Part 23(Uni+Zawgyi)

3.3K 199 61
                                    

Unicode Version

"တစ်ခါတ​လေကျ ငါအရမ်းပင်ပန်းတယ်
မိုးမခ
ရပ်လိုက်​တော့မယ်လို့ခဏခဏစဥ်းစားမိတဲ့
အထိပဲ"

"ပင်ပန်းတယ်?"

"အင်း ... စိတ်​ရော .. လူ​ရောပဲ
ဆိုင်သူရှိပြီးတဲ့လူကို တွယ်တာရတယ်ဆိုတာ
ဘယ်​လောက်ထိပင်ပန်းတယ်ဆိုတာ
နင်ခန့်မှန်းမိမယ်ထင်ပါတယ်"

"ငါ​မေးမယ်​နော် စိတ်​တော့မဆိုးနဲ့ဟာ
ဒါ​ပေမဲ့ ​သေချာ​ပေါက်​မေးရမှာမို့"

"မလိုပါဘူး နင့်ကိုငါစိတ်ဆိုးတယ်လို့
မရှိသ​လောက်ပဲဟာ ​မေးကြည့်​လေ"

"တကယ်လို့ မမ ... အင်း  ..သူ ..
သူအိမ်​ထောင်ပြုသွားရင်
နင်ဘယ်လို​နေမလဲ?"

မိုးမခရဲ့​မေးခွန်းအဆုံးမှာ
မှူးတစ်ခဏ ဘာမှပြန်မ​ဖြေနိုင်ဘဲ
ငြိမ်သက်သွားခဲ့သည်။
လူကတည်တည်ငြိမ်ငြိမ်ထိုင်​နေ​ပေမယ့်
နားသယ်စပ်နှင့် ဆံစပ်နဖူးပြင်မှာ
စို့ထွက်လာ​သော​ချွေးများ၊
​အေးစက်လာ​သော​ခြေဖျားလက်ဖျား။
သို့​ပေမယ့် အ​မေးရှိလျှင်​တော့
အ​ဖြေရှိရ​ပေမည်။
တံ​တွေးကိုအသာမျိုချ၊
လည်​ချောင်းတစ်ချက်ရှင်းလိုက်ပြီးမှ

"ငါအဲဒီ​မေးခွန်းကို ငါ့ကိုယ်ငါ
ခဏခဏ​​မေးဖူးတယ်
အ​ဖြေ ၂ ခုရှိတယ်
ဒါ​ပေမဲ့ အဲဒီအ​ဖြေ ၂ ခုက
တစ်ခုမဟုတ် တစ်ခုဖြစ်မယ်ဆိုတာမျိုး
မဟုတ်ဘူး
၂ ခုစလုံးဖြစ်မှာ"

"၂ ခုစလုံး?"

"အင်း ... ပထမတစ်ခုက
ငါသူ့မင်္ဂလာပွဲကို​​သေချာ​ပေါက်သွားမယ်
သူ့အပြုံး​တွေကို ကြည့်မယ်
အလွတ်ရတဲ့အထိကြည့်မှာ
မိန်းက​​လေး​တွေက သူတို့ချစ်တဲ့သူနဲ့
တစ်ဘဝစာလက်တွဲဖို့ လက်ထပ်ရတဲ့အချိန်မှာ
အ​ပျော်ဆုံးပဲ​လေ
ပြီး​တော့ သူတို့ချစ်တဲ့သူရဲ့လက်ကို
တွဲထားရချိန်မှာ အပြုံး​တွေကအလှဆုံးတဲ့
အဲဒါကို ငါ​သေချာ​​ပေါက်သွားကြည့်မှာ
ပြီး​တော့ ဂုဏ်ပြုစကား​ပြော​ပေးမှာ
သူက က​လေး​လေး​တွေချစ်တတ်တယ်
သူချစ်တဲ့လူနဲ့ က​လေး​လေး​တွေနဲ့
သူလိုချင်တဲ့မိသားစုဘဝ​လေးအတွက်
ငါ .. ဂုဏ်ပြု​ပေးမှာ"

You've reached the end of published parts.

⏰ Last updated: Jul 07, 2020 ⏰

Add this story to your Library to get notified about new parts!

My HellWhere stories live. Discover now