မှူးကို မမစိတ်ကောက်နေပြီး
နောက်တစ်ရက်က ပိတ်ရက်ဖြစ်ပါသည်။
မမက ကော်ဖီကြိုက်တာမို့
Facebook မှာ ရှာတွေ့ထားတဲ့
ကော်ဖီဆိုင်ခပ်မိုက်မိုက်လေးတစ်ခုဆီ
ခေါ်သွား ကော်ဖီတိုက်ပြီး
ပြန်ချော့မယ်လို့ မှူးတွေးထားသည်။သို့သော်လည်းတဲ့ ......။
နေ့လယ်ဘက် ထမင်းဆင်းစားရင်း
မမဆီကိုဖုန်းဆက်ကြည့်တော့
ဖုန်းကလုံးဝဆက်မရ။"ဘာလဲဟ!
ငါ့ကို blacklist ထဲထည့်ထားတာလား?"ထူးတော့ထူးဆန်းသည်။
မမဆီမှာမရှိလောက်ဘူးထင်ရတဲ့
နောက်ဖုန်းနံပါတ်တစ်ခုနဲ့ဆက်တော့လည်း
ထိုနည်းလည်းကောင်းသာ ဖြစ်နေသည်။နောက်ဆုံးမှာတော့
မမနဲ့ အဆက်အသွယ်ရဖို့
မှူး တော်ရုံအသုံးမပြုတတ်တဲ့ app တစ်ခုကို
လက်ကအလိုလိုနှိပ်ပြီးသား
ဖြစ်နေပါတော့သည်။******************************
နာမည်ကြီး Studio တစ်ခုအတွင်း။"မဝတ်ရည် ကိုခွန်လတ်က ready ပဲတဲ့
ကျွန်တော်တို့ စဖမ်းတော့မယ်နော်"Audio Engineer (အသံဖမ်းအင်ဂျင်နီယာ)
ရာဇာကလာပြောသည်မို့ သူမကြည့်လက်စ
ဖုန်းကိုချလိုက်ပြီး ...."အိုကေ ... ဒါနဲ့
ကိုခွန်လတ်ကဘယ်နေရာကပြောမှာလဲ?
ဒီတစ်ခါ Character ခွဲတာ
(ဇာတ်လမ်းထဲမှ ဇာတ်ကောင်နှင့်
အသံလိုက်ဖက်မည့်သူကိုရွေးချယ်ခြင်း)
ကျွန်မမဟုတ်ဘူး ရွှေစင်ခွဲတာလေ
အာ့ကြောင့်မေးတာ ""စစ်သူကြီးနေရာက မဝတ်ရည်"
"အဟင်းဟင်း .. အစ်ကိုရပါ့မလား?
ဟိုနေ့ကပြောတော့ အသံနာနေတယ်ဆို
အခုသွင်းမှာအပိုင်း ၁၉ လေ
အပိုင်း ၁၉ က
ကျွန်မ script ကြိုဖတ်ရသလောက်တော့
စစ်တိုက်ခန်းတွေပါတယ်နော်
အစ်ကိုအသားကုန်အော်ရမှာ ""ဟာ .. ရပါတယ် မဝတ်ရည်ရဲ့
ကျွန်တော်လည်းသက်သာနေပါပြီ
ဒီလောက်တော့အော်လို့ရပါတယ်""ရရင်လည်းပြီးရော အစ်ကို
တော်ကြာနော် အသံနာသွားမှ
နောက်အပိုင်းတွေကျ
ကျွန်မတို့ဒုက္ခရောက်နေမယ်"
YOU ARE READING
My Hell
RomansaUnicode Version ဖွင့်ဟပြမှ အချစ်လား? နာကျင်ရမယ်မှန်းသိလျက်နဲ့ အဲဒီအချစ်တစ်ခုကို လုံးဝလွှတ်မချခဲ့ဘဲ အဆုံးထိဆက်ချစ်နေနိုင်လား? သူနဲ့ပတ်သက်ပြီး ရရှိခဲ့သမျှကြေကွဲထိရှမှု အစိတ်အပိုင်းသေးသေးလေးကအစ တယုတယ သိမ်းဆည်းထားနိုင်လား? ဒီ Fic လေးမှာတော့ ...... =====...