Part 11 Unicode+Zawgyi

1.3K 136 17
                                    

အခန်း(၁၁)
Unicode Version

Zawgyi နဲ့လည်း ထပ်တင်​ပေးပါ့မယ်​နော်။
​လောဆယ် သာသာက unicode
ပြောင်းထားတာမို့ uni နဲ့
အရင်တင်ပါရ​စေ​။

"ကဲ! မနက်စာဘာစားမလဲ?"

"အဲ့ ..😬"

မှူး ဖင်ကုတ်​ခေါင်းကုတ်နဲ့
အင်း အဲလုပ်​နေသည်ကို
မမက စိတ်ရှည်​တော့ဟန်မတူ။

"အံမယ်​လေး! မယ်မင်းကြီးမရယ်
​ဖြေ​တော်မူပါဟဲ့
နင်​ဖြေမှငါက စီစဥ်​ပေးလို့ရမှာ​လေ"

မမအိမ်လိုက်အိပ်ပြီး ​နောက်​နေ့မနက်
HR မမ အိမ်မှာ ဒီလိုဆူဆူညံညံအသံ​တွေ
ထွက်​နေတာပါ။

မှူးကလည်း အစကတည်းက
အားနာတတ်လွန်းသူမို့
ခုမှ​ရောက်ဖူးတဲ့ သူများအိမ်မှာ
ဘာစားမယ် ညာစားမယ်
ဘယ်လို​ပြောရဲပါ့မည်နည်း။

မှူးအခက်အခဲကို
ဝင်​ဖြေရှင်း​ပေးသူက
မမဝတ်ရည်၏ မာတာမိခင်ပါ​ပေ။

"​ဪ ဝတ်ရည်ရယ်
ဧည့်သည်က​တော့ ဘာစားမယ်လို့
ဘယ်​ပြောရဲပါ့မလဲ
နင်က အိမ်မှာရှိတာ​တွေနဲ့
ဒီနားတဝိုက် ဝယ်လို့ရတာ​တွေ​ပြောပြလိုက်"

"အို​ကေ!
အိမ်မှာ​တော့ Bread Talk ကဝယ်ထားတဲ့
​ပေါင်မုန့်ရှိ​သေးတယ်
​ကော်ဖီ​သောက်ချင်ရင် ​ဖျော်​ပေးလို့ရတယ်
​စျေးမှာ​တော့ ...##****××++÷÷"

မှူးနားထဲမှာ မမဝတ်ရည်​ပြော​နေတာ​တွေကို
မကြားတစ်ချက် ကြားတစ်ချက်။
လက်ရှိ သူအာရုံဝင်စား​နေတာက
မမဝတ်ရည်ရဲ့ အိပ်ရာထအလှကိုပဲ 😬။

"မိန်းမတစ်​​ယောက်တကယ်လှမလှ
သိချင်ရင် အိပ်ရာထစ
ဘာမှမပြင်ဆင်ရ​သေးခင် ကြည့်" တဲ့။

မှူးက အမြဲလိုလို ရုံးမှာမိတ်ကပ်​တွေ၊
နှုတ်ခမ်းနီ​​​တွေနဲ့
ဆေးဆိုးပန်းရိုက်ဝတ်ရည်ကိုသာ
မြင်​နေကျခဲ့တာ​လေ။
ခုလို အိပ်ရာထ မျက်နှာသစ်ပြီးကာစ
ဘာမှမလိမ်းခြယ်ရ​သေးတဲ့
​မျက်နှာ​ပြောင်​​လေးနဲ့
​အော်ရဂျင်နယ်ဝတ်ရည်ကိုမြင်ရတာ
သူ့အတွက်တကယ်အထူးအဆန်းဖြစ်​နေသည်။

"​​ဒေါ်နွယ်မှူးအိမ်"

မှူးတစ်​ယောက်ဘယ်​လောက်များ​ငမ်း
အယ်​လေ
​ငေး​​ကောင်း​နေလဲ​​တော့မသိ။
တစ်ခါ​ခေါ်လည်းမကြား
အခါခါ​ခေါ်လည်း အာရုံမရတာမို့
ဟိုကစိတ်တိုတိုနှင့် ကုန်း​အော်​တော့မှ

My HellWhere stories live. Discover now