Unicode Version
မှူးနဲ့ မမကြားမှာရှိတဲ့ဆက်ဆံရေးက
သာမန်လုပ်ဖော်ကိုင်ဖက်ထက်ပိုပြီး
တကယ့်ဘော်ဒါရင်းတွေလို
ပြောမနာဆိုမနာဆက်ဆံရေးလို့
ပြောရမည်။
တော်ရုံစနောက်လို့ ဘာမှမဖြစ်သွား။
အရယ်အပြုံးမပျက်ကြ။ဒါကလည်း အမြဲတမ်းအတွက်တော့
မမှန်ပါ။
မှတ်မှတ်ရရ မှူးကိုမမစိတ်ကောက်ခဲ့တဲ့
နေ့တစ်နေ့။အဲဒီနေ့ညနေက ရုံးဆင်းချိန်။
မှူးနဲ့မမ ရုံးရှေ့မှာရပ်ပြီး
ခဏစကားပြောနေတုန်း
မမဆီဖုန်းဝင်လာသည်။"ဟယ်လို .. အေး .. ပြော"
"..."
"ဟာ! နင်ကလည်း .."
"..."
"ဒီအချိန်မှဝယ်ပြီးသားလက်မှတ်ကလည်း
Refund ပြန်ရမှာမဟုတ်တော့ဘူး
နင်က စောစောစီးစီးမပြောဘူး""....."
"ဟဲ့! နင်ပိုက်ဆံပြန်ပေးတာကပေးတာပဲ
End Game လက်မှတ်ရဖို့က
ဘယ်လောက်ခက်လဲ?
အဲဒါကြီး အလကားဖြစ်သွားမှာ
နှမြောစရာကြီးဟ""...."
"အေးပါ .. ပြီးရော .. ဒါပဲ .. ဒါပဲ"
ဖုန်းပြောပြီးနောက်
မမက သူ့ဆံပင်ရှည်တွေကို
လက်နဲ့အသာထိုးဖွကာ
နောက်ကို သပ်တင်လိုက်ပြီး
မှူးဘက်လှည့်လာခဲ့သည်။"နင် Avengers ကြည့်ချင်လား?
End Game လေ"မှူးဘာပြန်ပြောရမှန်းမသိ။
မှူးက စူပါဟီးရိုးကားတွေကို
ကြည့်လေ့ကြည့်ထရှိသူမဟုတ်။
ပြီးတော့ Avengers End Game က
ရှေ့ကထွက်ခဲ့တဲ့ကားမှန်သမျှ
မလွတ်တမ်းကြည့်တဲ့
Marvel Fan တွေမှကြည့်လို့အဆင်ပြေမယ့်
ရုပ်ရှင်မျိုး။
မှူးက Marvel ကားတွေ
တစ်ကား နှစ်ကားလောက်အပြင်
ပိုကြည့်ဖူးသူမဟုတ်တော့
အင်း ..... အရမ်းတွေအဆက်အစပ်မိမှာပဲ။ကိုယ့်အခက်အခဲကို မမကိုပြောပြတော့
"ရတယ် .. ငါက Marvel Fan ဟဲ့
နင့်ကိုငါအကုန်ရှင်းပြမယ်
လိုက်သာကြည့်""ဖြစ်ပါ့မလား"
မှူးကခေါင်းတကုတ်ကုတ်။
YOU ARE READING
My Hell
RomanceUnicode Version ဖွင့်ဟပြမှ အချစ်လား? နာကျင်ရမယ်မှန်းသိလျက်နဲ့ အဲဒီအချစ်တစ်ခုကို လုံးဝလွှတ်မချခဲ့ဘဲ အဆုံးထိဆက်ချစ်နေနိုင်လား? သူနဲ့ပတ်သက်ပြီး ရရှိခဲ့သမျှကြေကွဲထိရှမှု အစိတ်အပိုင်းသေးသေးလေးကအစ တယုတယ သိမ်းဆည်းထားနိုင်လား? ဒီ Fic လေးမှာတော့ ...... =====...