Part 19(Uni+Zawgyi)

1.1K 132 33
                                    

Unicode Version

အ​ဆောင်​နေရင်းအလုပ်လုပ်​သူအများစုလိုပဲ
မှူးလည်း စားဖို့​သောက်ဖို့ကိစ္စအတွက်
ဖွယ်ဖွယ်ရာရာချက်ပြုတ်စားဖို့
စဥ်းစားမ​နေနိုင်အား။
ကား​ပေါ်နှင့်လမ်း​ပေါ်မှာတင်
ဘဝရဲ့သက်တမ်းအများစုကုန်ဆုံးရ​​သော
ရန်ကုန်မြို့ပြရဲ့ လူ​နေမှုပုံစံမှာ
မှူးအတွက် အချိန်ကရှားပါးလွန်းသည်။
ဒီ​တော့ မနက်စာ၊ ​နေ့လယ်စာ၊ ညစာ
(၃)နပ်​သော အာဟာရကို
အပြင်မှာ၊ ဆိုင်တစ်ဆိုင်ဆိုင်မှာ
ပြီးလိုက်ရတာများ၏။
ရံဖန်ရံခါ​တော့ အိမ်ပြန်​ရောက်လို့
​နောက်​ဖေးခန်းဝင်၊ အိုးခွက်​တွေကို
လှန်​လှောလိုက်ရုံ​လေးဖြင့်
စားစရာ ​သောက်စရာ အဆင်သင့်
မပူမပင်​နေရသည့်
ဇာတိနယ်မြို့​လေးက
အိမ်​လေးကို
သတိရစိတ်ဖြစ်မိတာမျိုးလည်း ရှိ၏။
သို့တိုင်​အောင်

"​ဟေး!
ဒါကနင်ကိုယ်တိုင်​ရွေးချယ်ခဲ့တဲ့လမ်း​ပဲ မှူး
ဘာ​တွေများ​နောင်တရ​နေရတာလဲ"

ဟု ကိုယ့်စိတ်ကိုယ်ပြန်သတိ​ပေးကာ
ဝင်လာ​သော အားငယ်စိတ်ကို
ကြိတ်​ဖျောက်မိစမြဲ။

ယခုလည်း ရုံးအပြန် ကား​ပေါ်မှအဆင်း
ထုံးစံအတိုင်း ညစာစား​နေကျဆိုင်​လေးဆီသို့
ဦးတည်လာခဲ့သည်။
ပူပြင်းလွန်းတဲ့ ရန်ကုန်ရဲ့​နွေညများမှာ
စားချင်​သောက်ချင်စိတ်လည်းသိပ်မရှိလှ။

"ဒီ​နေ့ Special Menu ဘာရှိလဲ?
ဖြိုး​ဇော်ကို"

ညတိုင်းနီးပါး စား​နေကျဖြစ်တာ​ကြောင့်
ဆိုင်က​​​ကောင်​လေးနှင့်ပင်
မှူးရင်းနှီး​နေ​လေပြီ။
ရွယ်တူချင်းလည်းဖြစ်​တော့
​ဘော်ဒါ​တွေလိုပဲ ရင်းနှီးပြီး
စ​နောက်​နေကျလည်း ဖြစ်သည်။
ခုန​ပြောသည့်

"ဒီည ဘာ special menu ရှိလဲ?"ဆိုတာက
ဆိုင်ကိုဝင်တိုင်း မှူး​မေး​​လေ့ရှိ​​သော​မေးခွန်း။
ပြီး​တော့ ​ကောင်​လေးပြန်မ​ဖြေခင်
ကိုယ့်ဘာသာ မှန်​ဘောင်​နောက်က
အစီအရီခင်းကျင်းထားတဲ့ဟင်းပွဲ​တွေကို
​လေ့လာစမြဲ။
ဒီည​တော့ ခင်းကျင်းထားတဲ့အထဲမှာ
မှူးစိတ်ကိုဆွဲ​ဆောင်နိုင်သည့်ဟင်းပွဲမျိုးမ​တွေ့။
အစကတည်းကလည်း
စား​ချင်စိတ်မရှိလှသည်မို့

My HellWhere stories live. Discover now