Unicode Version
အခန်း(၁၃)
"လက်ချာ"
"ဒေါက် ဒေါက်"
Meeting ခန်းတံခါးကို
အသာခေါက်လိုက်ပြီး
တံခါးလက်ကိုင်ဘုကို လှည့်ဖွင့်လိုက်သည်။"လာ ဝတ်ရည်
ရွှေစင်ရောပဲ လာ .. ထိုင်"(၂)ယောက်သားကတော့ ခပ်လန့်လန့်နဲ့ပဲ
ကိုမိုက်ကယ်ညွှန်ပြရာခုံတွေမှာ
ဝင်ထိုင်လိုက်ကြသည်။ကိုမိုက်ကယ်က ဝတ်ရည်တို့နှစ်ယောက်ကို
ထိုင်ခိုင်းထားပြီး ချက်ချင်းစကားမပြောအားဘဲ
သူ့ရှေ့က laptop ကိုသည်းကြီးမည်းကြီး
ကြည့်ကာ အလုပ်ရှုပ်နေသေး၏။
ပြီးမှ laptop ပေါ်ကရော
သူတပ်ထားတဲ့မျက်မှန်ပေါ်ကရော
ကျော်ပြီး
ဝတ်ရည်နှင့်ရွှေစင်တို့ကို လှမ်းကြည့်သည်။
(အောင်မယ်လေးနော်!
အဲဒီအကြည့်တွေ ကျောချမ်းတာပါဆို😬)"အမ်းး !! ညီမ ဝတ်ရည်"
"ဟုတ်ကဲ့ အစ်ကို"
"Localization က project တွေ
အခြေအနေဘယ်လိုရှိလဲ?"(Localization = နိုင်ငံခြားကြော်ငြာများ၊
ရုပ်ရှင်များ၊ ဒရာမာများကို မြန်မာမှုပြု၍
အသံသွင်းခြင်း။
ဥပမာ _ မြန်မာနောက်ခံစကားပြောနှင့်
နိုင်ငံခြားဇာတ်ကားများ)"ပုံမှန်ပဲလေ အစ်ကို"
"ဟုတ်လား? ပုံမှန်ပဲလား?
ကိုယ်တော့ ပုံမှန်ထက်နည်းနေတယ်လို့
ထင်တာပဲ""အဲဒါက ဒီအချိန်ဆို localization က
project နည်းတတ်တာပုံမှန်ပဲလေ
အစ်ကိုရဲ့""Client ဘက်ကိုရော
သေချာ follow up လိုက်ကြလား?""ဟုတ် လိုက်တယ်လေ
Client ကသူတို့ဆီမှာ
ပိတ်ရက်ရှည်ဖြစ်နေလို့
ဖွင့်မှ ပြန်ဆက်သွယ်မယ်ပြောထားတာပဲ""Follow up က ဘယ်သူလိုက်လဲ?
ညီမလား?"ကြည့်! ရစ်လို့ရယ်မပြီးနိုင်ဖြစ်နေပြီ။
"ဟုတ် အစ်ကို
ညီမ Mail နဲ့လည်းလိုက်တယ်
Whatsapp ကလည်းလိုက်တယ်
သူများပိတ်ရက်မှာ
အလုပ်ကိစ္စ follow up လိုက်လွန်းလို့
ကြာရင် ညီမလည်း blacklist ထဲ
ရောက်တော့မယ်"
YOU ARE READING
My Hell
RomanceUnicode Version ဖွင့်ဟပြမှ အချစ်လား? နာကျင်ရမယ်မှန်းသိလျက်နဲ့ အဲဒီအချစ်တစ်ခုကို လုံးဝလွှတ်မချခဲ့ဘဲ အဆုံးထိဆက်ချစ်နေနိုင်လား? သူနဲ့ပတ်သက်ပြီး ရရှိခဲ့သမျှကြေကွဲထိရှမှု အစိတ်အပိုင်းသေးသေးလေးကအစ တယုတယ သိမ်းဆည်းထားနိုင်လား? ဒီ Fic လေးမှာတော့ ...... =====...