲ့ပတ်သက်တဲ့
မှတ်ချက်ပြုမိခြင်း။

"အစ်မကတော့ စားတယ်ကွာ
ဒီတော့ မစားလည်းမုန့်ရွေးပေး အိုကေ?"

ဝတ်ရည်က ခုမှအလုပ်ဆင်းတာ မကြာသေးသော
ဝန်ထမ်းအသစ်လေးဆိုတာမေ့ပြီး
သူ့အကျင့်အတိုင်း
ခပ်မူမူ ခပ်ချွဲချွဲ
ကလေးဆန်ဆန်ပြောလိုက်မိသည်။
ကလေးမက ရုတ်တရက်
မှင်သက်မိသလိုဖြစ်သွားပြီးမှ
မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာ

My HellWhere stories live. Discover now